happy mother giving daughter piggyback ride in beach
Collapse All
Expand All

သားဥအိမ်ကင်ဆာသည် သားဥအိမ်များ၏ မတူညီသော အစိတ်အပိုင်းများမှ ဖြစ်လာသော ကင်ဆာဖြစ်နိုင်သော အဖုအကျိတ်ကို ဆိုလိုပါသည်။ သားဥအိမ်များသည် သ‌န္ဓေသားလောင်းဥများကို ထုတ်ပေးသော အမျိုးသမီး မျိုးပွားအဂႅါ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ သားဥအိမ်ကင်ဆာအများစုကို သားဥအိမ် မျက်နှာပြင် " epithelium " မှ ဖြစ်လာသော ကင်ဆာ နှင့် “epithelial” ဖြစ်လာသောကင်ဆာဟု ခွဲခြားထားပါသည်။ အခြားအမျိုးအစားများကို သားလောင်းဥဆဲလ်များ မှ ဖြစ်လာသော (germ cell tumour)ကင်ဆာနှင့် ထောက်ပံ့ပေးသောဆဲလ်များမှ ဖြစ်လာသော (sex cord/stromal) ကင်ဆာဟူ၍ ခွဲခြားထားပါသည်။

illustration showing the anatomy of an uterus

သားဥအိမ်ကင်ဆာနှင့် ဆက်စပ်နေသော ဖြစ်နိုင်ချေများမှာ -

  • အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်း
  • ဓမ္မတာစောစီးစွာ လာခြင်း
  • ဘယ်သောအခါမှ ကလေးမရှိခြင်း
  • ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း
  • မျိုးရိုးဗီဇဆိုင်ရာ
  • Endometriosis လို့ခေါ်သောသားအိမ်ရောဂါ

သားဥအိမ်ကင်ဆာသည် မိသားစုများတွင် ဖြစ်ထားသည်ဟု သိလျှင် မိသားစုများထဲတွင် သားဥအိမ် ၊ ရင်သားနှင့် သားအိမ်ကင်ဆာများ ဖြစ်ထားခြင်း (BRCA မျိုးရိုးဗီဇ ပုံမမှန်ခြင်း ) ဖြစ်နိုင်ချေများခြင်း ( သို့ ) သားအိမ်ကင်ဆာ ၊ အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ အပြင် သားအိမ်ကင်ဆာ ဖြစ်နိုင်ချေများပါသည်။ အမေ ( သို့ ) အမတွင် သားအိမ်ကင်ဆာဖြစ်ထားသော အမျိုးသမီးများတွင် သားအိမ်ကင်ဆာဖြစ်နိုင်ချေ သည် အဆ(၂၀)များပါသည်။ သားအိမ်ကင်ဆာသည် ရင်သားနှင့် အူမကြီးကင်ဆာများ ဖြစ်ဖူးသော မိသားစုများတွင် လည်း ဖြစ်နိုင်ပါသည်။ ထိုမျိုးရိုးဗီဇများသည် ၎င်းရောဂါများကို ဖြစ်စေနိုင်သော သက်သေများရှိနေပါသည်။

အဆင့်စောသော သားဥအိမ်ကင်ဆာများသည် ရောဂါလက္ခဏာများ ရှားပါသည်။ အဆင့်နောက်ကျမှသာ ရောဂါလက္ခဏာများ ပေါ်လာပါသည်။

၎င်း ရောဂါလက္ခဏာများတွင် -

  • ဝမ်းဗိုက်ဖောင်းခြင်း နှင့် မအီမသာဖြစ်ခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • တောက်လျှောက် အစာမကြေဖြစ်ခြင်း ၊ ဗိုက်ထဲတွင် လေများခြင်း ( သို့ ) ပျို့ချင် ၊ အန်ချင် ဖြစ်ခြင်း
  • ဝမ်းသွားသော အလေ့အထပြောင်းလဲခြင်း - ဥပမာ ဝမ်းချုပ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ခါးနာခြင်း

အာထရာဆောင်း

Transvaginal Ultrasound အာထရာဆောင်းစက်လေးကို မွေးလမ်းကြောင်းထဲသို့ ထည့်၍ ရိုက်ကြည့်ရပေမည်။ ( သို့ ) အပြင်ဘက်ကနေလည်း အာထရာဆောင်း ရိုက်ရပေမည်။ အာထရာဆောင်းစက်လေးကို သင့် အစာအိမ်နောက်တွင် ထား၍ သားဥအိမ် ၏ အရွယ်အစား ၊ ပုံသဏ္ဍန် သာမက အရည်အိတ်ရှိမရှိကိုပါ ကြည့်ရ‌ပေမည်။

