middle age man smiling and hugging wife from behind
Collapse All
Expand All

သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်း ( သားအိမ်နှင့် မွေးလမ်းကြောင်းကြားရှိ အင်္ဂါ ) အသားစတစ်သျှူးအတွင်းရှိ ဆဲလ်များမှ ကင်ဆာဖြစ်လာသော ရောဂါဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာ အမျိုးအစားများစွာ ရှိပါသည်။ အဖြစ်များဆုံးမှာ squamous cell carcinoma (SCC) ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ၏ (၈၀) ကနေ (၈၅) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။

အခြားသော သားအိမ်ခေါင်းကင်ဆာများမှာ adenocarcinoma, small cell carcinoma, adenosquamous, adenosarcoma ၊ မှဲ့ ကင်ဆာ နှင့် ပြန်ရည်ကျိတ်ကင်ဆာ တို့ ဖြစ်ပါသည်။ လူတွင်ဖြစ်သော ကြွက်နို့ပိုး HPV နှင့် မသက်ဆိုင်သော အဖြစ်နည်းသော သားအိမ်ခေါင်းကင်ဆာများလည်း ရှိပါသည်။ နောက်ပိုင်း သားအိမ်ခေါင်းကင်ဆာများသည် SCC ကဲ့သို့ မကာကွယ်နိုင်ပါ။

digital illustration of female reproductive system and cancer cells in cervix

ရောဂါဖြစ်စေနိုင်သော အချက်များကို ဖြစ်နိုင်ချေဟု ခေါ်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်ရှိခြင်းသည် ကင်ဆာသေချာပေါက် ဖြစ်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဖြစ်နိုင်ချေမရှိခြင်းသည် ကင်ဆာမဖြစ်တော့ဟု မဆိုလိုပါ။

လူတွင်ဖြစ်သော ကြွက်နို့ပိုး ( HPV ) သည် ဤကင်ဆာကို ဖြစ်စေနိုင်သော အဓိကအချက်ဖြစ်ပါသည်။ ၎င်းဗိုင်းရပ်စ်ပိုးများသည် လိင်ဆက်ဆံခြင်း သာမက ပါးစပ် ( သို့ ) စအိုမှ ဆက်ဆံခြင်းများတွင် လည်း ကူးစက်နိုင်ပါသည်။

အရွယ်ရောက်ပီးသော အမျိုးသမီးတိုင်း သားအိမ်ကင်ဆာ ဖြစ်နိုင်ချေ ရှိပါသည်။ လိင်ဆက်ဆံဖော် များစွာရှိခြင်း နှင့် စောစီးစွာ လိင်ဆက်ဆံခြင်း တို့ကဲ့သို့သော အချို့သော လိင်ဆက်ဆံခြင်းဆိုင်ရာ များသည် ဖြစ်နိုင်ချေများစေပါသည်။ ဖြစ်နိုင်ချေများသော အခြားအချက်များမှာ -

  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်ဝန်တားဆေးများ ကြာမြင့်စွာ သုံးစွဲခြင်း
  • ခုခံအားစနစ် အားနည်းခြင်း - ရောဂါပိုများနှင့် အခြားရောဂါများ ကို တိုက်ထုတ်နိုင်သော ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် အားနည်းနေခြင်းကြောင့် ခုခံအားကျဆင်းစေသော ရောဂါ (HIV) ( သို့ ) အင်္ဂါအစားထိုးခြင်း လုပ်ပြီးနောက် အင်္ဂါကို တိုက်ထုတ်နေခြင်းကို ကာကွယ်ရာတွင် ကူညီပေးသော ဆေးဝါးများ သောက်နေခြင်းတွင် ပိုးများ ဝင်စေနိုင်ပါသည်။
  • ကလေးများများ မွေးခြင်း

စောစီးသော သားအိမ်ခေါင်းကင်ဆာတွင် ရောဂါလက္ခဏာများ မရှိနိုင်ပါ။ သင့်တွင် အောက်ပါလက္ခဏာများ ရှိနိုင်ပါသည်။

  • မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း
  • ခါးနာခြင်း / တင်ပဆုံခွေနာခြင်း
  • လိင်ဆက်ဆံစဉ်နာကျင်ခြင်း ၊ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
  • မွေးလမ်းကြောင်းမှ ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း
  • ဆီးသွားရ ခက်ခြင်း ( သို့ ) နာကျင်ခြင်း ( သို့ ) ဆီးအရောင်နောက်ခြင်း
  • ဝမ်းချုပ်ခြင်း နှင့် ဝမ်းသွားပြီးသော်လည်း ဝမ်းကျန်နေသလို ခံစားနေရခြင်း

