close up visual of lymphoma virus and dna
Collapse All
Expand All

ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma ) သည် ပုံမှန်ပြန်ရည်ကျိတ်ဆဲလ်များမှ ကင်ဆာဖြစ်လာသောအခါ ပြန်ရည်ကျိတ်အသားစများပါဝင်သော သွေးကင်ဆာတစ်မျိုး ဖြစ်ပါသည်။ ပြန်ရည်ကျိတ်ဆဲလ်အမျိုးအစားနှင့် ပြန်ရည်ကျိတ် သက်တမ်း၏ အဆင့်သည် ပြန်ရည်ကျိတ်ကင်ဆာ အမျိုးအစားကို ဆုံးဖြတ်ပေးပါသည်။ အဓိကအုပ်စုကြီးနှစ်ခုမှာ - ဟော့ကင်းပြန်ရည်ကျိတ်ကင်ဆာ (HL) နှင့် ‌ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ (NHL) ဆိုပြီးရှိပါသည်။ ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာကို T-cell ၊ B-Cell နှင့် NKT-cell ပြန်ရည်ကျိတ်ကင်ဆာဆိုပြီး ခွဲခြားထားပါသည်။ B Cell ပြန်ရည်ကျိတ်ကင်ဆာများကို နှေးကွေးစွာ ပျံ့နှံ့သော ကင်ဆာ (low grade) နှင့် လျှင်မြန်ဆိုးရွားသော ကင်ဆာ (high grade) ဆိုပြီး ထပ်မံ ခွဲခြားထားပါသည်။

ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစား အတိအကျကို သေချာတိကျစွာ ရောဂါရှာဖွေခြင်းသည် ထိရောက်သော ကုသမှုနည်းလမ်းကို ရရှိစေရန် အရေးကြီးဆုံးဖြစ်ပါသည်။

အချို့လူနာများသည် ပြန်ရည်ကျိတ်ကင်ဆာဖြစ်ပြီး အချို့ဘာကြောင့် မဖြစ်သလဲဆိုတာတော့ သေချာစွာ မသိရသေးပါ။ သို့သော် အချက်များစွာသည် ပြန်ရည်ကျိတ်ကင်ဆာဖြစ်ပေါ်စေခြင်းနှင့် ဆက်စပ်နေပါသည်။ ထိုအချက်များတွင် HIV (Human Immunodeficiency Virus) ၊ Epstein Barr Virus (EBV) ၊ HTLV-1 နှင့် HHV-8 ကဲ့သို့သော ဗိုင်းရပ်များ တို့ ပါဝင်ပါသည်။ အခြားသော ဖြစ်နိုင်ချေ အချက်များတွင် ပတ်ဝန်းကျင်တွင် ကင်ဆာဖြစ်စေသော ပစ္စည်းများနှင့် အချို့သော ရှားပါးသော ဗီဇချို့ယွင်းချက်များ ပါဝင်ပါသည်။

woman pressing her neck with both hands

ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာများသည် များစွာသော ရောဂါလက္ခဏာများ ပြပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ -

  • ကြာရှည်သော ပြန်ဖြစ်ဖြစ်နေသော အဖျားများ
  • ရှင်းပြလို့မရနိုင်သော ကိုယ်အလေးချိန်ကျခြင်းများ
  • လည်ပင်း၊ အပေါ်လက်မောင်း နှင့် ပေါင်းခြံနေရာများတွင် စမ်းမိသော ယောင်နေသော ပြန်ရည်ကျိတ်များ
  • ညဘက် ချွေးထွက်ခြင်းများ
  • အစားအသောက်ပျက်ခြင်းများ

ထိုရောဂါလက္ခဏာများ ရှိခြင်းသည် တစ်စုံတစ်ယောက်တွင် ပြန်ရည်ကျိတ်ကင်ဆာ ရှိပြီဟု မဆိုလိုပေ။ အကြောင်းမှာ များသောအားဖြင့် ထိုလက္ခဏာများသည် ကင်ဆာကြောင့် မဟုတ်သောကြောင့် ဖြစ်ပါသည်။ သို‌သော် ထိုလက္ခဏာများဖြစ်လာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေခြင်းနှင့် လိုအပ်လျှင် ကုသခြင်းများ လုပ်နိုင်ပါသည်။

lymph nodes biopsy microscopic images

ရောဂါရှာဖွေခြင်းကို ဘယ်လိုလုပ်ဆောင်ရမလဲ ?

