Dr Kok Jaan Yang


အထူးပြု ဘာသာရပ် | ရောဂါဝေဒနာသက်သာစေသော ဆေးပညာ |
ဖုန်း | +65 6473 8688 |
ဖက်စ် | +65 6475 9221 |
အီးမေးလ် | jaanyang.kok@pcc.sg |
ရရှိထားသောဘွဲ့များ | MBBS (Singapore), MMed (Family Med) (Singapore), Dip Palliative Med (Wales), GDAcu (Singapore), FAMS (Palliative Medicine) |
ပြောဆိုနိုင်သော ဘာသာစကား | ကန်တုံ၊ အင်္ဂလိပ် ၊ ဟော့ကင်း၊ မန်ဒရင်း ၊ တီချွန်း |
ဆေးခန်းလိပ်စာ(များ)
Gleneagles ဆေးရုံ Level 36A Napier Road
စင်္ကာပူ 258500
Mount Elizabeth ဆေးရုံ Level 2
3 Mount Elizabeth
စင်္ကာပူ 228510
ဖုန်း - +65 6737 0733
Mount Elizabeth ဆေးပညာစင်တာ
3 Mount Elizabeth #10-11/12
စင်္ကာပူ 228510
ဖုန်း - +65 6836 3665
Mount Elizabeth Novena အထူးကုစင်တာ
38 Irrawaddy Road #05-43, 05-50 to 55
စင်္ကာပူ 329563
ဖုန်း - +65 6684 5522
ကိုယ်ရေးအကျဉ်း
Dr Kok Jaan Yang သည် Parkway Cancer Centre ရှိ ရောဂါဝေဒနာသက်သာစေသော ဆေးပညာတွင် ဝါရင့်အတိုင်ပင်ခံ ဆရာဝန်ကြီးဖြစ်ပါသည်။
Dr Kok သည် စင်္ကာပူတွင် ဆေးကျောင်းမှ ဘွဲ့ရရှိခဲ့ပါသည်။ Dr Kok သည် (၂၀၀၂ ) ခုနှစ်တွင် ယူကေရှိ မှ ရောဂါဝေဒနာသက်သာစေသော ဆေးပညာတွင် ဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့ပါသည်။ Dr Kok သည် စင်္ကာပူတွင် ရိုးရာတရုတ်ဆေးပညာတက္ကသိုလ်မှ အပ်စိုက်ကုသခြင်းပညာတွင် ဒီပလိုမာဘွဲ့လည်း ရရှိခဲ့ပြီးနောက် လိုင်စင်ရ အပ်စိုက်ကုသပညာရှင်ဖြစ်လာပါသည်။
ဇူလိုင် (၂၀၀၈ ) ခုနှစ်တွင် Parkway Cancer Centre ကို မဝင်ရောက်ခင် Dr Kok သည် Dover Park ဆေးရုံတွင် အတိုင်ပင်ခံ အဖြစ်နှင့် စင်္ကာပူ အမျိုးသားတက္ကသိုလ်ဆေးရုံတွင် ရောဂါဝေဒနာသက်သာစေသော ဆေးပညာ၌ ဧည့်အတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့ပါသည်။
Dr Kok သည် အသက်မွေးမှုဆိုင်ရာ ကော်မတီများစွာတွင် လုပ်ဆောင်ခဲ့ပါသည်။ Dr Kok သည် (၂၀၀၇ - ၂၀၁၈ ) အထိ စင်္ကာပူရှိ ရောဂါဝေဒနာသက်သာစေသော ဆေးပညာ အထူးကုများ လေ့ကျင့်ရေးကို လေ့လာကြည့်ရှုနေသော စင်္ကာပူ အထူးကုများ အသိအမှတ်ပြု ဘုတ်မှ ခန့်အပ်ခြင်းဖြင့် ရောဂါဝေဒနာသက်သာစေသော ဆေးပညာ ဘာသာရပ်ခွဲများ လေ့ကျင့်ရေး ကော်မတီတွင် အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ (၂၀၀၉ ) မှ ( ၂၀၁၉ ) ခုနှစ်အထိ Dr Kok သည် စင်္ကာပူရှိ ရောဂါဝေဒနာသက်သာစေသော ဆေးပညာ အဆင့်မြင့် အထူးကု လေ့ကျင့်သားများ အတွက် the Exit စာမေးပွဲများတွင် စာမေးပွဲ စစ်ဆေးသူ ဖြစ်ခဲ့ပါသည်။ Dr Kok သည် (၂၀၁၁) မှ (၂၀၁၃ ) ခုနှစ် အထိ စင်္ကာပူ အကယ်ဒမီဆေးပညာနှင့်အတူ ရောဂါဝေဒနာသက်သာစေသော ဆေးပညာ the SRS ဒီပလိုမာသင်တန်းတွင် တွဲဘက် အစီအစဥ်ညွှန်ကြားရေးမှူးလည်း ဖြစ်ခဲ့ပါသည်။ Dr Kok သည် စင်္ကာပူရှိ နာတာရှည်ဆေးရုံ ကောင်စီ လေ့ကျင့်ရေးနှင့် သုတေသန ကော်မတီ၏ အရင် ဥက္ကဌဖြစ်ခဲ့ပါသည်။ Dr Kok သည် (၂၀၀၈ ) ခုနှစ် စင်္ကာပူ ရောဂါဝေဒနာသက်သာစေရန် ပြုစုစောင့်ရှောက်မှု တွေ့ဆုံဆွေးနွေးပွဲ ၏ စည်းရုံးရေး ကော်မတီ ဥက္ကဌလည်း ဖြစ်ခဲ့ပါသည်။
ယခုလက်ရှိတွင် Dr Kok သည် NUS ဆေးပညာ ဘွဲ့ကြိုနှင့် ဘွဲ့လွန် အစီအစဥ်ရှိ ရောဂါဝေဒနာသက်သာစေသော ဆေးပညာ သင်ကြားရေးတွင် တက်ကြွစွာ ပါဝင်လျှက်ရှိပါသည်။