whatis_cells

ကင်ဆာအကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်

ဆဲလ်များ ထိန်းချုပ်မဲ့ ကွဲပွားလာသောအခါ ကင်ဆာဖြစ်လာပါသည်။ ပုံမှန်မဟုတ်သော ကင်ဆာဆဲလ်များသည် သွေးကြောမှတဆင့် ( သို့) ပြန်ရည်ကြောများတဆင့် အနီးနားရှိ ( သို့ ) အခြားအဝေးနေရာများသို့ ထိုးဖောက်ဝင်ရောက်ပါသည်။

ခန္ဓာကိုယ်က ပုံမှန်အတိုင်း လုပ်ဆောင်ရန်အတွက် အဂႅါတခုချင်းစီသည် ဆဲလ်အရည်အတွက် သတ်မှတ်ထားသလောက်ရှိရပေမည်။ ထိုဆဲလ်များသည် သက်တမ်းတိုပြီးနောက် သေသွားသောဆဲလ်များနေရာတွင် အစားထိုးရန် ဆဲလ်ကွဲပွားခြင်းဖြင့် ဆက်လက်ထိန်းသိမ်းထားပါသည်။

ဆဲလ်၏ အလည်ဗဟိုတွင် ဆဲလ်ကွဲပွားခြင်းကို ထိန်းချုပ်သော မျိုးရိုးဗီဇရှိပါသည်။ ၎င်းသည် ပရိုတင်းများကို ဘယ်လို ကွဲပွားရမည် ၊ ဘယ်လောက်ကြာကြာနေရမည် စသည့် ညွှန်ကြားချက်များကို ပေးသည့်နေရာတွင် လုပ်ပါသည်။ ညွှန်ကြားချက်များ ပေးစဥ် ချို့ယွင်းချက်ဖြစ်သောအခါ အမှားများကို ဖြစ်စေပါသည်။ ထိုအမှားများသည် ဆဲလ်တွေရပ်ရမည့်အစား ဆက်လက်ကွဲပွားခြင်းဖြင့် သေရမည့် အချိန်တန်သော ဆဲလ်များ ဆက်လက်အသက်ရှင်ခြင်းများဖြင့် အပြောင်းအလဲများ ဖြစ်စေပါသည်။

ထိုမျိုးရိုးဗီဇအမှားများကနေပြီးတော့ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော ဆဲလ်များ ဖြစ်ပေါ်လာခြင်းကို ကာကွယ်သော လုပ်ငန်းစဥ်များ ရှိပါသည်။ ထိုလုပ်ငန်းစဥ်များ မလုံလောက်သောကြောင့် ပုံမှန်မဟုတ်သော ဆဲလ်များသည် ထိန်းချုပ်မှုအောက်မှ လွတ်ထွက်ပြီး ကြီးထားလာပေသည်။ ထိုဆဲလ်များသည် စုပုံလာပြီး ပုံမှန်တစ်သျှူးများကို ဖျက်ဆီးလိုက်သည်။

ကင်ဆာဆဲလ်များ အသက်ရှင် ကြီးထွားရန် အာဟာရများ လိုအပ်ပါသည်။ ကင်ဆာဆဲလ်အမျိုးအစားတော်တော်များများသည် သူတို့လိုအပ်သော အစားအစာများကို သွေးကြောများကို ကြီးထွားစေခြင်းဖြင့် ရရှိစေပါသည်။ လက်တင်ဘာသာစကား ဂဏန်း ဟု အဓိပ္ပာယ်ရသော Cancri မှ ဆင်းသက်လာပီး တကမ္ဘာလုံးက ကင်ဆာ ဟု ဖြစ်လာပါသည်။ ကင်ဆာကျိတ်ဘေးပတ်လည် ရှိ ကြီးမားသောသွေးကြောများသည် ဂဏန်းလက်တံနှင့် ခြေတံများနှင့် တူသော်ကြောင့် ‌‌ရှေးလူများက ဤသို့ နာမည်ပေးရန် စဥ်းစားမိခြင်းဖြစ်သည်။

အချက်အလက်နှင့် အရေအတွက်များ

(၂၀၁၈ ) ခုနှစ်တွင် လူခြောက်ယောက်တွင် တစ်ယောက်သေခြင်း ( သို့ ) ခန့်မှန်း (၉.၆) သန်း သေဆုံးမှုရှိခြင်းတို့ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကင်ဆာသည် သေဆုံးမှုအများဆုံးဖြစ်စေသော အကြောင်းအရင်းတွင် ဒုတိယနေရာတွင် ရှိနေပါသည်။

ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ်နိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်းသည် ( ၇၀ ) ရာခိုင်နှုန်းခန့်