သားအိမ်ခေါင်း အမြှေးပါးစစ်ဆေးခြင်း Pap smear သည် သားအိမ်ခေါင်းကင်ဆာကို ကြိုတင်စစ်ဆေးခြင်းတွင် ထိရောက်သောနည်းလမ်းဖြစ်သော်လည်း သားအိမ်ခေါင်းကင်ဆာ ( သို့ ) ကင်ဆာမဖြစ်ခင်အခြေအနေ ရောဂါသတ်မှတ်ဖို့ သေချာရန် သားအိမ်ခေါင်း အသားစကို စစ်ဆေးရန် လိုအပ်ပါသည်။ သားအိမ်ကြည့်မှန်ပြောင်းမှ တဆင့် သားအိမ်ခေါင်း မျက်နှာပြင်ပေါ်တွင် ပုံမှန်မဟုတ်သော ဆဲလ်များကို မြင်ရစေရန် အက်စစ်ဓာတ် အပျော့စား ပါဝင်သော အရည်ကိ အသုံးပြုခြင်းဖြင့် ချဲ့ကြည့်သော မှန်ပြောင်းမှ တဆင့် မြင်ရပါသည်။

အခြားသော ရောဂါရှာဖွေနိုင်သာ လုပ်ငန်းစဉ်များမှာ - Loop Electrical Excision Procedure (LEEP) ၊ cone အသားစယူခြင်း နှင့် punch အသားစယူခြင်းတို့ ဖြစ်ပါသည်။

သားအိမ်ခေါင်းကင်ဆာသည် အချိန်ကြာမှ ပေါ်လာတာများပါသည်။ HPV ရောဂါပိုးသည် သားအိမ်ခေါင်း ဆဲလ်များကို ပုံမှန်မဟုတ်သော ဆဲလ်များကို ဖြစ်သွားစေပါသည်။ အချိန်ကြာတာနှင့် အမျှ ပုံမှန်မဟုတ်သော ဆဲလ်များသည် ကင်ဆာဆဲလ်များဖြစ်လာနိုင်ပြီး စတင်ကြီးထွားလာကာ သားအိမ်ခေါင်းအတွင်း နှင့် ဘေးပတ်လည်နေရာများသို့ ထိုးဝင်ပျံ့နှံ့ပါသည်။

CIN (cervical intraepithelial neoplasia) သည် သားအိမ်ခေါင်း အတွင်း တစ်သျှူးအသားများသို့ မဝင်ရောက်သေးသော ပြဿနာကို ရည်ညွှန်းပါသည်။ မျက်နှာပြင် အပေါ်ယံတွင် သာ ဖြစ်ပါသည်။ CINကို အဆင့် (၁) နုသောအဆင့် ၊ အဆင့် (၂) အလယ်အလတ် နှင့် အဆင့် (၃) ဆိုးရွားသော အဆင့် ဟု သတ်မှတ်ထားပါသည်။ CINအဆင့် (၃) သည် ကင်ဆာမဖြစ်ခင် အဆင့် ကို ဆိုလိုပါသည်။

HPV ပိုးရှိသူအမျိုးသမီးတိုင်း CIN မဖြစ်သည်ကို အရေးကြီးစွာ မှတ်သားရပါမည်။CIN မဖြစ်သော အမျိုးသမီးများသည်လည်း သားအိမ်ကင်ဆာ ဖြစ်လာနိုင်ပါသည်။ HPVရောဂါပိုးများသည် အခြားသော ပိုးများကဲ့သို့ ခုခံအားစနစ်ကို လျှင်မြန်စွာကျစေပါသည်။

အဆင့် သတ်မှတ်ခြင်းသည် သားအိမ်ခေါင်းကင်ဆာ မည်မျှ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့သလဲကို ဖော်ပြခြင်း ဖြစ်ပါသည်။ အဆင့် (၁) သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်းအတွင်းသို့ ဝင်ရောက်သော်လည်း အပြင်သို့ မထွက်သေးပါ။ အဆင့်(၂) ကင်ဆာသည် မွေးလမ်းကြောင်း အထက်ပိုင်း သို့ ပျံ့နေပါသည် ( သို့ ) သားအိမ်ခေါင်း ဘေးဘက် တစ်သျှူးများသို့ ပျံ့နေပါသည်။ အဆင့် (၃) ကင်ဆာ သည် မွေးလမ်းကြောင်း အောက်ပိုင်း နှင့် တင်ပဆုံခွေ ဘေးနံရံများ ( သို့ ) ကျောက်ကပ်ကို ပိတ်စေပါသည်။ အဆင့် (၄) သည် ဝမ်းသွားရာလမ်းကြောင်း ( သို့ ) ဆီးအိမ် ကဲ့သို့သော အင်္ဂါများ ( သို့ ) အခြားသော ဖြစ် သော အင်္ဂါများ ဖြစ်သော အဝေးနေရာရှိ ပြန်ရည်ကျိတ်များ ၊ အသည်း ၊ အဆုတ် နှင့် အရိုးများ သို့ ဝင်ရောက်ပျံ့နှံ့နေပါသည်။

diagram comparing a normal cervix with cervical cancer which had abnormal cells appearing in cervical tissue

