Hodgkin ဟော့ချ်ကင်းပြန်ရည်ကျိတ်ကင်ဆာ

Lymphoma ဆိုတာကတော့ သွေးဖြူဥများရှိတဲ့ ပြန်ရည်ကြောတစ်သျှူးများက ကင်ဆာဖြစ်လာတဲ့ သွေးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သွေးဖြူဥအမျိုးအစားနဲ့ သွေးဖြူဥရဲ့ရောက်ရှိနေတဲ့သက်တမ်းအဆင့်ပေါ်မှာ မူတည်ပြီး Lymphoma အမျိုးအစားများကို ခွဲခြားထားပါတယ်။ အဓိက အုပ်စုနှစ်ခုအနေနဲ့ Hodgkin Lymphoma နဲ့ Non-Hodgkin Lymphoma ဆိုပြီး သတ်မှတ်ထားပါတယ်။ Hodgkin Lymphoma အများစု (၉၅ရာခိုင်နှုန်းကျော်)ဟာ သာမန် Hodgkin Lymphoma ဖြစ်ပြီးတော့ ယခုအချက်အလက်များက ဒီတွေ့ရများတဲ့ Hodgkin Lymphoma အတွက် ရည်ညွှန်းပါတယ်။
Lymphoma အမျိုးအစားအတိအကျ ရောဂါနာမည်တပ်နိုင်ဖို့က ထိရောက်တဲ့ ကုသမှု ပြုလုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးသော ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။

တချို့လူနာတွေမှာ Lymphoma ဖြစ်ပြီး တချို့မှာ မဖြစ်တာလဲဆိုတဲ့ အကြောင်းက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သို့သော်လည်း Lymphoma ကို ဖြစ်ခြင်းနဲ့ ဆက်စပ်တဲ့အချက်တော်တော်များများကိုတော့ သိထားပါပြီ။ ကိုယ်ခံအားကျဆင်းမှုရောဂါပိုး (HIV - Human Immunodeficiency Virus) နဲ့ Epstein Barr Virus တို့ပဲ ဖြစ်ပါတယ်။ တခြားဖြစ်နိုင်တဲ့အချက်များကတော့ ပတ်ဝန်းကျင်မှ ကင်ဆာဖြစ်စေနိုင်တဲ့အရာများနှင့် တချို့သော ရှားပါးမျိုးရိုးဗီဇပြောင်းလဲမှုများပဲ ဖြစ်ပါတယ်။
Hodgkin Lymphoma က ရောဂါလက္ခဏာအများကြီး ဖြစ်စေနိုင်ပါတယ်။ အတွေ့ရများတဲ့ ရောဂါလက္ခဏာများကတော့
- ခဏခဏဖျားခြင်း၊ အဖျားရက်ရှည်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့မှာ အကျိတ်ထွက်ခြင်း
- ညဖက် ချွေးပျံ့ခြင်း
- အစားအသောက်ပျက်ခြင်း
ဒီလိုလက္ခဏာတွေရှိတိုင်းတော့ Lymphoma ဖြစ်နေပြီလို့ မသတ်မှတ်နိုင်ပါဘူး။ ဒီလိုလက္ခဏာတွေက ကင်ဆာကြောင့် ခံစားရတာမဟုတ်ပါဘူး။ သို့သော်လည်း ဒီလိုလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နှင့် ပြသပြီး လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
ဘယ်လိုရောဂါနာမည်တပ်သလဲဆိုရင် -
ဖြစ်တဲ့ပြန်ရည်ကျိတ်ကနေ အသားစယူပြီး စစ်ဆေးခြင်းက Lymphoma ရောဂါဟုတ်မဟုတ်သိရဖို့ အရေးကြီးပါတယ်။ အသားစလေးပဲ ခွဲထုတ်ယူစစ်ဆေးတာဖြစ်နိုင်သလို ပြန်ရည်ကျိတ်တစ်ခုလုံးထုတ်ပြီး စစ်ဆေးတာလည်း ဖြစ်နိုင်ပါတယ်။ ပြန်ရည်ကျိတ်ကို အပ်နဲ့အသားစယူ စစ်ဆေးတာကိုတော့ Lymphoma ရောဂါသတ်မှတ်ဖို့ မသုံးသင့်ပါဘူး။ ရလာတဲ့အသားစကို အထူးပြုလုပ်ထားတဲ့ဆေးများအသုံးပြုပြီး Lymphoma အမျိုးအစားသေချာအောင် ခွဲခြားရပါတယ်။

