paediatric-oncology

ကလေးတိုင်း ပြုံးရယ်ဖို့ ထိုက်တန်ကြပါသည်။ ကင်ဆာကင်းလွတ်သော ကလေးဘဝတိုင်းမရနိုင်သော်လည်း (၇၅) ရာခိုင်နှုန်းသော ကင်ဆာဖြစ်နေသော ကလေးများ သက်တမ်းပိုမိုကြာရှည်နေနိုင်အောင် မျှော်လင့်နိုင်သော သတင်းကောင်းရှိပါသည်။ ကလေးကင်ဆာများနှင့် သူတို့၏ သူငယ်ချင်းများ၊ မိသားစုများနှင့် အနာဂတ်ကို အာရုံစိုက်နိုင်သော ဘဝကို ရရှိစေပါသည်။

ကလေးကင်ဆာရောဂါဆိုင်ရာ ချဥ်းကပ်ခြင်းသည် ကလေးများကို ထဲထဲဝင်ဝင်နားလည်ပေးနိုင်ခြင်းနှင့် စတင်ပါသည်။ သူတို့ ကုသမှုအလိုက် ဇီဝဖြစ်စဥ် အခြင်းအရာများနှင့် တုံ့ပြန်မှုများသည် ကွဲပြားခြားနားကြပါသည်။

ငယ်ရွယ်သော လူနာများတွင် ဖြစ်နိုင်သော ဆေးရုံတက်ခြင်းနှင့် ကုသမှုများမှ နာကျင်မှုများ နည်းသထက်နည်းအောင်လုပ်ခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ သူတို့ကို လုံခြုံမှုနှင့် ဂရုစိုက်မှုရအောင် ထောက်ပံ့ပေးသော ပတ်ဝန်းကျင်ဖြစ်စေရန် အတွက် ရွေးချယ်စရာများသော ကုသမှုနည်းလမ်းများ၏ ထိရောက်မှု ၊ နည်းနိုင်သမျှအနည်းဆုံး အဆင်မပြေမှုများ နှင့် ဓာတ်မတည့်မှုနည်းအောင် သေချာရွေးချယ်ထားသော ဆေးဝါးကုသမှုများကို ကျွန်ုပ်တို့ရွေးထားပါသည်။

ကျွန်ုပ်တို့ ကလေးကင်ဆာဆိုင်ရာ ဆေးခန်းသည် ကင်ဆာနှင့် သွေးရောဂါဖြစ်နေသော ကလေးများအတွက် အထူးပြုထားသော ဆေးပညာဆိုင်ရာ ဂရုစိုက်ပေးသော နေရာဖြစ်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့ ငယ်ရွယ်သောလူနာများသည် ရောဂါရှာဖွေခြင်း၊ ကင်ဆာဆေးသွင်းခြင်းနှင့် အခြား ဆေးကုသမှုဆိုင်ရာ နည်းလမ်းများ သာမက သွေးရောဂါဆိုင်ရာ ရိုးတွင်းခြင်ဆီဆဲလ် အစားထိုးကုသခြင်း haematopoietic stem cell transplant အတွက် တစ်ဦးချင်းစီကို ဂရုစိုက်မှုရရှိစေပါသည်။