သားအိမ်ခေါင်းကင်ဆာကို ခွဲစိတ်ကုသနည်း၊ ဓာတ်ရောင်ခြည်ပြကုသနည်း ၊ ကင်ဆာဆေးသွင်းခြင်း ၊ ပစ်မှတ်ထားကုထုံးနှင့် မိမိခုခံအားစနစ်သုံးကုထုံးများဖြင့် ကုသနိုင်ပါသည်။ ကင်ဆာအဆင့်နှင့် အမျိုးအစားများပေါ် မူတည်၍ ကုသနည်း တစ်ခုထက် ပိုလိုကောင်း လိုနိုင်ပါသည်။

  • ခွဲစိတ်ကုသနည်း
    ခွဲစိတ်ကုသနည်းသည် စောစီးသော သားအိမ်ခေါင်း ကင်ဆာများတွင် လုပ်ဆောင်ပါသည် ။ ခွဲစိတ်ခြင်းပမာဏသည် အဆင့် ပေါ်မူတည်ပါသည်။
  • ဓာတ်ရောင်ခြည်ပြကုသခြင်း
    ဓာတ်ရောင်ခြည်ပြကုသခြင်းသည် ကင်ဆာဆဲလ်များကို သတ်ရန် စွမ်းအားမြင့် ရောင်ခြည်များ အသုံးပြုခြင်း ( သို့ ) ဓာတ်ရောင်ခြည်လွှတ်ခြင်း ဖြစ်ပါသည်။ ၎င်းသည် သားအိမ်ခေါင်းကင်ဆာကို ကုသနိုင်ရန် ကင်ဆာဆေးသွင်းခြင်းနှင့် ပေါင်းစပ်၍ အသုံးပြုပါသည်။
  • ကင်ဆာဆေးသွင်းခြင်း
    ကင်ဆာဆေးသွင်းသည် ကင်ဆာကုသရန် ပါးစပ်မှ သောက်ခြင်း ( သို့ ) သွေးကြောထဲ သွင်းခြင်းဖြင့် ဆေးများကို အသုံးပြုခြင်းဖြစ်ပါသည်။ သူတို့သည် သွေးကြောထဲမှ တဆင့် ကင်ဆာဆဲလ်များ ကြီးထွားခြင်းနှင့် ကွဲပြားခြင်းကို တားဆီးရန် အလုပ်လုပ်ပါသည်။ သားအိမ်ခေါင်းကင်ဆာတွင် ကင်ဆာဆေးသွင်းခြင်း နှင့် ဓာတ်ရောင်ခြည်ပေးခြင်းကို အခြားသို့ မပျံ့နှံ့သေးသော ကင်ဆာတွင် အသုံးပြုပါသည်။ အခြားသို့ ပျံ့နှံ့သော ကင်ဆာများ ကုသရာတွင်လည်း အသုံးပြုပါသည်။
  • ပစ်မှတ်ထားကုထုံး
    ကင်ဆာဆဲလ်များသည် ရှင်သန်ကြီးထွားရန် သွေးကြောများ လိုအပ်ပါသည်။သွေးကြောအသစ်များ ဖြစ်ပေါ်ခြင်းကို ကူညီပေးသော ပရိုတင်းများကို အဓိကပစ်မှတ်ထားသော ကုသနည်းကို အသုံးပြုခြင်းသည် ကင်ဆာဆဲလ်များ မကြီးထွားနိုင်တော့ပဲ သေစေပါသည်။ ပစ်မှတ်ထားကုထုံးသည် သားအိမ်ခေါင်းကင်ဆာတွင် ကင်ဆာဆေးသွင်းနှင့် အတူတူ ပေးပါသည်။
  • မိမိခုခံအားစနစ်သုံး ကုထုံး ( Immunotherapy )
    မိမိခုခံအားစနစ်သုံးကုထုံးသည် ခန္ဓာကိုယ်၏ မိမိခုခံအားစနစ်ကို တားဆီးပေးသော ဆေးပေးခြင်းများ ဖြစ်ပါသည်။ ၎င်းသည် ကင်ဆာဆဲလ်များကို မှတ်မိပြီး ဖျက်ဆီးလိုက်ပါသည်။ မိမိခုခံအားစနစ်သုံး ကုထုံးသည် သားအိမ်ခေါင်းကင်ဆာအတွက် ပြန်လည်ဖြစ်ခြင်း ( သို့ ) အခြားနေရာများသို့ ပျံ့နှံ့နေခြင်းများအတွက် အသုံးပြုသော ကုသနည်းလမ်းဖြစ်ပါသည်။

