ဆဲလ်များ ကြီးထွားခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းတွင် တာဝန်ယူလုပ်ဆောင်ပေးသော ဗီဇများတွင် ပြောင်းလဲမှုများ ဖြစ်သောအခါ ကင်ဆာဖြစ်ပေါ်လာပါသည်။ ၎င်းပြောင်းလဲမှုများသည် အပြင်မှ ဖြစ်စေသော အရာများနှင့် ဗီဇလက်ခံပစ္စည်းများကြား အပြန်အလှန်ဆက်သွယ်ခြင်းကနေ ရရှိသော ရလဒ်ဖြစ်ပါသည်။ ၎င်းတို့မှာ -

ရုပ်ပိုင်းဆိုင်ရာ ကင်ဆာဖြစ်စေသော ပစ္စည်းများ

နေရောင်ခြည်နှင့် ဓာတ်ရောင်ခြည်များကဲ့သို့သော

ဇီဝဆိုင်ရာ ကင်ဆာဖြစ်စေသော ပစ္စည်းများ

ဓာတ်သတ္တိဆိုင်ရာ ကင်ဆာဖြစ်စေသော ပစ္စည်းများ

ကျောက်မှုန်များနှင့် ဆေးလိပ်မီးခိုးငွေ့ကဲ့သို့သော

 

အသည်းရောင်အသားဝါ ဘီပိုး ( အသည်း ) ၊ လူကြွက်နို့ပိုး HPV ( သားအိမ်ခေါင်း ) ၊ Helicobacter Pylori ( အစာအိမ် ) ၊ Schistosomes ( ဆီးအိမ် ) ၊ မှိုများမှ ထွက်သော အစားအသောက်တွင် အဆိပ်ဖြစ်စေသော ပစ္စည်များ ( အသည်းကင်ဆာ ) ကဲ့သို့သော

ဆေးလိပ်နှင့် ၎င်း၏ ဆိုးကျိုးများ

ဆေးလိပ်မသောက်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုရှိခြင်း နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားခြင်းသည် ကင်ဆာ၏ (၄၀ ) ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် တကမ္ဘာလုံးရှိ ကင်ဆာကာကွယ်နိုင်သော အကြီးမားဆုံးသော အကြောင်းရင်းတခုဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ် ၊ လည်ချောင်း ၊ ပါးစောင် ၊ မုန့်ချိုအိတ် ၊ ဆီးအိမ် ၊ အစာအိမ် ၊ အသည်း ၊ ကျောက်ကပ်နှင့် အခြားသောကင်ဆာများကို ဖြစ်စေပါသည်။ ဆေးလိပ်မသောက်ပဲ ဆေးလိပ်ငွေ့ရှူမိသူများတွင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ် ၊ လည်ချောင်း ၊ ပါးစောင် ၊ မုန့်ချိုအိတ် ၊ ဆီးအိမ် ၊ အစာအိမ် ၊ အသည်း ၊ ကျောက်ကပ်နှင့် အခြားသောကင်ဆာများ - စသည့် များပြားလှသော ကင်ဆာများကို ဖြစ်စေသောကြောင့် ကင်ဆာဖြစ်စေသော အဓိကဖြစ်နိုင်ချေ အဖြစ်စဥ်းစားရပေမည်။

အချို့မေးခွန်းများ ရှိနေသေးသော်လည်း အစားအသောက်များကြောင့် ကင်ဆာဖြစ်စေခြင်းသည် ခိုင်မာသော သက်သေများ ရှိနေပါသည်။ အဝလွန်ခြင်း သာမက အသီးအနှံများ နှင့် အသီးအရွက်များ မပါဝင်ခြင်း၊ ဆားအလွန်အကျွံစားခြင်း စသည့် အစားအသောက် အချိုးအစား များသည်လည်း ကင်ဆာဖြစ်နိုင်ချေများ ဖြစ်ပါသည်။ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု မရှိခြင်းသည်လည်း ကင်ဆာဖြစ်နိုင်ချေ တစ်ခုဖြစ်ပါသည်။ အရက်အလွန်အကျွံသောက်ခြင်းကြောင့် အစာလည်မျို ၊ အစာမျိုပြွန် ၊ အသံပြွန် ၊ အသည်း၊ ရင်သား နှင့် အခြားကင်ဆာများလည်း ဖြစ်နိုင်ကြောင်း ထင်ရှားသော သက်သေရှိပါသည်။

ကင်ဆာဘယ်လို ကြီးထားသလဲ ?

