stem-cell-transplant

သွေးရောဂါဆိုင်ရာ ရိုးတွင်းခြင်ဆီဆဲလ် အစားထိုးကုသခြင်းHaematopoietic stem cell transplantation ( သို့ ) ပိုမိုလူသိများသော ရိုးတွင်းခြင်ဆီ အစားထိုးခြင်း bone marrow transplantation သည် ကင်ဆာများသာမက ကင်ဆာမဟုတ်သော အခြေအနေများကို ကုသရာတွင်လည်း အသုံးပြုသော အထူးပြုအစီအစဥ် ဖြစ်ပါသည်။ (၁၉၅၀) အစောပိုင်းကတည်းက ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသော အစားထိုးကုသခြင်း များကို လုပ်ဆောင်နေပါသည်။ အောင်မြင်မှုသည် ဘက်စုံပါဝင်သော အစားထိုးဆိုင်ရာ အဖွဲ့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံပေါ် မူတည်ပါသည်။

PCC ၏ သွေးရောဂါနှင့် ရိုးတွင်းခြင်ဆီအစားထိုးခြင်း စင်တာတွင် ကျွန်ုပ်တို့၏ အစားထိုးဆိုင်ရာ အထူးကုများသည် ကမ္ဘာတွင် အသိအမှတ်ပြုထားသော အစားထိုးစင်တာများတွင် သင်တန်းတက်ပြီး အလုပ်လုပ်ကိုင်ထားပြီးသူများ ဖြစ်ပါသည်။ သူတို့တွင် လူကြီးနှင့် ကလေးလူနာများ၏ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုတွင် ကျယ်ပြန့်သော အတွေ့အကြုံရှိကြပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင်

မိမိရိုးတွင်းခြင်ဆီဆဲလ်ကို မိမိဆီပြန်လည်အစားထိုးကုသခြင်း ( Autologous Haematopoietic Stem Cell Transplantation)

လူနာမှ ရိုးတွင်းအတွင်းမှ ဆဲလ်များ ( သို့ ) သွေးကြောမှ ဆဲလ်များအသုံးပြုခြင်း

အခြားကိုက်ညီသူများဆီမှ ရိုးတွင်းခြင်ဆီဆဲလ် အစားထိုးကုသခြင်း ( Allogeneic Haematopoietic Stem Cell Transplantation )

ရိုးတွင်းခြင်ဆီဆဲလ်များကို -

  • အမျိုးတော်သော အလှူရှင်များ
  • အမျိုးမတော်သော အလှူရှင်များ
  • ချက်ကြိုးသွေး
  • Haplo-identical အလှူရှင်များ( များသောအားဖြင့် လူနာ၏ မိဘများ )

ကုသမှုဆိုင်ရာ သတ်မှတ်ချက်များကို အသုံးပြု၍ လူနာတစ်ဦးချင်းဆီ၏ ဆေးပညာဆိုင်ရာ အခြေအနေအလိုက် ညှိပြီးကုသသဖြင့် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်စေပါသည်။ ကုသမှုတစိတ်တပိုင်းအဖြစ် လူနာများသည် အစားထိုးကုသခြင်းတွင် အောင်မြင်မှုအမြင့်ဆုံးရရှိရန် အစားထိုးကုသခြင်း မတိုင်မီနှင့် ကုသအပြီးတွင် မိမိခုခံအားစနစ်သုံး ကုထုံး (immunotherapy ) နှင့် ကင်ဆာဆေးသွင်းကုသခြင်းကို ခံယူရရှိနိုင်ပါသည်။

ပြည့်စုံသော ညီညွတ်သော ဂရုစိုက်မှုကို ပေးရန် ကျွန်ုပ်တို့အစားထိုးကုသမှုဆိုင်ရာ အထူးကုဆရာဝန်များကို အစားထိုးကုသခြင်းတွင် သေချာလေ့ကျင့်သင်ကြားထားသော သူနာပြုများ ၊ ဆွေးနွေးတိုင်ပင်သူများ ၊ အာဟာရဆိုင်ရာ ပညာရှင်များနှင့် အခြားသော ပညာရှင်များက ပံ့ပိုးပေးထားပါသည်။

သွေးရောဂါဆိုင်ရာ ရိုးတွင်းခြင်ဆီဆဲလ် အစားထိုးကုသခြင်း Haematopoietic stem cell transplantation ဆိုသည်မှာ ဘာလဲ ?

သွေးရောဂါဆိုင်ရာ ရိုးတွင်းခြင်ဆီဆဲလ် အစားထိုးကုသခြင်းHaematopoietic stem cell transplantation ( သို့ ) ပိုမိုလူသိများသော ရိုးတွင်းခြင်ဆီ အစားထိုးခြင်း bone marrow transplantation သည် ကင်ဆာများသာမက ကင်ဆာမဟုတ်သော အခြေအနေများကို ကုသရာတွင် ခန္ဓာကိုယ်ထဲသို့ ခြင်ဆီဆဲလ်များ အစားထိုးသော အဆင့်မြင့်သော အထူးပြု နည်းပညာ ဖြစ်ပါသည်။ (၁၉၅၀) အစောပိုင်းကတည်းက ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသော အစားထိုးကုသခြင်း များကို လုပ်ဆောင်နေပါသည်။ ကုသမှုဆိုင်ရာ ထိရောက်မှုကို မြင့်တင်နိုင်ရန် သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်နေပါသည်။

