PalliativeCare_Img

ရောဂါဝေဒနာသက်သာစေသော ဆေးပညာသည် ပြင်းထန်စွာခံစားနေရသော လူနာများနှင့် ကင်ဆာ အဆင့် နောက်ကျနေသော လူနာများတွင် စိတ်ဖိစီးနေမှုများ ၊ ရောဂါဝေဒနာများ နှင့် နာကျင်မှုများကို သက်သာစေခြင်းဖြင့် ဘဝနေထိုင်နည်းတွင် တိုးတက်စေခြင်းနှင့် ခံစားနေရမှုများကို လျော့နည်းစေပါသည်။

ပြီးပြည့်စုံသော ကင်ဆာအစီအစဥ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရောဂါဝေဒနာသက်သာစေသော ဂရုစိုက်မှုကို ပေးရန် စကႅာပူ၏ ပုဂ္ဂလိကဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွင် အစောဆုံးပေးစွမ်းသောနေရာများတွင် တစ်ခုအဖြစ်ကျွန်ုပ်တို့၏ လူနာများနှင့် သူတို့မိသားစုဝင်များ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် ဂရုစိုက်မှုပေးရန် ခိုင်ခံ့စွာ ထောက်ပံ့ပေးသော စနစ်တစ်ခုကို ကျွန်ုပ်တို့ပေးစွမ်းပါသည်။ ကျွန်ုပ်တို့လူနာများ၏ ဘဝအရည်အသွေးကို စောင့်ကြပ်ကြည့်ရှုရန် ကျွန်ုပ်တို့ ရောဂါဝေဒနာသက်သောစေသော ‌ဆေးပညာအထူးကုများသည် ဆေးပညာကင်ဆာဆရာဝန်များနှင့် ခွဲစိတ်ကင်ဆာဆရာဝန်များနှင့် အကောင်းဆုံးသော နာကျင်မှုသက်သာမှုနှင့် ရောဂါဝေဒနာထိန်းချုပ်မှု ရရှိစေရန် နီးကပ်စွာ အလုပ်လုပ်ကြပါသည်။

ရောဂါဝေဒနာသက်သာစေသော ဆေးပညာသည် ပြီးပြည့်စုံသော ကင်ဆာအစီအစဥ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူနာများအတွက် အဖြစ်နိုင်ဆုံး ဂရုစိုက်မှုကို ပေးနိုင်ရန် ရှိနေပါသည်။ ကျွန်ုပ်တို့သည် လူနာများ၏ ဘဝနောက်ဆုံးချိန်တွင် နေထိုင်နည်း ၊ ကင်ဆာအဆင့်နောက်ကျချိန်တွင် စောင့်ရှောက်မှုအစီအစဥ် ၊ အိမ်တွင် စောင့်ရှောက်မှု နှင့် ကင်ဆာကြောင့် နာကျင်မှုများကို စီမံခြင်း - စသည့် လိုအပ်သော ဝန်ဆောင်မှုများကို ပေးနိုင်ရန် အဓိကထားပါသည်။

ရောဂါဝေဒနာသက်သာစေသော ဆေးပညာ၏ ဝန်ဆောင်မှုများ

ကင်ဆာကြောင့် နာကျင်မှုများကို စီမံခြင်း

ကျွန်ုပ်တို့သည် ကင်ဆာအဆင့်နောက်ကျနေသော နာကျင်မှုကို ပြင်းထန်စွာ ခံစားနေရသော လူနာများတွင် ဆေးဝါးများကြောင့် ဘေးထွက်ဆိုးကျိုးများကို နည်းစေခြင်းနှင့် နာကျင်မှုကို ထိန်းချုပ်ရာတွင် ကူညီပေးပါသည်။

အိမ်တွင် စောင့်ရှောက်မှု

လူနာများကို အိမ်တွင် အထူးပြုစုစောင့်ရှောက်ကုသမှု လိုအပ်သောအခါ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုပေးနိုင်သူများနှင့်အတူ ချိတ်ဆက်၍ လိုအပ်သော သူနာပြုများနှင့် ပစ္စည်းကိရိယာများဖြင့် အဆင့်မြင့် ကူညီပေးပါသည်။

ကင်ဆာအဆင့်နောက်ကျချိန်တွင် စောင့်ရှောက်မှုအစီအစဥ်

ကျွန်ုပ်တို့သည် လူနာများက သူတို့ရွေးချယ်မှုများကို သူတို့ကိုယ်တိုင် ပြောဆိုနိုင်ခြင်းမရှိတော့သော အချိန်များတွင် ကုသမှုနည်းများနှင့် ပက်သက်၍ သူတို့၏ ဆန္ဒများကို မှတ်သားနိုင်ရန် အစီအစဥ်ဆွဲနိုင်ရန် ကူညီပေးပါသည်။

ဘဝနောက်ဆုံးချိန်တွင် နေထိုင် စောင့်ရှောက်ခြင်း

ကင်ဆာအဆင့် နောက်ကျနေသော လူနာများ နောက်ဆုံးချိန်နှင့် နီးကပ်လာသောအခါတွင် သူတို့၏ နောက်ဆုံးနေ့ရက်များ၌ ပိုမိုသက်တောင့်သက်သာဖြစ်နိုင်စေရန် သူတို့ ရောဂါဝေဒနာများကို ခြေရာခံ စမ်းသပ်ပြီး သက်သာစေပါသည်။