ရောဂါဖြစ်နေသော ပြန်ရည်ကျိတ်များမှ အသားစယူခြင်းသည် ပြန်ရည်ကျိတ်ကင်ဆာကို ရောဂါရှာဖွေခြင်းတွင် လိုအပ်ပါသည်။ Incision biopsy ( ပြန်ရည်ကျိတ်အသားစ အနည်းငယ်ကို ယူခြင်း ) ( သို့ ) excision biopsy ( ပြန်ရည်ကျိတ်တစ်ခုလုံးကို ဖြတ်ထုတ်လိုက်ခြင်း) တို့ဖြစ်ပါသည်။ အပ်အသေးလေးဖြင့် စုပ်ထုတ်ခြင်း ( Fine needle aspiration )တစ်ခုတည်း ( အပ်ကို ဖြစ်နေသော ပြန်ရည်ကျိတ်ထဲသို့ ထိုးသွင်းလိုက်ပြီး ဆဲလ်များကို စစ်ဆေးဖို့ရန်အတွက် ထုတ်ယူခြင်း) ကို ပြန်ရည်ကျိတ်ကင်ဆာတွင် မလုပ်သင့်ပေ။ အသားစကို အထူးဆိုးဆေးများ ဆိုးပြီးနောက် ပြန်ရည်ကျိတ်အမျိုးအစား ခွဲခြားခြင်းကို သေချာတိကျအောင် လုပ်ဆောင်ဖို့ လိုအပ်သောကြောင့်ဖြစ်ပါသည်။

အဆင့်သတ်မှတ်ခြင်း

ဟောကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဟု ရောဂါသိရှိပြီးသည်နှင့် တပြိုင်နက် , အဆင့်သတ်မှတ်ခြင်းကို လုပ်ဆောင်ရပါမည်။ အဆင့်သတ်မှတ်ခြင်းသည် ခန္ဓာကိုယ်တွင် ပြန်ရည်ကျိတ် အတိုင်းအတာကို ရည်ညွှန်းပါသည်။ ၎င်းသည် ရောဂါတိုးတက်မှု သိသာစေခြင်းနှင့် လူနာအတွက် ကုသမှုနည်းလမ်းများ တိုးတက်စေရန် အသုံးဝင်ပါသည်။ အဆင့် (၄) ဆင့် ( အဆင့် (၁) မှ (၄) အထိ ) နှင့် အမျိုးအစား အေ (သို့ ) ဘီ လည်းရှိပါသည်။

များပြားသော အဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆင့် (၁) - ရင်ခေါင်းကြွက်သား တစ်ဖက်ဖက်တွင် ရောဂါသက်ရောက်နေသော ပြန်ရည်ကျိတ်များ တစ်အုပ်စု

အဆင့်(၂) - ရောဂါသက်ရောက်နေသော ပြန်ရည်ကျိတ်များ နှစ်အုပ်စု ( သို့ ) ၎င်းထက်ပိုသော အုပ်စုများ ၊ သို့သော် ရင်ခေါင်းကြွက်သား တစ်ဖက်တည်းတွင်သာ ရှိပါသည်။

အဆင့်(၃) - ရောဂါသက်ရောက်နေသော ပြန်ရည်ကျိတ်များ အနည်းဆုံး (၂) အုပ်စု၊ သို့သော် ရင်ခေါင်းကြွက်သား နှစ်ဖက်စလုံးတွင် ရှိရပေမည်။

အဆင့် (၄) - ပြန်ရည်ကျိတ်များသာမက အင်္ဂါတစ်ခုခု ( ဥပမာ - ရိုးတွင်းချဉ်ဆီ၊ အသည်း စသည် ) တွင် ရောဂါရှိနေလျှင်

အဆင့်(အေ) - ပြန်ဖြစ်ဖြစ်နေသော အဖျားများ၊ ညဘက်ချွေးထွက်ခြင်းများ ( သို့ ) ကိုယ်အလေးချိန်လျော့ကျခြင်းများ မရှိခြင်း

အဆင့် (ဘီ)- အထက်ပါတို့မှ တစ်ခုခု ရှိခြင်း

အဆင့်သတ်မှတ်ခြင်းတွင် PET-CT ( သို့ ) CT-scans ကဲ့သို့သော ပုံရိပ်မြင်စက်များ ပါဝင်သည်။ ဇာတ်လမ်းအပေါ်မူတည်၍ ရိုးတွင်းချဉ်ဆီ အသားစယူခြင်း ( သို့ ) ဦးနှောက်နှင့် အာရုံကြောအရည်ကို စစ်ဆေးခြင်းကဲ့သို့သော စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ရပါမည်။