ထူခြားသော အရည်အချင်းများ - တိကျသေချာသော လုပ်ငန်းတာဝန်များလုပ်ဆောင်နိုင်ရန် အထူးပြုဆဲလ်များဖြစ်အောင် ခြင်ဆီဆဲလ်များ ဖန်တီးခြင်းပေးနိုင်သော စွမ်းရည် ။ ထိုသို့ပြုလုပ်ပြီး ခြင်ဆီဆဲလ်များသည် သွေးကြောထဲတွင် ရှင်သန်ကြီးထွားနိုင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်အတွက် လိုအပ်သော ဆဲလ်များကို ထုတ်ပေးနိုင်ပါသည်။ သို့ဖြင့် ခြင်ဆီဆဲလ် အစားထိုးခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆေးပညာဆိုင်ရာတိုးတက်မှု ဖြစ်ပါသည်။

ထူခြားသော အရည်အချင်းများ - တိကျသေချာသော လုပ်ငန်းတာဝန်များလုပ်ဆောင်နိုင်ရန် အထူးပြုဆဲလ်များဖြစ်အောင် ခြင်ဆီဆဲလ်များ ဖန်တီးခြင်းပေးနိုင်သော စွမ်းရည် ။ ထိုသို့ပြုလုပ်ပြီး ခြင်ဆီဆဲလ်များသည် သွေးကြောထဲတွင် ရှင်သန်ကြီးထွားနိုင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်အတွက် လိုအပ်သော ဆဲလ်များကို ထုတ်ပေးနိုင်ပါသည်။ သို့ဖြင့် ခြင်ဆီဆဲလ် အစားထိုးခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆေးပညာဆိုင်ရာတိုးတက်မှု ဖြစ်ပါသည်။

ရိုးတွင်းခြင်ဆီအစားထိုးခြင်း အချို့သောကင်ဆာဆဲလ်များသာမက သွေးနှင့် မိမိခုခံအားစနစ်ဆိုင်ရာ ရောဂါများအတွက် ကုသမှုတွင် ကမ္ဘာလုံးတွင် အောင်မြင်စွာပြုလုပ်နေပြီဖြစ်ပါသည်။

လူကြီးများ

  • သွေးဖြူဥကင်ဆာ ( Leukaemia )
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • ရိုးတွင်းခြင်ဆီကင်ဆာ ( Myeloma )
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • မိမိခုခံအားက မိမိကိုယ်ကို ပြန်တိုက်သော ( Autoimmune ) ရောဂါ
  • အချို့သော ကင်ဆာအကျိတ်များ

ကလေးများ

  • Neuroblastoma နှင့် အခြားသော နောက်ကျနေသော ကင်ဆာအကျိတ်များ
  • Thalassemia
  • Sickle Cell သွေးအားနည်းရောဂါ
  • မွေးရာပါ ရိုးတွင်းခြင်ဆီ အားနည်းခြင်း
  • အရိုးပွခြင်း
  • ခုခံအားနည်းခြင််း
  • ဇီဝဖြစ်စဥ် ရောဂါများ
  • သွေးဖြူဥကင်ဆာ
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma )
  • မိမိခုခံအားက မိမိကိုယ်ကို ပြန်တိုက်သော ( Autoimmune ) ရောဂါ

ရိုးတွင်းခြင်ဆီဆဲလ် အစားထိုးခြင်းသည် စိတ်ချရပါသလား? ဘာတွေပါဝင်ပါသလဲ ?

ခြင်ဆီဆဲလ်အစားထိုးကုသခြင်းသည် အသက်ကယ်သော ကုသနည်းဖြစ်ပါသည်။ ဖြစ်နိုင်ချေများကို လူနာများနှင့် စောင့်ရှောက်သူများကို မလုပ်ခင် အရင်သေချာရှင်လင်းစွာ ရှင်းပြပါသည်။ လုပ်ဆောင်မှုတွင် အကျဥ်းချုပ်အားဖြင့် အဆင့် (၃)ဆင့် ရှိပါသည်။

  1. အခြေအနေဖြစ်အောင် လုပ်ဆောင်ခြင်း - လူနာသည် ခုခံအားစနစ်ကို ပြောင်းလဲရန် ရောဂါရှိသော ဆဲလ်များကို သတ်ရန် ဓာတ်ရောင်ခြည်‌ပေးခြင်း နှင့် ( သို့ ) ကင်ဆာဆေးသွင်းခြင်းကို ခံယူရပါသည်။
  2. ထိုးသွင်းခြင်း - ခြင်ဆီဆဲလ်များကို ပျက်စီးနေသော ဆဲလ်များနေရာတွင် အစားထိုးရန် ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပါသည်။ သွေးသွင်းသကဲ့သို့ ခွဲစိတ်ကုသမှုမလိုအပ်သော နည်းပညာဖြစ်ပါသည်။
  3. အစားထိုးခြင်း - အစားထိုးထားသော ခြင်ဆီဆဲလ်များသည် ကျန်းမာသော သွေးနီဥ နှင့် သွေးဖြူဥ ၊ သွေးမွှားဥများကို ထုတ်ပေး ရန်နှင့် ကြီးထွားစေရန် နှစ်ပတ်ကနေ လေးပတ်အထိကြာပါသည်။