ကင်ဆာအားလုံးသည် ဆဲလ်များမှ စတင်ဖြစ်ပေါ်ပါသည်။ ကင်ဆာအကြောင်းနားလည်ရန် ပုံမှန်ဆဲလ်များမှ ကင်ဆာလ်များ ဖြစ်သောအခါ ဘယ်လိုတွေ ဖြစ်သလည်းကို သိရန် အကူအညီဖြစ်ပါသည်။

Cells_001

ခန္ဓာကိုယ်တွင် ဆဲလ်အမျိုးအစားများစွာဖြင့် ပြုလုပ်ထားပါသည်။ ဤဆဲလ်များ သည် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ဆဲလ်များ ပိုမိုထုတ်လုပ်ရန် ထိန်းချုပ်နည်းဖြင့် ကြီးထွားပြီး ကွဲပြားပါသည်။ ဆဲလ်များ အသက်ကြီးလာသောအခါ ( သို့ ) ပျက်စီးလာသောအခါ ၎င်းတို့ သေဆုံးပြီး ဆဲလ်အသစ်များ အစားထိုးလာပေသည်။

Cells_002

သို့သော်တခါတရံ ဒီအစီအစဥ်တကျဖြစ်ရမည့်လုပ်ငန်းစဥ်သည် မှားယွင်းသွားပါသည်။ ဗီဇ ( ဒီအန်အေ) သည် ပျက်စီး ( သို့) ပြောင်းလဲသွားနိုင်ပြီး ဗီဇပြောင်းလဲခြင်းကနေ ပုံမှန်ဆဲလ်ကြီးထွားခြင်းနှင့် ကွဲပွားခြင်းကို အကျိုးသက်ရောက်နိုင်ပါသည်။ ဤသို့ဖြစ်သောအခါ ဆဲလ်များသည် သေသွားရမည့်အစား မသေတော့ပဲ ခန္ဓာကိုယ်က မလိုအပ်သောဆဲလ်ပုံစံအသစ် ဖြစ်သွားပါသည်။ မလိုအပ်သော ဆဲလ်အပိုများသည် တစ်သျှူးအသားစဖြစ်လာသောအခါ အကျိတ်တစ်ခုဖြစ်လာပါသည်။

Cells_003

အကျိတ်အားလုံးကင်ဆာ မဖြစ်စေနိုင်ပေ။ ရိုးရိုးအကျိတ်များ ( သို့ ) ကင်ဆာကျိတ်များ ဖြစ်နိုင်ပါသည်။ ရိုးရိုးအကျိတ်များသည် ကင်ဆာအဖြစ်သို့ မပြောင်းသွားနိုင်ပေ။ ၎င်းတို့ကို ဖယ်ရှားနိုင်ပါသည်။ ပြန်လည်း မဖြစ်နိုင်တော့ပေ။ ရိုးရိုးအကျိတ်တွင် ဖြစ်သော ဆဲလ်များသည် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ မပျံ့နှံ့တတ်ပေ။ ရိုးရိုးမဟုတ်သော အကျိတ်များသည် ကင်ဆာသို့ ပြောင်းလဲနိုင်ပါသည်။ ၎င်းတို့ရှိ ဆဲလ်များသည် အနီးနားရှိ အသားစများနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့လည်း ပျံ့နှံ့နိုင်ပါသည်။ ကင်ဆာသည် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှ နောက်တနေရာသို့ ရောက်ရှိခြင်းကို ကင်ဆာပျံ့နှံ့ခြင်းလို့ ခေါ်ပါသည်။

ကင်ဆာအများစုသည် စတင်ဖြစ်ရာ နေရာ၏ ဆဲလ်အမျိုးအစား ( သို့ ) အဂႅါအစိတ်အပိုင်းကို လိုက်၍ နာမည်ခေါ်ဆိုပါသည်။ ဥပမာ - ကင်ဆာသည် အစာအိမ်မှ စတင်ဖြစ်လျှင် အစာအိမ်ကင်ဆာဟု ခေါ်ပါသည်။ အချို့ကင်ဆာများသည် အကျိတ်ပုံစံမဟုတ်ပေ။ ဥပမာ - သွေးဖြူဥကင်ဆာ ( လူကီးမီးယား ) သည် ရိုးတွင်းခြင်ဆီနှင့် သွေးကြောတွင် ဖြစ်သော ကင်ဆာဖြစ်ပါသည်။

  ←ကင်ဆာဆိုတာ ဘာလဲကင်ဆာ၏ ခံစားရသော ဝေဒနာများနှင့် ရောဂါလက္ခဏာများ→


ငြင်းဆိုချက်အတွက် သတိပေးစာ - ဤသတင်းအချက်အလက်များသ် ဆေးပညာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်း ( သို့) ကုသမှုများအတွက် အစားထိုးအသုံးပြုရန် မရည်ရွယ်ပါ။ ဒီဝက်ဆိုဒ်တွင် ဖော်ပြထားသော အကြောင်းအရာများ၊ ပုံများ ၊ စာများ ပါဝင်သော အရာအားလုံးသည် ယေဘုယျအားဖြင့် အသုံးပြုရန်သာဖြစ်ပါသည်။ Parkway Cancer Centre မှ အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးခြင်းမပြုပဲ ဒီဝက်ဆိုဒ်မှ တဆင့် ရရှိသောအချက်အလက်များကို အသုံးပြုခြင်းအပေါ် တာဝန်ယူမှုတစ်စုံတစ်ရာမရှိပါ။