ရောဂါတိုးတက်မှုသည် ကင်ဆာအဆင့်ပေါ်တွင် လုံးဝမူမတည်ပေ။ ပတ်မှတ်ထားကုထုံးခေတ်တွင် အသားစတွင် ဗီဇရှာဖွေစစ်ဆေးခြင်းတို့သည် ရောဂါတိုးတက်မှုအချက်အလက်တွင် အရေးကြီးပါသည်။

ကုသမှုနည်းလမ်းတွင် အောက်ပါ ပုံစံများ ဖြစ်သော ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပြကုသခြင်း၊ မိမိခုခံအားစနစ်သုံးကုထုံး နှင့် ပင်မဆဲလ်အစားထိုးခြင်း တို့ထဲမှ တစ်ခု ပါဝင်နိုင်ပါသည်။ မကြာခဏ အထက်ပါနည်းလမ်းများ နှစ်ခု ( သို့) ၎င်းထက်ပို၍ ပေါင်းစပ်ကုသခြင်းများ ပြုလုပ်ပါသည်။ ၎င်းသည် ပြန်ရည်ကျိတ်ကင်ဆာအခွဲများ နှင့် ပြန်ရည်ကျိတ်၏ ရောဂါတိုးတက်မှု အခြင်းအရာများအပေါ် မူတည်ပါသည်။

ကင်ဆာဆေးသွင်းခြင်း

ကင်ဆာဆေးများသည် ဆဲလ်များကို အဆိပ်ဖြစ်စေသော ပစ္စည်းများဟုလည်း ခေါ်ပါသည်။ ယေဘုယျအားဖြင့် ထိုဆေးများသည် လျှင်မြန်စွာ ကွဲပွား/ ကြီးထွားနေသော ဆဲလ်များကို သတ်လိုက်ပါသည်။ ထို့ကြောင့် ဆဲလ်များကို အဆိပ်ဖြစ်စေသော ဆေးများသည် ကင်ဆာဆဲလ်များ သတ်ရာတွင် အကျိုးသက်‌ရောက်မှု မြင့်မားသော်လည်း ခန္ဓာကိုယ်တွင် လျှင်မြန်စွာ ကွဲပွားနေသော ဆံပင်မွှေးညှင်းပေါက်လေးများ နှင့် ခြင်ဆီရှိ ပုံမှန်သွေးဆဲလ်များဖြစ်ခြင်းတို့ကို လည်း ပျက်စီးစေပါသည်။ ထိုရလဒ်များသည် ဆံပင်ကျွတ်ခြင်းနှင့် ယာယီသွေးဆဲလ်များကျခြင်း ( သွေးနီဥဆဲလ်၊သွေးဖြူဥဆဲလ် နှင့် သွေးမွှားဥများ ) တို့ဖြစ်စေပါသည်။ ကင်ဆာဆေးသွင်းခြင်းကို ဟော့ကင်းမဟုတ်သောပြန်ရည်ကျိတ်တွင် monoclonal antibody ကုထုံးနှင့် တခါတရံ ပေါင်းစပ်ကုသပါသည်။

မိမိခုခံအားစနစ်သုံးကုထုံး

မိမိခုခံအားစနစ်သုံးကုထုံးသည် လူနာများ၏ ကိုယ်ပိုင်ခုခံအားစနစ်ကို အသုံးပြုသော ကုသမှုနည်းလမ်းဖြစ်ပါသည်။ ( သို့) ရောဂါကိုတိုက်ထုတ်ရန် ခုခံအားစနစ်၏ အစိတ်အပိုင်းများမှ ပြုလုပ်ထားသော ဆေးဝါးများ ဖြစ်ပါသည်။ မိမိခုခံအားစနစ်သုံးကုထုံးသည် ပုံစံများစွာ ရှိပါသည်။ ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာတွင် အဓိကအသုံးပြုသော ပုံစံသည် monoclonal antibodies ( ဇီဝဖြင့်ပြုလုပ်သောပုံစံများ ဟုလည်း ခေါ်ပါသည် ) ဖြစ်ပါသည်။ diffuse large B-cell lymphoma ဟုခေါ်သော ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ၏ အသုံးအများဆုံးသည် monoclonal antibodies နှင့် ကင်ဆာဆေးသွင်းခြင်းတို့ ပေါင်းစပ်ကုသခြင်းသည် လက်ရှိအသုံးပြုနေသော ကုသမှုနည်းလမ်းဖြစ်ပါသည်။ ဤပေါင်းစပ်ကုသခြင်းကို ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ အခြားအမျိုးအစားများတွင်လည်း အသုံးပြုပါသည်။

