အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ

အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာဆိုသည်မှာ ( အူမကြီး၏ အရှည်ဆုံးအပိုင်းဖြစ်သော ) အူမကြီးအသားစများမှ စတင်ဖြစ်ပေါ်လာသော အူမကြီးကင်ဆာ (သို့ ) စအိုမတိုင်ခင် အူမကြီး၏ အောက်ဆုံးအပိုင်း ) အစာဟောင်းအိမ်မှ စတင် ဖြစ်လာသော ကင်ဆာကို ခေါ်ပါသည်။
အဖြစ်များဆုံးသော ကင်ဆာများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ သတင်းကောင်းကတော့ လွန်ခဲ့သော (၁၅) နှစ်အတွင်း အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာကြောင့် သေဆုံးနှုန်းသည် ကျဆင်းလာပါသည်။ အဘယ်ကြောင့်ဆိုသော် လူအတော်များများသည် ပုံမှန် စစ်ဆေးမှုပြုလုပ်ပြီး အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာများကို စောစီးစွာ တွေ့ရှိနိုင်ပါသည်။ ကုသမှုနည်းလမ်းများလည်း တိုးတက်လာပြီး လူနာများကို ပိုမိုထိရောက်စွာ ကုသနိုင်ပေသည်။ အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာကို စောစီးစွာတွေ့ရှိခြင်းသည် လုံးဝပျောက်ကင်းအောင် ကုသနိုင်စေပါသည်။
အူလမ်းကြောင်းကင်ဆာဖြစ်စေသောအကြောင်းအရာများကိုတိတိကျကျဖော်ပြထားခြင်းမရှိပါဘူး။အများဆုံးကတော့ ရိုးရိုးအသားလုံးအကျိတ်ကနေ (၃) နှစ် ကနေ (၁၀)နှစ် ကြာသောအခါ ကင်ဆာဖြစ်စေနိုင်သော အကျိတ်အဖြစ်ပြောင်းလဲသွားရာကနေ အူမကြီးကင်ဆာ စဖြစ်ပါသည်။

အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာကို ဖြစ်စေသော တိကျသော အကြောင်းအရင်းများကို ဘယ်သူမှ မသိနိုင်ပါ။ သို့သော် ဖြစ်နိုင်ချေ အချက်များကိုတော့ သိနိုင်ပါသည်။ အောက်ပါဖြစ်နိုင်ချေများသည် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာကို ဖြစ်စေနိုင်သည်ဆိုသော လေ့လာချက်များကို တွေ့ရပါသည်။


