myth_01

ယုံမှားသံသယ(၁)

သင့်လက်ကိုင်ဖုန်းကို မကြာခဏ အသုံးမပြုရ - ၎င်းသည် ကင်ဆာဖြစ်နိုင်ပါသည်။ လက်ကိုင်ဖုန်းမှ ထွက်သော ကြိမ်နှုန်းနှင့် ဦးနှောက်ကင်ဆာ၊ အာရုံကြောကင်ဆာနှင့် အခြားကင်ဆာများကြားက ဆက်စပ်နေမှုကို လေ့လာထားသော လေ့လာချက်များ မရှိပါ။ လက်ကိုင်ဖုန်းအပါအဝင် ရောင်ခြည်ထုတ်နိုင်သော ပစ္စည်းများ နှင့် စက်ပစ္စည်းများ၏ လုံခြုံရေးကို တာဝန်ယူထားသော အမေရိကန်၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ မှတ်သားထားသော သုတေသန လေ့လာချက်များတွင် လက်ကိုင်ဖုန်းမှ ထွက်သော ရောင်ခြည်ကြိမ်နှုန်းများနှင့် ကျန်းမာရေး ပြဿနာများ ကြားက ဆက်စပ်နေမှုကို သက်သေမပြနိုင်သေးပါ။ အခြားတဖက်၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO ) ၏ အပိုင်းတခုဖြစ်သော နိုင်ငံတကာ ကင်ဆာသုတေသန အကျိုးဆောင်အဖွဲ့အစည်း (IARC)မှ ရေဒီယိုရောင်ခြည်များကနေ လူသားများကို ကင်ဆာဖြစ်နိုင်ချေ ရှိမှုကို လတ်တလော ခွဲခြားထားပါသည်။ အခြေခံခံအနေဖြင့် လက်ကိုင်ဖုန်းနည်းပညာ နှင့် လူသားများ လက်ကိုင်ဖုန်းကို ဘယ်လိုအသုံးပြုသလဲ ဆိုတာကို လေ့‌လာဖို့ လိုပါသည်။ ရေဒီယို ရောင်ခြည်ထိတွေ့မှုအနေဖြင့်ကတော့ တဦးတယောက်ချင်းစီသည် နားကြပ်အပါအဝင် ကလေးများကြား လက်ကိုင်ဖုန်းအသုံးပြုခြင်းကို ကန့်သတ်နိုင်ပါသည်။

myth_02

ယုံမှားသံသယ ( ၂)

အပြင်မထွက်ခင် နေရောင်ကာလိမ်းဆေးကို အမြဲတမ်းလိမ်ပါ။ ၎င်းသည် အရေပြားကင်ဆာကို ကာကွယ်နိုင်ပါသည်။ နေရောင်ခြည်အောက်တွင် အချိန်အကြာကြီး သဘာဝအားဖြင့် ( သို့ ) လူလုပ် နေရောင်ခံခြင်းသည်သာလျှင် အရေးပြားကင်ဆာဖြစ်နိုင်ချေ ရှိပါသည်။ နေရောင်ခြည်ကာ လိမ်းဆေးကို နေရောင်ခြည်ထိတွေ့မှု မှ ကာကွယ်ခြင်းအတွက် အသုံးပြနိုင်သော်လည်း နေရောင်ကာလိမ်းဆေးများသည် အရေးပြားကင်ဆာကို ကာကွယ်နိုင်သလားဆိုတာ သေချာမသိနိုင်သေးပါ။ နေရောင်ကာလိမ်းဆေးများကို နေရိပ်တွင် နေခြင်း ( သို့ ) အဝတ်အထည် ဝတ်ခြင်းတို့ဖြင့် နေလောင်ခြင်းမှာ ကာကွယ်ရာတွင် အတူတကွ အသုံးပြုရန် အကြံပြုထားပါသည်။ သတိထားရမှာက နေရောင်ကာလိမ်းဆေး လိမ်းပြီး နေရောင်အောက်တွင် အချိန်များစွာမကုန်ဆုံးသင့်ပါ။

myth_03

ယုံမှားသံသယ(၃)

