medical-oncology

ဆေးပညာဆိုင်ရာ ကင်ဆာဘာသာရပ် ( ကင်ဆာနှင့် ပက်သက်သော ဆေးဝါးများ ) တွင် တိုးတက်လာသည်နှင့် အမျှ လူနာများနှင့် ချစ်ခင်သူများတွင် မျှော်လင့်ချက် ရှိလာပါသည်။ ဆေးများ ကျယ်ပြန့်လာမှုနှင့် ပိုမိုထိရောက်လာမှုက ကျွန်ုပ်တို့သည် ကင်ဆာတိုက်ထုတ်သောနေရာတွင် အရင်ကထက် ပိုမိုထိရောက်မှု ရှိလာစေပါသည်။

လက်ရှိ ကင်ဆာကို ဆန့်ကျင်သော ကုသမှုများ ဖြစ်သည့် ဆဲလ်ကိုသတ်သော ပစ္စည်းများ ၊ ဟော်မုန်း ကုသမှု နှင့် ပစ်မှတ်ထားကုထုံးများသည် အခြားသော မျှော်လင့်ချက် ရောင်ခြည်ဖြစ်ပါသည်။ ၎င်းတို့သည် တိုးတက်သော ရလဒ်များနှင့် ဘေးထွက်ဆိုးကျိုးများကို နည်းစေ ( သို့ ) လုံးဝမရှိစေခြင်းတို့နှင့် များသောအားဖြင့် ဆက်စပ်နေပါသည်။

ကျွန်ုပ်တို့ လူနာများကို ကုသမှုပေးသောအခါ ဘဝနေထိုင်မှုတွင် ပိုမိုထိရောက်ကောင်းမွန်သော ဆိုးကျိုးနည်းသည်ကို ပေးပါသည်။ ကင်ဆာဆေးသွင်းခြင်းကို ကျွန်ုပ်တို့ ဆေးဘက်ဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်၏ သေချာကြီးကြပ်ပေးမှုအောက်တွင် ကင်ဆာဘာသာရပ်၌ သင်တန်းသေချာပေးထားသော အထူး အရည်အသွေးပြည့်ဝသော သူနာပြုများ သာလျှင် ဂရုတစိုက်ဆေးသွင်းပေးပါသည်။

ကင်ဆာဆန့်ကျင်သော ကုသမှုများ

ဆဲလ်ကို သတ်သော ကင်ဆာဆေးသွင်းခြင်း

ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာများကို ကုသရန်အတွက် ပါးစပ်မှတဆင့်သောက်သော ( သို့ ) ထိုးဆေးဖြင့် ပေးသော ဆေးများ ဖြစ်ပါသည်။ ကင်ဆာဆဲလ်များ ကွဲပွားခြင်း နှင့် ကြီးထွားခြင်းကို ဟန့်တားပါသည်။ ၎င်းဆေးများကို ကင်ဆာဆေးသွင်းကုသခြင်းနည်းလမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မကြာခဏ အသုံးပြုပါသည်။

ပစ်မှတ်ထားကုထုံး

ကင်ဆာဖြစ်စေသော မျိုးရိုးဗီဇ ပြောင်းလဲမှုများသည် ၎င်းတို့ကို ကြီးထွားရာတွင် မစစ်ဆေးနိုင်စေရန် ဖြစ်စေပါသည်။ ပစ်မှတ်ထားကုထုံးတွင် ကင်ဆာအကျိတ်များကို ထိန်းချုပ်နိုင်သော မျိုးရိုးဗီဇရလဒ်များကို အဓိကပိတ်ဆို့သော တိကျသော ဆေးများကို အသုံးပြုပါသည်။ ကင်ဆာကို အချက်ပြသောနေရာတွင် အဓိကသက်ရောက်သောဤဆေးဝါးများကြောင့် ပုံမှန်ကောင်းမွန်သော တစ်သျှူးအသားစများကို ထိခိုက်မှုနည်းစေပါသည်။

တစ်ဦးတစ်ယောက်ချင်းစီအတွက် ဆေးများ

ကင်ဆာကျိတ်ခြင်းတူသော်လည်း မျိုးရိုးဗီဇ ပြောင်းလဲမှုခြင်း မတူနိုင်ပေ။ ရလဒ်အနေဖြင့် ကုသမှုတစ်ခုတည်းကို တုံ့ပြန်မှုနှင့် ခံနိုင်ရည်ရှိမှု မတူနိုင်တော့ပေ။ တစ်ဦးတစ်ယောက်ချင်းစီအတွက် သတ်မှတ်ထားသော ဆေးတွင် လူနာဆီမှ အကျိတ်အသားစ ( သို့ ) သွေးကို ယူပြီး ကင်ဆာဖြစ်စေသော မျိုးရိုးဗီဇ အတိအကျကို ရှာဖွေပါသည်။ ၎င်းသည် ဆရာဝန်ကို ကင်ဆာအကြောင်း ပိုမိုနားလည်စေပြီး တစ်ဦးချင်းစီအတွက် ကင်ဆာကုသခရီးလမ်း အဆင့်တစ်ခုချင်းစီတွင် ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရာတွက် အကူအညီဖြစ်ပါသည်။

မိမိခုခံအားစနစ်သုံးကုထုံး ( Immunotherapy )

မိမိခုခံအားစနစ်သုံးကုထုံး ( Immunotherapy ) သည် မိမိခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကင်ဆာတိုက်ထုတ်ရာတွင် အသုံးပြုပါသည်။၎င်းတို့သည် လူနာ၏ သဘာဝခုခံအားစနစ်ကို နှိုးဆော်လိုက်ပြီး ကင်ဆာကို မှတ်မိသိရှိစေပါသည်။ မိမိခုခံအားစနစ်သုံးကုထုံးသည် ကင်ဆာဆဲလ်များကို တိုက်ရိုက်ဖျက်ဆီးခြင်းမျိုးမဟုတ်သောကြောင့် ဘေးထွက်ဆိုးကျိုးသည် ကင်ဆာဆဲလ်ကို တိုက်ရိုက်သတ်သော ကင်ဆာဆေးသွင်းခြင်းထက် နည်းပါသည်။ မိမိခုခံအားစနစ်သုံးကုထုံးကို တစ်ခုတည်း ( သို့ ) ဆေးသွင်းခြင်းနှင့် ပေါင်းစပ်၍လည်း အသုံးပြုနိုင်ပါသည်။