CA 125 သွေးစစ်ခြင်း

သားဥအိမ်ကင်ဆာဆဲလ်များနှင့် အချို့သော ကျန်းမာသော တစ်သျှူးများတွင် CA 125 အသားဓာတ်ကို တွေ့ရပါသည်။ Epithelial သားဥအိမ်ကင်ဆာလူနာများ၏ (၈၀) ရာခိုင်နှုန်းသည် CA125 တက်ပါသည်။ သို့သော် Endometriosis သားအိမ်ရောဂါနှင့် အူအတက်ယောင်ခြင်းကဲ့သို့သော ကင်ဆာမဟုတ်သော အခြေအနေများတွင်လည်း CA125 တက်တတ်သဖြင့် သားအိမ်ကင်ဆာဟု‌ ရောဂါနာမည်တပ်ရလောက်အောင် လုံလောက်သော တိကျသော အချက်တော့မဟုတ်ပေ။

PET Scan / CT Scan

ဝမ်းဗိုက်ပိုင်း ၊ ရင်ခေါင်းနှင့် တင်ပဆုံခွေ တို့၏ ပုံရိပ်များသည် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ကင်ဆာ လက္ခဏာများကို ရှာဖွေရာတွင် ကူညီပေးပါသည်။

ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

အဆုတ်ကဲ့သို့သော နေရာများတွင် ရောဂါရှာဖွေရာတွင် သုံးပါသည်။

အသားစယူခြင်း ( သို့ ) ခွဲစိတ်ခြင်း

ဆဲလ်များသည် သားဥအိမ်များမှ စတင်ဖြစ်လာသလားနှင့် ဆဲလ်များသည် ကင်ဆာဖြစ်နေသလား သိရှိစေရန် လိုအပ်ပါသည်။

table showing 4 stages of ovarian cancer

ကင်ဆာ၏ အမှန်တကယ်ရောက်နေသော အတိုင်းအတာကို သိရှိဆုံးဖြတ်နိုင်ရန် ခွဲစိတ်ပြီး ဖော်ထုတ်ခြင်း ( သို့ ) အဆင့်သတ်မှတ်ခြင်းသည် လိုအပ်ပါသည်။ ပြုလုပ်နေစဥ်အတွင်း ဝမ်းဗိုက်အတွင်းပိုင်း အမြှေးပါး ကို ဆရာဝန်သည် စမ်းသပ်ပါသည်။ ဝမ်းဗိုက်အတွင်းရှိ အရည်ကို ယူပြီး ဓာတ်ခွဲခန်းတွင် အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးကြည့်ရှုပါသည်။ ကင်ဆာအဆင့်ကို ဆုံးဖြတ်ယုံသာမက ခွဲစိတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကင်ဆာကို တတ်နိုင်သလောက် ဖယ်ထုတ်ရန် ဖြစ်ပါသည်။ သားဥအိမ်များ၊ သားအိမ် နှင့် ဘေးပတ်လည်ရှိ ပြန်ရည်ကြောများကို ဖယ်ထုတ်ခြင်းတို့လည်း တခါတရံပါဝင်ပါသည်။

ခွဲစိတ်ကုသပြီးနောက် နောက်ဆက်တွဲကုသမှုသည် ကင်ဆာအဆင့် ၊ ကင်ဆာအသားစအဆင့် နှင့် ကင်ဆာအမျိုးအစားပေါ် မူတည်ပါသည်။

အရမ်းစောသော ကင်ဆာနှင့် သိပ်မဆိုးသောကင်ဆာအမျိုးအစားများတွင် နောက်ဆက်တွဲကုသမှုများ မလိုအပ်ပါ။ အဆင့်နောက်ကျနေသော ဆိုးသောကင်ဆာအမျိုးအစားများတွင် ကင်ဆာဆေးသွင်းကုသခြင်းသည် အဓိက‌ရွေးချယ်ရမည့် ကုသမှုနည်းလမ်းဖြစ်ပါသည်။

သားဥအိမ်ကင်ဆာ၏ ရောဂါတိုးတက်မှု

အဆင့်စောသော သားဥအိမ်ကင်ဆာသည် လုံးဝအရှင်းပျောက်ကင်းရန် ခက်ခဲသော အဆင့်နောက်ကျသော သားဥအိမ်ကင်ဆာထက် ပျောက်ကင်းနိုင်ချေ ပိုများပါသည်။

canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပတ်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။