ကင်ဆာကြောင့် သေဆုံးနှုန်းများအလိုက် ကင်ဆာအမျိုးအစားများမှာ -

(၁) အဆုတ်ကင်ဆာ

သေဆုံးနှုန်း တစ်နှစ်ကို ( ၁.၇၆ ) သန်း

(၄) အသည်းကင်ဆာ

သေဆုံးနှုန်း တစ်နှစ်ကို ၇၈၂,၀၀၀

(၂) အစာဟောင်းအိမ်နှင့်အူမကြီးကင်ဆာ

သေဆုံးနှုန်း တစ်နှစ်ကို ၈၆၂,၀၀၀

(၅) ရင်သားကင်ဆာ

သေဆုံးနှုန်း တစ်နှစ်ကို ၆၂၇,၀၀၀

(၃) အစာအိမ်ကင်ဆာ

သေဆုံးနှုန်း တစ်နှစ်ကို ၇၈၃,၀၀၀

ဆင်းရဲသောနိုင်ငံများနှင့် အလယ်အလတ် နိုင်ငံများသည် (၂၀၀၈) တွင် ကင်ဆာကြောင့် သေဆုံးနှုန်း (၇၀)ရာခိုင်းနှုန်းကျော် ရှိပါသည်။ ကင်ဆာကြောင့် သေဆုံးနှုန်း ဆက်လက်မြင့်တက်နေသောကြောင့် (၂၀၃၀)တွင် (၁၃.၁) သန်းသေဆုံးမည်ဟု ခန့်မှန်းထားပါသည်။

ကမ္ဘာတစ်ဝှမ်း မကြာခဏ အဖြစ်များဆုံးသော ကင်ဆာအမျိုးအစားများမှာ -

ယောင်္ကျားများတွင်

( တစ်ကမ္ဘာလုံး အတိုင်းအတာ သေဆုံးမှုများအရ စီစဥ်ထားပါသည်)

(၁) အဆုတ်
(၂) ဆီးကျိတ်
(၃) အစာဟောင်းအိမ်နှင့် အူမကြီး
(၄) အစာအိမ်
(၅) အသည်း

အမျိုးသမီးများတွင်

( တစ်ကမ္ဘာလုံး အတိုင်းအတာ သေဆုံးမှုများအရ စီစဥ်ထားပါသည်)

(၁) ရင်သား
(၂) အစာဟောင်းအိမ်နှင့် အူမကြီး
(၃) အဆုတ်
(၄) သားအိမ်ခေါင်းနှင့် သားအိမ်
(၅) သိုင်းရွိုက်

တကမ္ဘာလုံးရှိ ကင်ဆာများ၏ ငါးပုံတစ်ပုံကို ဖြစ်စေနိုင်သောအရာများမှာ - ရည်ရှည် ရောဂါပိုးဝင်ခြင်း - အဓိကအားဖြင့် အသည်းရောင်အသားဝါ ဘီပိုး ( အသည်း ) ၊ လူကြွက်နို့ပိုး HPV ( သားအိမ်ခေါင်း ) ၊ Helicobacter Pylori ( အစာအိမ် ) ၊ Schistosomes ( ဆီးအိမ် ) ၊ အသည်းသံကောင် ( သည်းခြေပြွန် ) ၊ ခုခံအားကျရောဂါ HIV ( အသားလုံးကျိတ်ကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာများ ) -ဖြစ်ပါသည်။

ရည်ညွှန်းချက်များ

http://www.who.int/cancer/en

http://www.who.int/mediacentre/factsheets/fs297/en/index.html

http://globocan.iarc.fr/factsheets/populations/factsheet.asp?uno=900

ကင်ဆာဖြစ်စေသော အကြောင်းရင်းများ →

ငြင်းဆိုချက်အတွက် သတိပေးစာ - ဤသတင်းအချက်အလက်များသ် ဆေးပညာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်း ( သို့) ကုသမှုများအတွက် အစားထိုးအသုံးပြုရန် မရည်ရွယ်ပါ။ ဒီဝက်ဆိုဒ်တွင် ဖော်ပြထားသော အကြောင်းအရာများ၊ ပုံများ ၊ စာများ ပါဝင်သော အရာအားလုံးသည် ယေဘုယျအားဖြင့် အသုံးပြုရန်သာဖြစ်ပါသည်။ Parkway Cancer Centre မှ အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးခြင်းမပြုပဲ ဒီဝက်ဆိုဒ်မှ တဆင့် ရရှိသောအချက်အလက်များကို အသုံးပြုခြင်းအပေါ် တာဝန်ယူမှုတစ်စုံတစ်ရာမရှိပါ။