အစာဟောင်းအိမ်နှင့် အူမကြီး အလုံးများ
အူမကြီး ( သို့ ) အစာဟောင်းအိမ် နံရံအတွင်းတွင် အသားလုံးများ သည် အသက်(၅၀ ) ကျော်တွင် အဖြစ်များပါသည်။ အများစုသော အသားလုံးများသည် ကင်ဆာမဟုတ်သော ရိုးရိုးအသားလုံးများ ဖြစ်ကြသော်လည်း အချိန်ကြာလာသည်နှင့် ဗီဇပြောင်းလဲမှုများကြောင့် အသားလုံးများသည် ကင်ဆာဖြစ်လာနိုင်သည်။
Ulcerative colitis ( သို့ ) Crohn ရောဂါ
အူမကြီးရောင်ခြင်း ( ဥပမာ - Ulcerative colitis or Crohn’s disease ) နှစ်ပေါင်းများစွာ ဖြစ်လာလျှင် ကင်ဆာဖြစ်နိုင်ချေများပါသည်။
ကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း
အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ တစ်ကြိမ်ဖြစ်ဖူးလျှင် နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပါသည်။ သားဥအိမ် ၊ သားအိမ် ၊ ( သို့ ) ရင်သား ကင်ဆာဖြစ်ဖူးသော ရာဇဝင် ရှိလျှင် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာဖြစ်နိုင်ချေများပါသည်။
မိသားစုတွင် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ ဖြစ်ဖူးသူရှိခြင်း
မိသားစုတွင် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိလျှင် အခြားသူများထက် ကင်ဆာဖြစ်နိုင်ချေများပါသည်။ အထူးသဖြင့် မိသားစုတွင် အသက် ငယ်ငယ်တွင် ဖြစ်ဖူးသူရှိလျှင် ပိုဖြစ်နိုင်ချေများပါသည်။
နေထိုင်စားသောက်မှု ပုံစံများ
ဆေးလိပ်သောက်ခြင်း အဆီများသော အစားအစာများ အစားများခြင်း အသီးအရွက် နှင့် သစ်သီးများ အစားနည်းခြင်းတို့သည် ဖြစ်နိုင်ချေများပါသည်။
အသက်(၅၀) ကျော်လာခြင်း
အသက်ကြီးလာလေလေ ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ (၉၀) ရာခိုင်နှုန်းကျော်သော လူနာများသည် အသက်(၅၀) နှင့် အထက် ဖြစ်ကြတာများပါသည်။
အစာဟောင်းအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတွင် အဖြစ်များဆုံးသော ရောဂါလက္ခဏာသည် ဝမ်းသွားသော အကျင့်ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ ရောဂါလက္ခဏာများတွင် -
- ဝမ်းလမ်းကြောင်းလှုပ်ရှားမှုပြောင်းလဲခြင်း(ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း)။
- ဝမ်းမကုန်သလိုခံစားရခြင်း။
- သွေးစ၊ဝမ်းမည်းမည်းသွားခြင်း။
- ဝမ်းပုံစံပြောင်းလဲခြင်း။
- လေထိုးလေပွ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း။
- ကိုယ်အလေးချိန်သိသိသာသာကျဆင်းလာခြင်း။
- မောပန်းနွယ်ခြင်း။
- ပျို့ချင်အန်ချင်ဖြစ်ခြင်း။စသောလက္ခဏာများတွေ့ရပါတယ်။
တချို့သောလက္ခဏာများသည်ကင်ဆာရောဂါကြောင့်သာမကတခြားသောရောဂါအခြေအနေများတွင်လည်းတွေ့ရတတ်ပါတယ်။အစောပိုင်းတွင်နာကျင်မှုကိုသိပ်မခံစားရတတ်ပါဘူး။ဒါကြောင့်အထက်ပါလက္ခဏာများခံစားရပါကဆရာဝန်နှင့်အမြန်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာအူလမ်းကြောင်းကင်ဆာ(သို့)အကျိတ်ဖြစ်နေလားဆိုတာ စမ်းသပ်စစ်ဆေးချက်များဖြင့်သိရှိနိုင်ပါတယ်။ စောစောစီးစီးရောဂါရှာဖွေခြင်းသည် ကုသရေးအတွက်လွန်စွာ အထောက်အကူပြုပါတယ်။
ဝမ်းစစ်ဆေးခြင်း
တစ်ခါတစ်ရံကင်ဆာ(သို့)အကျိတ်ကြောင့် ဝမ်းထဲတွင်သွေးစသွေးနလေးများ ပါလာတတ်ပါတယ်။ ဂရင်ဂျီနာကြောင့်လည်း သွေးစပါတတ်ပါတယ်။ ဒါကြောင့်ဝမ်းစစ်ဆေးမှုမှာ သွေးပါတယ်လို့ အဖြေထွက်ရင် တခြားသောစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သင့်ပါတယ်။
Sigmoidoscopy
Your doctor examines your rectum and the lower part of the colon with a lighted tube (sigmoidoscope). If polyps (benign growths that may lead to cancer) are found.
Colonoscopy

Your doctor examines your rectum and entire colon using a long, lighted tube (colonoscope). If polyps (benign growths that may lead to cancer) are found, they may be removed.
Double-contrast Barium enema
အစာဟောင်းအိမ်နှင့် အူမကြီးအတွင်းသို့ အဖြူရောင် အရည် ( ဘေရီယမ် ) ထည့်၍ဓာတ်မှန်ရိုက်ခြင်း-အလုံးအကျိတ်ကိုပို၍ရှင်းလင်းစွာတွေ့မြင်နိုင်ပါတယ်။
Virtual colonoscopy
In this test, special X-ray equipment is used to produce pictures of the colon and rectum. A computer assembles these pictures into detailed images that can show polyps and other abnormalities.
သင့်တွင် ရောဂါလက္ခဏာများ ရှိလျှင် ( သို့ ) စစ်ဆေးစမ်းသပ်ချက်များသည် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာဟု သံသယရှိလျှင် ဆရာဝန်သည် ကင်ဆာမှ စတင်ဖြစ်လာသလား ( သို့) အခြားသော ကျန်းမာရေးအခြေအနေများရှိသလား ရှာဖွေရပါမည်။
သင်၏ဆရာဝန်က ရောဂါရာဇဝင်၊ မိသားစုရာဇဝင်မေးမြန်းခြင်းနှင့် စမ်းသပ်ချက်များကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ပုံမှန်မဟုတ်တာတခုခုတွေ့ရှိရပါက အသားစယူ စစ်ဆေးနိုင်ပါတယ်။အသားစကို အဏုကြည့်မှန်ဘီလူးအောက်တွင် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