Hodgkin Lymphoma လို့ သေချာပြီးဆိုရင် အဆင့်သတ်မှတ်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ အဆင့်သတ်မှတ်ခြင်းက ခန္ဓာကိုယ်ထဲမှာ Lymphoma ဖြစ်နေတဲ့အတိုင်းအတာကို သိရပါတယ်။ ရောဂါရလဒ်ကို တွက်ဆတဲ့နေရာမှာ အရေးပါသလို ကုသမှုအစီအစဉ်တွေ လုပ်ဆောင်ဖို့အတွက်လည်း အလွန်အသုံးဝင်ပါတယ်။ အဆင့် လေးဆင့် သတ်မှတ်ထားပြီး A (သို့) B ဆိုပြီး အုပ်စုထပ်ခွဲပါသေးတယ်။
- အဆင့် ၁ - ရင်ဝမ်းခြားကြွက်သားရဲ့ တဖက်ဖက်မှာရှိတဲ့ ပြန်ရည်ကျိတ်အုပ်စုတစ်ခုမှာပဲ ကင်ဆာဖြစ်တယ်။
- အဆင့် ၂ - ရင်ဝမ်းခြားကြွက်သားရဲ့ တဖက်ဖက်မှာရှိတဲ့ ပြန်ရည်ကျိတ်အုပ်စု နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ ပြန်ရည်ကျိတ်အုပ်စုတွေမှာ ကင်ဆာဖြစ်တယ်။
- အဆင့် ၃ - ပြန်ရည်ကျိတ် အုပ်စု အနည်းဆုံး ၂ ခုမှာ ကင်ဆာဖြစ်တယ် ဒါပေမယ့် ရင်ဝမ်းခြားကြွက်သားနှစ်ဖက်လုံးမှာ ဖြစ်နေတယ်။
- အဆင့် ၄ - If there is disease affecting an organ (e.g. Bone Marrow, Liver etc.) other than lymph nodes.
- အဆင့် အေ - ခဏခဏဖျားတာ၊ ညဖက်ချွေးပျံတာ၊ ကိုယ်အလေးချိန်ကျတာ မရှိဘူး။
- အဆင့် ဘီ - အထက်က လက္ခဏာတွေထဲက တခုခုရှိနေတယ်။
အဆင့်သတ်မှတ်ရာမှာ CT scan, PET CT scans တွေ ပါဝင်ပါတယ်။ ရောဂါအနေအထားပေါ်မူတည်ပြီး ရိုးတွင်းချဉ်ဆီစစ်ဆေးမှု ပြုလုပ်ရနိုင်ပါတယ်။
ရောဂါကုသမှုအနေနဲ့ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ Immunotherapy နှင့် ပင်မဆဲလ်အစားထိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကုသမှု နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး ပေါင်းစပ်ကုသရတတ်ပါတယ်။ Lymphoma အမျိုးအစားနှင့် ရောဂါရလဒ်ကောင်းနိုင်ခြေများပေါ် မူတည်ပါတယ်။

