haematology-oncology

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) ခန့်မှန်းအရေအတွက် သွေးကင်ဆာအမျိုးအစားပေါင်း (၇၂) မျိုး ကို ကုသရန် အထူးဂရုစိုက်မှုအတွက် တစ်ကမ္ဘာလုံးရှိ လူနာများသည် ကျွန်ုပ်တို့ဆီကို လာကြပါသည်။ ကျွန်ုပ်တို့ စင်တာသည် လူကြီးများနှင့် လူငယ်များကို ရောဂါရှာဖွေရန်နှင့် ကုသမှုပေးရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုကို ပေးပါသည်။

လူကြီးများ

  • သွေးဖြူဥကင်ဆာ ( Leukaemia )
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • ရိုးတွင်းခြင်ဆီကင်ဆာ ( Myeloma )
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • မိမိခုခံအားက မိမိကိုယ်ကို ပြန်တိုက်သော ( Autoimmune ) ရောဂါ
  • အချို့သော ကင်ဆာအကျိတ်များ

ကလေးများ

  • Neuroblastoma နှင့် အခြားသော နောက်ကျနေသော ကင်ဆာအကျိတ်များ
  • Thalassemia
  • Sickle Cell သွေးအားနည်းရောဂါ
  • မွေးရာပါ ရိုးတွင်းခြင်ဆီ အားနည်းခြင်း
  • အရိုးပွခြင်း
  • ခုခံအားနည်းခြင််း
  • ဇီဝဖြစ်စဥ် ရောဂါများ
  • သွေးဖြူဥကင်ဆာ
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • မိမိခုခံအားက မိမိကိုယ်ကို ပြန်တိုက်သော ( Autoimmune ) ရောဂါ

ကျွန်ုပ်တို့ လူနာများ သွေးထဲရှိ ကင်ဆာကိုတိုက်ထုတ်ရာတွင် ကူညီနိုင်ရန် စိန်ခေါ်မှုများသော ရှုပ်ထွေးသော လူနာများကို အောင်မြင်စွာကုသခဲ့သော အတွေ့အကြုံများသည့် ဗဟုသုတများနှင့် ပြီးပြည့်စုံသော အဖွဲ့အစည်းကို ဖွဲ့ထားပါသည်။ ဆေးပညာတွင် တိုးတက်လာသောကြောင့် ကျွန်ုပ်တို့လူနာများကို ယခုလက်ရှိကုသမှုရွေးချယ်စရာများစွာနှင့်အတူ ယုံကြည်မှုရှိရှိ ဆောင်စွမ်းနိုင်မှုရှိစွာ ပေးစွမ်းနိုင်ပါသည်။

ကျွန်ုပ်တို့ ကင်ဆာအထူးကုဆရာဝန်များတွင် ထိရောက်သော ကင်ဆာဆေးသွင်းခြင်း၊ မော်လီကျူလာ ပစ်မှတ်ထားကုထုံး နှင့် စံပြဖြစ်သော မိမိခုခံအားစနစ်သုံး ကုထုံး ( Immunotherapy ) မှ စ၍ ရိုးတွင်းခြင်ဆီ အစားထိုးခြင်း - စသော ပြီးပြည့်စုံသော ကျယ်ပြန့်သော ကုသမှုများ ပါဝင်ပါသည်။ လူနာတစ်ဦးချင်းစီအတွက် ကျွန်ုပ်တို့သည် အကောင်းဆုံး ကုသမှုများနှင့် ရလဒ်ကောင်းများကို တစ်ဦးချင်းစီအတွက် ကုသမှုအစီအစဥ်များကို အကြံပေးကြပါသည်။

ကင်ဆာမဟုတ်သော သွေးရောဂါ

သွေးရောဂါဗေဒတွင် သွေးရောဂါဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ကျယ်ပြန့်သော သွေးရောဂါနှင့် ရိုးတွင်းခြင်ဆီရောဂါများကို စစ်ဆေးရှာဖွေခြင်းနှင့် ကုသမှုနည်းလမ်းအတွက် ပြီးပြည့်စုံသော တစ်နေရာတည်းတွင် ရရှိနိုင်သော ဝန်ဆောင်မှုများကို ပေးပါသည်။

  • သံဓာတ်အားနည်းသော သွေးအားနည်းရောဂါ ၊ B12 နှင့် ဖော်လိတ်နည်းသောသွေးအားနည်းရောဂါ ၊ အခြားရေရှည် သွေးအားနည်းရောဂါအားလုံး
  • မျိုးရိုးလိုက်သော သွေးနီဥရောဂါများ ( ဥပမာ - Sickle Cell ရောဂါ နှင့် Thalassemia )
  • မိမိခုခံအားစနစ်က မိမိသွေးနီဥများကို ပြန်ဖျက်ဆီးသော သွေးအားနည်းရောဂါ
  • ဘာကြောင့်မှန်းမသိသော သွေးအပြစ်အကျဲထိန်းပေးသော သွေးမွှားဥကို ကျစေသော ရောဂါ (ITP)
  • သွေးခဲမှုဖြစ်သော ပြဿနာများ ( နက်သော သွေးပြန်ကြောhများတွင် သွေးခဲပိတ်ခြင်း ( သို့) အဆုတ်သွေးကြောတွင် သွေးခဲပိတ်ခြင်း)
  • သွေးယိုစိမ့်ခြင်း ( သို့ ) သွေးခြေဥခြင်းပြသနာများ ( ဥပမာ - hemophilia )
  • သံဓာတ်တွင် ပြဿနာရှိသောရောဂါများ ( သံဓာတ်များသော ရောဂါhaemochromatosis )