ကင်ဆာသည် ယခုခေတ်မှီသော ကမ္ဘာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဖြစ်နေသော ရောဂါဖြစ်ပါသည်။ နှစ်စဥ်နှစ်တိုင်း လူသန်းပေါင်းများစွာ ကင်ဆာဟု ရှာဖွေတွေ့ရှိနေသည့်အပြင် သန်းပေါင်းများစွာထက်ပိုသော ၎င်းတို့၏ မိသားစုဝင်များ ၊ သူငယ်ချင်းများ နှင့် ချစ်ခင်သောသူများ တလှည့်စီဖြစ်နေပါသည်။ အမှန်တကယ်တွင် ဆေးဝါးများနှင့် ဆေးပညာဆိုင်ရာ နည်းပညာများတွင် တိုးတက််မှုသည် နှေးနေသော်လည်း ကင်ဆာကို တိုက်ထုတ်ရာတွင် ပုံမှန်တော့ တိုးတက်နေပါသည်။

မျှော်လင့်ချက် ရှိပါသည်။ Parkway Cancer Centre သည် ကင်ဆာဖြစ်နေသူတိုင်းကို မည်သူ့ကို မဆို မျှော်လင့်ချက်ကို မျှဝေပေးပါသည်။

ကျွန်ုပ်တို့သည် ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော ဆရာဝန်များ ၊ သူနာပြုများ ၊ ဆွေး‌နွေးတိုင်ပင်သူများ နှင့် အခြားဆေးပညာဆိုင်ရာ ပညာရှင်များ ပါဝင်သော ပြီးပြည့်စုံသော အဖွဲ့အစည်းဖြင့် ပြီးပြည့်စုံသော ထိရောက်သော ကင်ဆာကုသကို ပေးစွမ်းရာ အိမ်ဖြစ်ပါသည်။ နေ့ရက်တိုင်း လူနာတိုင်းအတွက် ကျွန်ုပ်တို့ အဖွဲ့အစည်းသည် လုံခြုံသော ၊ နွေးထွေးသော ပတ်ဝန်းကျင်တွင် ပြည့်ဝသော ကင်ဆာဂရုစိုက်မှု ရရှိစေရန် ကြိုးစားလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့လူနာများအတွက် အကောင်းဆုံးရလဒ်ကောင်းများ ရရှိစေရန် နောက်ဆုံးပေါ် ကုသနည်းလမ်းများ နှင့် ခေတ်မှီနည်းပညာများကလည်း ပံ့ပိုးကူညီပေးပါသည်။

ကျွန်ုပ်တို့လူနာများအတွက် နေထိုင်ကောင်းခြင်းဆိုသည်မှာ သူတို့အတွက် အချိန်တိုင်းတွင် သက်တောင့်သက်သာရှိစေမှုကို ဖန်တီးပေးခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဧည့်ကြိုဆိုရေးဝန်ထမ်းများနှင့် ဘာသာပြန်များသည် ၎င်းတို့ကို အမြဲအဆင်သင့် လက်တွဲထားပါသည်။

ကင်ဆာကို တိုက်ထုတ်ခြင်းသည် လွယ်ကူသောအရာမဟုတ်ပါ သို့သော် ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့လူနာများကို ပေးပို့ပေးဖို့ ရှိနေပါသည်။ သူတို့ကို မျှော်လင့်ချက်ပေးရန် ဤနေရာတွင် ကျွန်ုပ်တို့ ရှိနေပါသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

အကောင်းဆုံး ဂရုစိုက်မှု ၊ သက်တောင့်သက်သာ ဖြစ်စေမှု နှင့် ချစ်ခင်နွေးထွေးမှုနှင့်အတူ လူနာကို အဓိကထားသော အဆင့်မီ အရည်းအသွေးပြည့်ဝ ခိုင်ခံ့သော ကင်ဆာဝန်ဆောင်မှုပေးသော နေရာတစ်ခု ပေးစွမ်းရန်။

ကျွန်ုပ်တို့၏ အမှတ်အသား

PCC_Logo300px

လူနာများကို စိတ်ထဲမှာ ထား၍ လက်ချင်းချိတ်ထားခြင်းသည် ဂရုစိုက်ခြင်းနှင့် လူနာများနှင့် ချစ်ခင်သူများကို စောင့်ရှောက်ထောက်ပံ့ခြင်း ကို ဖော်ညွှန်းပြီး၊ နေလုံးသည် နွေးထွေးမှုနှင့် မျော်လင့်ချက်ကို ကိုယ်စားပြု ရေးဆွဲထားပါသည်။