Parkway ကင်ဆာစင်တာ ဝက်ဆိုဒ်ကို လေ့လာခြင်းအတွက် ကျေးဇူးတင်ပါသည်။ ဒီဝက်ဆိုဒ်ကို အသုံးပြုခြင်းနှင့် ရယူခြင်းဖြင့် ဤအသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို တရားဝင်သဘောတူပြီးဖြစ်ပါသည်။ ဤအသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို သဘောမတူပါက ဒီဝက်ဆိုဒ်ကို အသုံးမပြုပါနှင့်။

ယေဘုယျအားဖြင့်

  • ဤအသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များသည် အချိန်နှင့် အမျှပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲမှုများကို ဤစာမျက်နှာတွင် ဖော်ပြပါလိမ့်မည်။ ပြောင်းလဲပြီးနောက် ဒီဝက်ဆိုဒ်ကို သင့်အသုံးပြုမှုကို အသစ်ပြုပြင်ထားသော သတ်မှတ်ချက်အသစ်များနှင့် ဖော်ပြပါလိမ့်မည်။

သင့်ကိုယ်ရေးအချက်များသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ဒီဝက်ဆိုဒ်မှတဆင့် တိုက်ရိုက် ( သို့ ) သွယ်ဝိုက်၍ သင်ကျွန်ုပ်တို့ကိုပေးသော ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ကျွန်ုပ်တို့ လုံခြုံစွာ ထိန်းသိမ်းမည်ဖြစ်ကြောင်း ကတိပြုပါသည်။

သင် parkwaycancercentre.com သို့ ဝင်ရောက်သောအခါ ကျွန်ုပ်တို့ ဝက်ဆိုဒ်သည် အောက်ပါသတင်းအချက်အလက်များကို အလိုအလျောက် ခြေရာခံ စုဆောင်းမည်ဖြစ်ပါသည်။

(၁) IP လိပ်စာများ
(၂) အဓိကဆာဗာများ
(၃) parkwaycancercentre.comကို ရောက်ရှိနိုင်သော ကွန်ပျူတာအမျိုးအစားများ
(၄) parkwaycancercentre.com သို့ ရောက်ရှိရန် အသုံးပြုသော ဝက်ဆိုဒ်ရှာဖွေရေးအင်ဂျင်အမျိုးအစားများ
(၅) parkwaycancercentre.comသို့ သင်ပေးပို့သော ရည်ညွှန်းထားသော အရင်းအမြစ်
(၆)parkwaycancercentre.com နှင့် သင့် ရှာဖွေရေး အင်ဂျင်ကြားရှိ ဆက်စပ်နေသော အခြားအကြောင်းအရာများ

ဝက်ဆိုဒ်အများစုကဲ့သို့ သင်ကြိုက်နှစ်သက်ရာသတင်းအချက်များကို " remember" cookies ကို သင်အသုံးပြုနိုင်ပါသည်။ သင့် ဝက်ဆိုဒ်ရှာဖွေရေး အင်ဂျင်တွင် cookies ကို လက်ခံရန် ( သို့ ) ငြင်းရန် စီစဥ်ထားနိုင်ပါသည်။

ကျွန်ုပ်တို့သည် ဤစည်းမျဥ်းကို အချိန်နှင့် အမျှ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါသည်။ ဒီဝက်ဆိုဒ်တွင် ဘယ်ကဲ့သို့ ပြောင်းလဲထားသည်များကို ဖော်ပြထားရှိပါလိမ့်မည်။

အရေးကြီးသည်မှာ - ဒီဝက်ဆိုဒ်ကို ဝင်ရောက်ရယူခြင်းဖြင့် သင်သည် အပေါ်တွင် ဖော်ပြထားသော သတ်မှတ်ချက်များကို သဘောတူပြီးဖြစ်ပါသည်။

ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အ‌ရေးများ

  • ဒီဝက်ဆိုဒ်ကို စကႅာပူ Parkway Cancer Centre မှ ထိန်းသိမ်းထားပါသည်။
  • ဒီဝက်ဆိုဒ်တွင် ရှိသော သတင်းအချက်အလက်နှင့် အစီအစဥ်များ အပါအဝင် ပစ္စည်းများသည် မူပိုင်ခွင့် ၊ ရောင်းဝယ်ခွင့် နှင့် အခြား ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး ပုံစံများနှင့် အညီ ကာကွယ်ထားပါသည်။ ပါဝင်သော အကြောင်းအရာများတွင် စိတ်ဝင်စားစရာများ နှင့် ခေါင်းစဥ် ၊ အခွင့်အရေးအားလုံးကို Parkway Cancer Centre မှ လိုင်စင်တင်ထားသောကြောင့် ပိုင်ဆိုင်ပါသည်။