Dr Richard Quek
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် ကင်ဆာဆိုင်ရာဆေးပညာ
ဖုန်း +65 6684 5522
ဖက်စ် +65 6694 0706
အီးမေးလ် richardquek@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Singapore), MRCP (United Kingdom), FAMS (Medical Oncology)
ပြောဆိုနိုင်သော ဘာသာစကား ကန်တုံ၊ အင်္ဂလိပ် ၊ ဟော့ကင်း၊ မန်ဒရင်း ၊ တီချွန်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Mount Elizabeth Novena အထူးကုစင်တာ
38 Irrawaddy Road #05-43, 05-50 to 55
စင်္ကာပူ 329563

Mount Elizabeth ဆေးပညာဆိုင်ရာ စင်တာ
3 Mount Elizabeth #10-11/12
စင်္ကာပူ  228510
ဖုန်း +65 6836 3665

Gleneagles ဆေးပညာဆိုင်ရာ စင်တာ
6 Napier Road #03-01
စင်္ကာပူ 258499
ဖုန်း +65 6472 0800

ကိုယ်ရေးအကျဉ်း

Dr Richard Quek သည် Parkway Cancer Centre မှ ဝါရင့်ကင်ဆာအထူးကုသမား‌တော်ကြီး ဖြစ်ပါသည်။ Dr Quek သည် အထွေထွေကင်ဆာအထူးကုအပြင် ဆာကိုးမားကင်ဆာ (Sarcomas) ၊ အစာအိမ်နှင့် အူလမ်းကြောင်းအသားလုံး အကျိတ် (GIST) ၊ မှဲ့ ကင်ဆာ (Melanoma) နှင့် ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) တွေ ကုသမှုမှာ အထူးပြု လေ့လာပါသည်။

Dr Richard Quek သည် ၀ါရင့်ကင်ဆာအထူးကုဆရာ၀န်ကြီးဖြစ်ပြီး စကႅာပူ အမျိုးသားရေးတက္ကသိုလ် (NUS) မှ ၁၉၉၇ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါသည်။ Dr Quek သည် စကႅာပူ အထွေထွေဆေးရုံနှင့် အမျိုးသားကင်ဆာစင်တာ (NCCS) မှာ ဆေးပညာအထူးကု နှင့် ကင်ဆာအထူးကု ဘာသာရပ်များ လေ့ကျင့်သင်ကြားမှုကိုရရှိခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် စကႅာပူ အစိုးရမှ အမေရိကန်နိုင်ငံ Boston မြို့၊ Dana - Farber / Harvard Cancer Centre တွင် တစ်သျှူးပျော့နှင့် အရိုးဆာကိုးမားကင်ဆာနယ်ပယ်၌ အဆင့်မြင့် လေ့လာမှုများ နှင့် သုတေသန ပြုလုပ်ခဲ့သည့်အတွက် ဆုချီးမြှင့်ခြင်းခံခဲ့ပါသည်။ ထို့အပြင် ၂၀၀၉ ခုနှစ် တွင် အမေရိကန်နိုင်ငံတွင် သုတေသန ဆက်လက်လုပ်ခြင်းအတွက် National Medical Research Council (NMRC) အသင်းအဖွဲ့ဝင်အဖြစ် ဆုချီးမြင့်ခြင်းကိုလည်း ရရှိခဲ့ပါသည်။

Parkway Cancer Centre သို့ မ၀င်ရောက်ခင် Dr Quek သည် ၂၀၁၃ မှ ၂၀၁၈ ခုနှစ် အထိ စကႅာပူ အမျိုးသားကင်ဆာအထူးကုစင်တာရှိ ကင်ဆာဌာနတွင် ဒုတိယဌာနမှုးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ အခုအတောတွင်း တွင် စကႅာပူအမျိုးသားကျန်းမာရေး (Singhealth) ကင်ဆာအထူးကုဌာနတွင် အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Dr Richard Quek သည် ၂၀၁၃ ခုနှစ်မှာ စကႅာပူဆာကိုးမားဆိုင်ရာ ယာယီပူးပေါင်းထားသော အဖွဲ့အစည်းကို စတင်တည်ထောင်ပြီး နှစ်စဉ်စကႅာပူ အသားလုံးကျိတ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ Dr Quek သည် ၂၀၁၅ ခုနှစ်တွင် အာရှနိုင်ငံများ ဆားကိုးမားကင်ဆာများဆိုင်ရာ ယာယီပူးပေါင်းထားသောအဖွဲ့အစည်း (ASC) ကို တည်ထောင်ခဲ့ပြီး အာရှတခွင် ဆာကိုးမားဆိုင်ရာ သုတေသနနှင့် ပညာပေးများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ASC ကို ဆက်လက်ဦးဆောင်လျက်ရှိပါသည်။

၂၀၀၄ နှင့် ၂၀၀၅ ခုနှစ်တွင် မြောက်များစွာသော လူမှုထူးချွန်ဆုများကို ရရှိခဲ့ပြီး ၂၀၁၃ နှင့်၂၀၁၅ ခုနှစ်တွင် စကႅာပူအမျိုးသားကျန်းမာရေး (Singhealth) က ချီးမြှင့်‌ပေးသော ပညာပေးဆိုင်ရာ ထူးချွန်ဆုများလည်း ရရှိခဲ့ပါတယ်။ Dr Quek သည် ပညာရှင်များ ရေးသားသော peer reviewed journals များတွင် စာမျက်နှာ ၇၀ အထက် ဆောင်းပါးများ ရေးသားခဲ့ပြီး သုတေသနနှင့် ပညာပေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါတယ်။