မီးသွေးဖြင့် ကင်သော အသားကင်များ စားခြင်းသည် ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေပါသလား ? ၎င်းကို သက်သေပြဖို့ရန် ( သို့ ) ငြင်းဖို့ရန်တော့ ခက်ပါသည်။ ၎င်းသည် ဘယ်လောက် မှန်မှန် စားသလဲ ။ တနေ့တကြိမ် စားသည်ကို ပုံမှန်စားသည် ( သို့ ) ခြောက်လတစ်ကြိမ်ကို ပုံမှန် ခေါ်သည်။ အလွန်မကြာခဏ ၊ ခဏခဏမစား ၊ တခါတရံ ( သို့ ) မစားသလောက် - စသည့် အကြိမ်အရေအတွက်ကို ဖော်ပြရန်သည် အလွန်အရေးကြီးပါသည်။ အစားအသောက်ဆိုင်ရာ လေ့လာချက်များ တွင် တစ်ယောက်ချင်းဆီ၏ မှတ်သားဆောင်ရွက်ရန် လိုပါသည်။ ဖြည့်ပြောရလျှင် မီးသွေးဖြင့် ကင်ပြီးချက်ခြင်းသည် ကင်ပြီးနောက်ဆုံးအခြေအနေ‌ပေါ်မူတည်ပါသည်။ ဥပမာ - ၎င်းသည် အကင်လွန်ထားခြင်း ( သို့ ) သိပ်မကင်ထားခြင်း ။ အကင်တွင် ပါတင်သော ပစ္စည်း heterocyclic aromatic amines (HAA) သည် ကြွက်များကို စမ်းသပ်ရာတွင် အသည်း၊ အူမကြီး ၊ ရင်သား ၊ အရေးပြား ၊ ဆီးကျိတ်နှင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်သည်ကို တွေ့ရပါသည်။ ဒါ့အပြင် မီးသွေး ဖြင့် ချက်ခြင်း ကင်ခြင်းမှ ထွက်သော polycyclic aromatic hydrocarbons (PAHs) ပစ္စည်းသည် တိရိစ္ဆာန်များတွင် ကင်ဆာဖြစ်နိုင်သော ပြောင်းလဲခြင်းများနှင့် ဆက်စပ်နေသည်ကို တွေ့ရပါသည်။ မီးသွေးဖြင့် ကင်ခြင်း ချက်ပြုတ်စားသောက်ခြင်းဖြင့် ဒီရလဒ်များ ရှိနိုင်သည်ကိုတော့ သတိထားဖို့တော့ လိုပါမည်။

myth_04

ယုံမှားသံသယ ( ၄ )

သင့်အဖွား နှင့် ( သို့ ) အမေတွင် ရင်သားကင်ဆာ ဖြစ်ဖူးလျှင် သင်သည် ရင်သားကင်ဆာ လုံးဝဖြစ်နိုင်သည်? သင့်အဖွားနှင့် ( သို့ ) အမေတွင် ရင်သားကင်ဆာ ဖြစ်ဖူးလျှင အထူးသဖြင့် သူတို့ အသက်(၅၀ ) မတိုင်ခင် ကင်ဆာဖြစ်လျှင် ရင်သားကင်ဆာဖြစ်နိုင်ချေပိုများသည် ဆိုသည်မှာ မှန်ပါသည်။ တစုံတယောက် ( သို့ ) နှစ်ယောက်လုံးတွင် ရင်သားကင်ဆာမဖြစ်ဖူးလျှင် မိသားစုရာဇဝင်ရှိသူသည် မရှိသူထက် ဖြစ်နိုင်ချေများပါသည်။ သို့သော် ၎င်းသည် ထိုအမျိုးသမိးသည် ကင်ဆာလုံးဝဖြစ်မည်ဟုတော့ မဆိုလိုပါ။ ဥပမာ - အနီးကပ်ဆုံး အမျိုး - အမ ( သို့) အမေ တွင် ရင်သားကင်ဆာဖြစ်ဖူးသော ရာဇဝင် ရှိသူ အမျိုးသမီးသည် ကင်ဆာဖြစ်နိုင်ချေသည် (၁.၅ ) ကနေ ( ၃) ဆ ထိ ပိုမြင့်မားသောကြောင့် နီးကပ်သောအမျိုးတွင် ရင်သားကင်ဆာရာဇဝင်ရှိသူများသည် ရင်သားကင်ဆာကို ကြိုတင်စစ်ဆေးရှာဖွေပြီး ဆေးပညာဆိုင်ရာ ထောက်ခံချက်ကို ရယူရပါမည်။ အသက် (၄၀ ) အထက် အမျိုးသမီးများသည် ရင်သားဓာတ်မှန် ရိုက်ရမည်ဖြစ်ပါသည်။

←ကင်ဆာ၏ ခံစားရသော ဝေဒနာများနှင့် ရောဂါလက္ခဏာများ 

ငြင်းဆိုချက်အတွက် သတိပေးစာ - ဤသတင်းအချက်အလက်များသ် ဆေးပညာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်း ( သို့) ကုသမှုများအတွက် အစားထိုးအသုံးပြုရန် မရည်ရွယ်ပါ။ ဒီဝက်ဆိုဒ်တွင် ဖော်ပြထားသော အကြောင်းအရာများ၊ ပုံများ ၊ စာများ ပါဝင်သော အရာအားလုံးသည် ယေဘုယျအားဖြင့် အသုံးပြုရန်သာဖြစ်ပါသည်။ Parkway Cancer Centre မှ အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးခြင်းမပြုပဲ ဒီဝက်ဆိုဒ်မှ တဆင့် ရရှိသောအချက်အလက်များကို အသုံးပြုခြင်းအပေါ် တာဝန်ယူမှုတစ်စုံတစ်ရာမရှိပါ။