surgical-oncology

ခွဲစိတ်ခြင်းသည် ကင်ဆာကုသရာတွင် ကင်ဆာရာဂါရှာဖွေခြင်း ၊ အဆင့်သတ်မှတ်ခြင်း နှင့် ရောဂါလက္ခဏာများကို သက်သာစေရာတွင် အဓိကအသုံးပြုသော ကင်ဆာကုသနည်းလမ်းဖြစ်ပါသည်။ ၎င်းတွင် ခန္ဓာကိုယ်မှ ထင်ရှားရှိသော ကင်ဆာကျိတ်ကို ဖယ်ရှားခြင်းလည်း ပါဝင်ပါသည်။

အချို့ကင်ဆာကျိတ်များအတွက် ကင်ဆာခွဲစိတ်ခြင်းသည် အဓိကအားဖြင့် ကင်ဆာသည် တစ်နေရာတည်းတွင် ရှိနေလျှင် ပျောက်ကင်းအောင် ကုသပေးနိုင်ချေရှိပါသည်။ အချို့သော နေရာများတွင် အခြားသော ကုသမှုနည်းလမ်းများနှင့် ပေါင်းစပ်၍ အဓိကကုသမှုနည်းလမ်းတစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့ ကင်ဆာအထူးကုဆရာဝန်အဖွဲ့သည် ခွဲစိတ်အထူးကုများနှင့် နီးကပ်စွာအလုပ်လုပ်၍ နောက်ကျနေသော ကင်ဆာများအတွက် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာခွဲစိတ်ခြင်း၊ ပြန်လည်တည်ဆောက်ရန် ခွဲစိတ်ခြင်း ၊ အသေးစားခွဲစိတ်မှုနှင့် ထိန်းသိမ်းထားသော ခွဲစိတ်မှုများကို လုပ်ဆောင်ပါသည်။ အသင်းအဖွဲ့တစ်ခုအနေဖြင့် ကျွန်ုပ်တို့လူနာများအတွက် ဤခွဲစိတ်အထူးပြုနေရာများတွင် အရည်အချင်းပြည့်မီစွာ ကုသပေးပါသည်။

ခွဲစိတ်ပြီးနောက်လူနာများအတွက်လည်း ပိုမိုလုံခြုံစွာ နှင့် မြန်မြန်သက်သာစေရန်အတွက် ပြန်လည်သန်စွမ်းရေးနှင့် ထူထောင်စေသော အဖွဲ့များနှင့် ပေါင်း၍ အလုပ်လုပ်ကြပါသည်။ ဤနေရာများတွင် အထူးပြုထားသော ကင်ဆာခွဲစိတ်အထူးကုများ ကျွန်ုပ်တို့တွင် ရှိပါသည်။

  • ရင်သားခွဲစိတ်ခြင်း
  • အစာဟောင်းအိမ်နှင့် အူမကြီးခွဲစိတ်ခြင်း
  • ရင်ခေါင်းခွဲစိတ်ခြင်း
  • ဦးခေါင်းနှင့် လည်ချောင်းခွဲစိတ်ခြင်း
  • အမျိုးသမီးဆိုင်ရာမီးယပ်ခွဲစိတ်ခြင်း
  • အာရုံကြောခွဲစိတ်ခြင်း
  • အရိုးခွဲစိတ်ခြင်း
  • ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ခြင်း
  • အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ခွဲစိတ်ခြင်း
  • ပြန်လည်တည်ဆောက်သော ခွဲစိတ်ခြင်း
  • အထွေထွေခွဲစိတ်ခြင်း