ကင်ဆာဆေးသွင်းကုသခြင်း
Hodgkin Lymphoma စတင်ဖြစ်တဲ့လူနာအတွက် ကင်ဆာဆေးသွင်းကုသခြင်းက အဓိက ကုသမှုပဲ ဖြစ်ပါတယ်။ ယေဘူယျအနေနဲ့ ကင်ဆာဆေးများက မြန်မြန်ကွဲပွားတဲ့ဆဲလ်များကို သေစေပါတယ်။ ဒါကြောင့် ကင်ဆာဆေးများက ကင်ဆာဆဲလ်များကို ချေဖျက်တဲ့နေရာမှာ အလွန်ထိရောက်ပါတယ်။ သို့သော်လည်း ခန္ဓာကိုယ်မှာ ပုံမှန်မြန်မြန်ကွဲပွားတဲ့ဆဲလ်များဖြစ်တဲ့ မွှေးညှင်းအိတ်များနဲ့ ရိုးတွင်းချဉ်ဆီထဲက သွေးဆဲလ်ဖြစ်လာမယ့်ဆဲလ်များကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားတွေ ခဏကျဆင်းတာတွေ ဖြစ်တာပါ။ ကင်ဆာဆေးသွင်းကုသခြင်းကို monoclonal antibody ကုသမှုနဲ့ ပေါင်းစပ်ပြီး တချို့သောလူနာတွေမှာ ကုသပါတယ်။
Immunotherapy ( မိမိခုခံအားစနစ်သုံးကုထုံး)
Immunotherapy ကတော့ လူနာခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (သို့) ကိုယ်ခံအားစနစ်ရဲ့ကနေ ပြုလုပ်ထားတဲ့ ဆေးများကို အသုံးပြုပြီး ကုသတာဖြစ်ပါတယ်။ Immunotherapy အမျိုးမျိုးရှိပါတယ်။ Hodgkin Lymphma အတွက်ကတော့ Hodgkin Lymphoma ကင်ဆာဆဲလ်များမှာရှိတဲ့ Protein တမျိုးကို ပစ်မှတ်ထားနိုင်တဲ့ Monoclonal antibodies နှင့် Checkpoint inhibitors လို့ သိတဲ့ ထိုးဆေးတမျိုးတို့ပဲ ဖြစ်ပါတယ်။ ဒီကုသမှုတွေက Hodgkin Lymphoma ကင်ဆာဆဲလ်များကို ချေဖျက်ရာမှာ အလွန်အစွမ်းထက်ပါတယ်။ သို့သော်လည်း ဒုတိယအနေနဲ့ စဉ်းစားအသုံးပြုရတဲ့ကုသမှုဖြစ်ပါတယ်
ပင်မဆဲလ်အစားထိုးကုသခြင်း ( Stem cell transplantation )
Hodgkin Lymphoma ပြန်ဖြစ်တဲ့လူနာတွေကို ဒုတိယကုသမှုအဖြစ် ပင်မဆဲလ်အစားထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ သွေးဆဲလ်များဖြစ်စေတဲ့ ပင်မဆဲလ်များအစားထိုးခြင်းက လူတဦးကို ကင်ဆာဆေးပမာဏများများနှင့် ဓာတ်ရောင်ခြည်ကုသမှုနှစ်ခုလုံးကို ခံနိုင်စေပါတယ်။ ဆေးပမာဏမြင့်မြင့်က ရိုးတွင်းချဉ်ဆီတွင်းက Lymphoma ဆဲလ်များသာမက ကျန်းမာတဲ့သွေးဆဲလ်များကိုပါ ဖျက်ပစ်ပါတယ်။ ထို့နောက်မှာ လူနာရဲ့ လည်ပင်း(သို့) ရင်ဘတ်မှာရှိတဲ့ သွေးပြန်ကြောအကြီးကနေ ပိုက်ပျော့ထည့်ပြီး ကျန်းမာတဲ့သွေးဆဲလ်ဖြစ်စေမယ့် ပင်မဆဲလ်များ သွင်းပေးလိုက်ပါတယ်။ အစားထိုးလိုက်တဲ့ ပင်မဆဲလ်များကနေ သွေးဆဲလ်အသစ်များ ဖြစ်လာစေပါတယ်။
ပင်မဆဲလ်အစားထိုးကုသမှုကို ဆေးရုံမှာပဲ ပြုလုပ်ပါတယ်။ ပင်မဆဲလ်တွေကိုတော့ လူနာကိုယ်တိုင်ဆီက (သို့) ကျန်းမာတဲ့အလှူရှင်ဆီကနေ ရယူပါတယ်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းက စွမ်းအားမြင့်ရောင်ခြည်ကို အသုံးပြုပြီး Hodgkin Lymphoma ဆဲလ်များကို ဖျက်ဆီးတာဖြစ်ပါတယ်။ ကင်ဆာအကျိတ်တွေကို သေးသွားစေသလို နာကျင်မှုကိုလည်း သက်သာစေပါတယ်။ တခါတရံမှာ ပြန်ရည်ကျိတ်အကြီးကြီးရှိတဲ့လူနာတွေမှာ ပထမဆုံးကုသမှုအဖြစ် လုပ်ဆောင်ရတတ်ပါတယ်။

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။
CanHOPE အနေနဲ့
- ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
- ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
- ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
- ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
- ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
- ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
- ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။
CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။