radiation-oncology

ဓာတ်ရောင်ခြည်ပြကင်ဆာရောဂါဗေဒတွင် ကင်ဆာနှင့် ကင်ဆာမဟုတ်သော အကျိတ်များကို တိုက်ရိုက်ဓာတ်ရောင်ခြည်များပေးရာတွင် ဘေးပတ်လည်အသားစကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကျွမ်းကျင်သောပညာရှင်များနှင့် ရှုပ်ထွေးသော အဆင့်မြင့်နည်းပညာများ ပေါင်းစပ်ထားပါသည်။

ကျွန်ုပ်တို့လူနာများအတွက် ဘေးထွက်ဆိုးကျိုးအနည်းဆုံးနှင့် ပျောက်ကင်းနိုင်ချေအများဆုံး ရရှိစေနိုင်ရန်ရည်ရွယ်၍ မြန်ဆန်တိကျသော ဓာတ်ရောင်ခြည်ကုသမှုများပေးနိုင်အောင် ကျွန်ုပ်တို့ကိုယ်တိုင် ထိန်းသိမ်းထားပါသည်။

TomoTherapy HI-ART® System စနစ်ကဲ့သို့သော ရှုပ်ထွေးအဆင့်မြင့်သော နည်းပညာများ အသုံးပြုထားသော TomoTherapy® ကို (၂၀၀၆) မတ်လကတည်းက ပေးနေပြီဖြစ်ပါသည်။

ပုံရိပ်ညွန်ပြဓာတ်ရောင်ခြည်ပြကုသခြင်းသည် ဘေးပတ်လည်အသားစများကို ဆိုးကျိုးနည်းစေပြီး အကျိတ်ကို တိကျသော ဓာတ်ရောင်ခြည်အချိန်အဆနှင့် မနာကျင်စေပဲ ပေးခြင်းဖြစ်သဖြင့် ရလဒ်ကောင်းများရစေပါသည်။

တချိန်တည်းမှာပဲ ကျွန်ုပ်တို့သည် ဓာတ်ရောင်ခြည်ပြ ကုသနည်းတစ်ခုတည်း (သို့) ခွဲစိတ်ကုသခြင်း ( သို့ ) ကင်ဆာဆေးသွင်းခြင်း နှင့် ပေါင်း၍ ကုသမှုများပေးပါသည်။

ကုသမှုများတွင် -

ပြင်းအားထိန်းချုပ်ဓာတ်ရောင်ခြည်ပြကုသနည်း ( IMRT )

ဓာတ်ရောင်ခြည်များကို ကင်ဆာကျိတ်ပုံသဏ္ဍန်အလိုက် ပေးသောကြောင့် ကောင်းသောတစ်သျှူးများကို ဓာတ်ရောင်ခြည်ထိတွေ့မှု နည်းစေပါသည်။

ပုံရိပ်ညွှန်ပြဓာတ်ရောင်ခြည်ပြကုသနည်း (IGRT)

ဒီပုံရိပ်မြင်နည်းပညာကို အသုံးပြု၍ ကင်ဆာတည်ရာနေရာပြပုံရိပ်များကို အစီအစဥ်သေချာဆွဲ၍ တစ်ဦးချင်းစီအတွက် ကုသမှုများကို ပေးပါသည်။

သုံးဘက်မြင်ဓာတ်ရောင်ခြည်ပြကုသနည်း ( 3D Conformal Radiation Therapy )

ဤတွင် ကင်ဆာကျိတ်တည်နေရာ ကွန်ပျူတာပုံရိပ်များကို သုံးဘက်မြင်ပုံစံပေါ်စေပြီး ဓာတ်ရောင်ခြည် သေချာချိန်ပေးခြင်းဖြင့် ဘေးပတ်လည် တစ်သျှူးများတွင် ဓာတ်ရောင်ခြည်ထိခြင်း သိသိသာသာ‌လျှော့ချနိုင်ပေသည်။

ရှေးဦးဓာတ်ရောင်ခြည်ပြကုသခြင်း ( Conventional Radiation Therapy )

ဓာတ်ရောင်ခြည်များကို X-rays, gamma rays or photons ပုံစံဖြင့် ကင်ဆာဆဲလ်များကို သတ်ရန် ( သို့ ) ကြီးထွားခြင်းကို ရပ်တန့်စေရန် အသုံးပြုပါသည်။

Stereotactic ဓာတ်ရောင်ခြည်ပြကုသခြင်း

လူနာများတွင် အသက်ရှူလှုပ်ရှားမှုကို ပြန်ကောင်းစေခြင်း ၊ လှုပ်ရှားမှုအလိုက် ပြုပြင်ခြင်း ၊ ပုံရိပ်ညွှန်ပြခြင်း ၊ မလှုပ်ရှားနိုင်သောလူနာများနှင့်ဓာတ်ရောင်ခြည်ပုံမှန်နှုန်းဖြင့် ရရှိစေခြင်းတို့ဖြင့် တိကျသေချာသော ဓာတ်ရောင်ခြည်ကနေ ကင်ဆာကို ညင်သာစွာ ထိန်းချုပ်မှုရစေပါသည်။

ဓာတ်ရောင်ခြည်ပြကင်ဆာခွဲစိတ်ခြင်း

ဦးတည်ချက်များစွာမှ ဓာတ်ရောင်ခြည်များကို သေချာစွာ ချိန်ခြင်းဖြင့် ထိုးဖောက်ခြင်းမရှိပဲ ကုသနည်းဖြစ်ပါသည်။ ဓာတ်ရောင်ခြည်များသည် ကင်ဆာတည်နေရာကို ပြင်းအားများဖြင့် ထိရောက်စေပြီး ဘေးပတ်လည် အသားစများကို ဓာတ်ရောင်ခြည်ထိမှုနည်းနိုင်သမျှနည်း‌စေပါသည်။

Brachytherapy and Implants

ဓာတ်ရောင်ခြည်ကြွနေသော ပစ္စည်းများကို ကင်ဆာတည်နေရာသို့ တိုက်ရိုက် ( သို့ ) သွယ်ဝိုက်၍ ထည့်ပြီး ဓာတ်ရောင်ခြည်ပေးခြင်းဖြင့် ဘေးပတ်လည်ထိခိုက်မှုနည်းစေပါသည်။