အသားစအဖြေသည် ကင်ဆာဟု ထွက်လာလျှင် ဆရာဝန်သည် အကောင်းဆုံး ကုသနည်းလမ်းကို ပေးနိုင်ရန် ကင်ဆာသတ်မှတ်အဆင့်ပေါ် သိရန် လိုအပ်ပါသည်။ အကျိတ်သည် အနီးနားရှိ တစ်သျှူးများကို ထိုးဖောက်ဝင်ရောက်ပြီး ကင်ဆာသည် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့မှုအပေါ် အခြေခံပါသည်။
ဆရာဝန်များသည် အောက်ပါအဆင့်များဖြင့် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာကို ဖော်ပြပါသည်။
- Stage 0 : ကင်ဆာဆဲလ်များသည်အူလမ်းကြောင်းနံရံအတွင်းတွင်သာရှိနေခြင်း။ Carcinoma in situ လို့လည်းခေါ်ပါသည်။
- Stage 1 : ကင်ဆာဆဲလ်များသည် အတွင်းနံရံများအထဲမှ ကြီးထွားလျက် အခြားသော အစိတ်အပိုင်းများသို့ ပျံ့နှံ့မှုမရှိနေခြင်း။
- Stage 2 : ကင်ဆာဆဲလ်များသည် အစာဟောင်းအိမ် ( သို့ ) အူမကြီးနံရံဖြတ်ကျော်ပြီး အနီးအနားရှိတစ်သျူးများသို့ ထိုးဖောက်ဝင်ရောက်သွားခြင်းသော်လည်း ပြန်ရည်ကျိတ်များသို့ မပျံ့နှံ့သေးခြင်း။
- Stage 3 : အနီးအနားရှိပြန်ရည်ကျိတ်များသို့ကင်ဆာဆဲလ်များပျံ့နှံ့သွားခြင်း။ ( သို့ ) အခြားအစိတ်အပိုင်းများသို့ မပျံ့နှံ့သေးခြင်း။
- Stage 4 : တခြားသောအစိတ်အပိုင်းများတွင်ပါကင်ဆာဆဲလ်များပျံ့နှံ့မှုရှိနေခြင်း။
- နောက်တစ်ကြိမ် ကင်ဆာပြန်လည်ဖြစ်ခြင်း : ယခင်ကုသမှုပြီးမြောက်သွားသော်လည်း ယခုတဖန်ကင်ဆာဆဲလ်များကို အစာဟောင်းအိမ် ( သို့ ) အူမကြီးအတွင်းတွင် ( သို့ ) အခြားအစိတ်အပိုင်းများတွင် ပြန်လည်တွေ့နေရခြင်း။
ခွဲစိတ်ကုသခြင်း
ကင်ဆာကျိတ်ကို ဖယ်ထုတ်ပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များကိုပါ တစ်ပါတည်းဖယ်ထုတ်ခြင်း ဖြစ်ပါသည်။ ၎င်းကို ဝမ်းဗိုက်တွင် အပေါက်ငယ်လေးမှ တစ်ဆင့် ((keyhole surgery ) ( သို့ ) ဖွင့်ပြီး ခွဲစိတ်ပါသည်။
ဆေးသွင်းကုသခြင်း
သွေးကြောမှတဆင့် ကင်ဆာဆေးများသွင်းပြီးကုသခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေ/ ကျုံ့စေနိုင်ပါသည်။ တစ်ကိုယ်လုံးရှိ ကင်ဆာဆဲလ်များကို အကျိုးသက်ရောက်မှု ရှိပါသည်။ အဆင့်(၄) ကင်ဆာများတွင် ကင်ဆာကို ထိန်းချုပ်ရန် နှင့် တခါတရံ အဆင့်(၂) ကင်ဆာများတွင် ပျောက်ကင်းနိုင်ချေများရန် ခွဲစိတ်ပြီးနောက် ကင်ဆာဆေးသွင်းကြပါသည်။
ပစ်မှတ်ထားကုသခြင်း
တခြားသောအစိတ်အပိုင်းများသို့ ပျံ့နှံ့မှုရှိနေသော ကင်ဆာဆဲလ်များကို ပစ်မှတ်ထားပြီး ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ပစ်မှတ်ထားကုထုံးသည် ကင်ဆာကြီးထွားခြင်းနှင့် ပိုဆိုးလာအောင် လုပ်ပေးသော မော်လီကျူးအတိအကျကို ပိတ်ဆို့တားဆီးခြင်းဖြင့် ကင်ဆာဆဲလ်များကြီးထွားမှု နှင့် ပျံ့နှံ့ခြင်းကို တားဆီးပိတ်ပင်သော အခြားသော ပစ္စည်းများ ( သို့ ) ဆေးများကို အသုံးပြုပါသည်။
ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း
ကင်ဆာဆဲလ်များအမြစ်ပြတ်သေစေနိုင်ရန် တိကျသောနေရာသို့ ဓာတ်ရောင်ခြည်ပေးကုသမှုပေးပါသည် ။ ကုသမှုပေးချင်သော နေရာများသို့သာလျှင် အဓိက သက်ရောက်ပါသည်။ အစာဟောင်းအိမ်ကင်ဆာတွင် အဓိကအသုံးပြုပါသည်။

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။
CanHOPE အနေနဲ့
- ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
- ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
- ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
- ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
- ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
- ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
- ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။
CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။