မတူညီသော ပရိုတိန်းများ နှင့် ပြန်ရည်ကျိတ်ကင်ဆာဆဲလ်များကို ပစ်မှတ်ထားသော ကွဲပြားသော monoclonal antibodies များစွာရှိပါသည်။ ထိုဆေးဝါးသတ်မှတ်ချက်ကြောင့် ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားအရ ကုသမှုနည်းလမ်းများနှင့် သင့်လျှော်သောကုထုံးများ ‌ရွေးချယ်သောအခါတွင် " တစ်မျိုးတည်းနှင့် အားလုံးကို ထိခြင်း" မျိုးမဟုတ်ပေ။

Monoclonal antibodies မှ တပါး checkpoint inhibitors အပါအဝင် အခြားသောခုခံအားစနစ်သုံးကုထုံးများတို့ကို အသုံးပြုသော်လည်း များသောအားဖြင့် ရောဂါပြန်လည်ဖြစ်သောအခါတွင် အသုံးများပါသည်။

ပင်မဆဲလ်အစားထိုးကုသခြင်း

ပြန်လည်ဖြစ်သော ပြန်ရည်ကျိတ်ကင်ဆာလူနာသည် များသောအားဖြင့် ဒုတိယမြောက်အနေဖြင့် ကုသခြင်းမျိုးကဲ့သို့ ပင်မဆဲလ်အစားထိုးကုသခြင်းကို ရရှိနိုင်ပါသည်။ သွေးဆဲလ်ဖြစ်စေသော ပင်မဆဲလ်အစားထိုးခြင်းသည် လူနာကို ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပြကုထုံး၊ ( သို့ ) နှစ်မျိုးလုံးရရှိစေပါသည်။ ဆေးပမာဏများများသည် ရိုးတွင်းခြင်ဆီတွင် ပြန်ရည်ကျိတ်ဆဲလ်များနှင့် ကျန်းမာသော သွေးဆဲလ်များ နှစ်ခုလုံးကို ဖျက်ဆီးလိုက်ပါသည်။ ထို့နောက် လူနာသည် ရင်ဘတ်( သို့) လည်ပင်းနေရာရှိ သွေးပြန်ကြောမကြီးတွင် တပ်ဆင်ထားသော ပျော့ပျောင်းသော ပိုက်လိုင်းလေးမှ တဆင့် ကျန်းမာသော သွေးဖြစ်စေသော ပင်မဆဲလ်များကို ရရှိစေပါသည်။ သွေးဆဲလ်အသစ်များသည် အစားထိုးထားသော ပင်မဆဲလ်များမှ ကြီးထွားလာပါသည်။

ပင်မဆဲလ်အစာထိုးခြင်းများကို ဆေးရုံတွင် ပြုလုပ်ပါသည်။ ပင်မဆဲလ်များသည် လူနာ၏ ကိုယ်ပိုင် ( သို့ ) ကျန်းမာသော အလှူရှင်ဆီမှ လာနိုင်ပါသည်။

ဓာတ်ရောင်ခြည်ပြကုသခြင်း

ဓာတ်ရောင်ခြည်ပြကုထုံး ( ဓာတ်ရောင်ခြည်ပေးခြင်းဟုခေါ်သော) သည် ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ဆဲလ်များကို သတ်ရန် စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြုပါသည်။ ၎င်းသည် အကျိတ်များကို ကျုံ့စေပြီး နာကျင်မှုကို ထိန်းချုပ်ပါသည်။ ဓာတ်ရောင်ခြည်ပြခြင်းသည် ပြန်ရည်ကျိတ်ကင်ဆာသည် ရင်ခေါင်းအမြှေးပါးကြွက်သား၏ တစ်ဖက်တည်း ( သို့) တစ်နေရာတည်း တွင် သာ ဖြစ်သော အဆင့်(၁) ( သို့ ) အဆင့်(၂) ရောဂါလူနာများတွင် ပထမဆုံးအသုံးပြုသော ကုသနည်းအဖြစ်လည်း တခါတရံ အသုံးပြုပါသည်။

canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပတ်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။