စောစီးသော သားအိမ်ခေါင်းကင်ဆာများတွင် ရောဂါလက္ခဏာများ မရှိတတ်ပါ။ သို့သော် စောစီးစွာ ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါသည်။ စောစီးစွာ ရှာဖွေတွေ့ရှိလေ ပျောက်ကင်းအောင် ကုသနိုင်ချေ များ လေ ဖြစ်ပါသည်။

သားအိမ်ခေါင်းအမြှေးပါးစစ်ဆေးခြင်း (Pap smear ) သည် သားအိမ်ခေါင်းကင်ဆာကို ကြိုတင်စစ်ဆေးခြင်း ဖြစ်ပါသည်။ ပြင်ပလူနာဌာနတွင် လုပ်နိုင်ပါသည်။ Speculumဟု ခေါ်သော ပလတ်စတစ် ( သို့ ) သတ္တုစမ်းသပ်ပစ္စည်းများကို မွေးလမ်းကြောင်းချဲ့ရာတွင် အသုံးပြုပါသည်။ ဆရာဝန် ( သို့ ) သူနာပြုသည် မွေးလမ်းကြောင်းနှင့် သားအိမ်ခေါင်းကို စမ်းသပ်ပြီး သားအိမ်ခေါင်း နှင့် ၎င်းပတ်လည်မှ ဆဲလ်များကို ယူပါသည်။ ၎င်းဆဲလ်များကို ဖန်ပြားပေါ်တွင် ထားလိုက်ပြီး ပုံမမှန်သော ဆဲလ်များ ရှာဖွေရန် ဓာတ်ခွဲခန်းသို့ ပို့ပါသည်။ ဖြစ်နိုင်ချေများသော HPV (hrHPV) ကို စစ်ဆေးခြင်း သည် သားအိမ်ခေါင်းကင်ဆာဖြစ်စေသော HPV virus အမျိုးအစားကို ရှာဖွေပါသည်။

အမျိုးသမီးများတွင် အသက် (၂၁) နှစ်တွင် သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို စတင်လုပ်ဆောင်သင့်ပါသည်။ ( သို့ ) ပထမဆုံး လိင်ဆက်ဆံပြီး သုံးနှစ်အတွင်း စစ်ဆေးသင့်ပါသည်။

  • အသက် (၂၁ ) နှစ်နှင့် (၂၉) ကြားတွင် သားအိမ်ခေါင်းအမြှေးပါးစစ်ဆေးခြင်းကို သုံးနှစ်တစ်ခါလုပ်သင့်ပါသည်။
  • အသက် (၃၀) နှစ် နှင့် (၆၄) ကြားတွင် သားအိမ်ခေါင်း အမြှေးပါးစစ်ဆေးခြင်း PAP test နှင့် HPV စစ်ဆေးခြင်း နှစ်ခုလုံးကို ငါးနှစ် တစ်ခါ ( သို့ ) HPV စစ်ဆေးခြင်းကို သုံးနှစ်တခါ လုပ်သင့်ပါသည်။
  • အသက် (၆၅) နှစ် ( သို့ ) အထက်တွင် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်းများသည် ပုံမှန်အဖြေများ ဖြစ်လျှင် စစ်ဆေးမှုကို ရပ်နိုင်ပါသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေများကို အောက်ပါအချက်များပြုလုပ်ခြင်းဖြင့် လျော့ကျစေနိုင်ပါသည်။

  • ကာကွယ်ဆေးထိုးခြင်း ( HPV vaccine ) - သားအိမ်ခေါင်းကင်ဆာ၏ (၇၀) ကနေ (၈၅) ရာခိုင်နှုန်းကို ဖြစ်စေသော ပိုးများကို ထိရောက်စေနိုင်ပါသည်။ ( HPV vaccine ) ကာကွယ်ဆေးသည် အသက် (၉)နှစ် မှ (၂၆) အတွင်း လိင်ဆက်ဆံခြင်း မစတင်ခင် အမျိုးသမီးလေးများနှင့် အမျိုးသမီးများကို အဓိက ပစ်မှတ်ထားပါသည်။
  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ကာကွယ်ဆေးထိုးပြီးလျှင်တောင် လုပ်သင့်ပါသည်။ ကင်ဆာပြောင်းစေနိုင်သော ဆဲလ်များကို စောစီးစွာ တွေ့ရှိအောင် ကူညီပေးပါသည်။
  • လိင်ဆက်ဆံပုံကို ပြောင်းလဲခြင်း - ရောဂါပိုးထိတွေ့မှုကို လျှော့ချခြင်းသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချနိုင်သည် ။ HPV အပါအဝင် လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန် ကွန်ဒုံးသုံးပါ။
canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။