Yvette Yee

.webp?Status=Master&sfvrsn=1df0981d_1)
Yvette Yee
ဆွေးနွေးအကြံပေးသူ
ဆေးဘက်ဆိုင်ရာ
ဆေးဘက်ဆိုင်ရာ
အီးမေးလ် | yvette.yee@pcc.sg |
ရရှိထားသောဘွဲ့များ | BA (Graphic Communication, Loughborough), MC (Professional Counselling, Singapore) |
ကိုယ်ရေးအကျဉ်း
Yvette သည် Parkway Cancer Centre ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပါသည်။ သူမသည် ကင်ဆာဝေဒနာရှင်များနှင့် ၎င်းတို့၏ မိသားစုများကို စိတ်ခံစားမှုပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးပါသည်။ သူမသည် ကင်ဆာဝေဒနာရှင်များအား ၎င်းတို့၏ သီးခြားလိုအပ်ချက်များအလိုက် ပံ့ပိုးပေးရန်အတွက် စနစ်ကျသောကုထုံး ( systemic Therapy ) ၊ လူဗဟိုပြုကုထုံး ( Person-Centred Therapy) ၊ ဖြေရှင်းချက်-အာရုံထား အကျဉ်းချုပ်ကုထုံး ( Solution - Focused Brief Therapy ) နှင့် သိမှု-အပြုအမူဆိုင်ရာ ကုထုံး ( Cognitive - Behavioural Therapy ) ကဲ့သို့သော အထောက်အထားအခြေပြု လူနာပံ့ပိုးချဥ်းကပ်နည်းများကို ကျင့်သုံးပါသည်။
Yvette သည် Loughborough တက္ကသိုလ်မှ (၂၀၁၁) ခုနှစ်တွင် ပုံပန်းချီဖြင့် ဆက်သွယ်ရေး (ဂုဏ်ထူးဆောင်ဘွဲ့) ဖြင့် ဘွဲ့ရခဲ့ပါသည်။ နောက်ပိုင်း သူမသည် (၂၀၂၂)ခုနှစ်တွင် TCA College နှင့် Counseling အတွက် Master of Arts ကို လိုက်စားရန် စိတ်ဝင်စားလာခဲ့ပါသည်။ Yvette သည် Portland Institute တွင် Grief Counseling ( ဝမ်းနည်းမှုဆိုင်ရာနှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်း) တွင် လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်နေပါသည်။
Parkway Cancer Centre သို့မ၀င်မီ၊ Yvette သည် ပံ့ပိုးကူညီမှုနှင့် ပြုစုပျိုးထောင်မှုပတ်ဝန်းကျင်ကို မွေးမြူရန် ကလေးများ၊ မိသားစုများနှင့် တိုက်ရိုက်အလုပ်လုပ်ပြီး ကျောင်းအခြေပြု ကျောင်းသားစောင့်ရှောက်ရေးအစီအစဥ်တွင် စင်တာကြီးကြပ်ရေးမှူးအဖြစ် (၈) နှစ်အပ်နှံခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနတွင် အလုပ်သင်ကာလတွင် ကလေးများအား အကြံဉာဏ်ပေးခြင်းဆိုင်ရာ အတွေ့အကြုံများကိုလည်း ရရှိခဲ့ပါသည်။ (၂၀၂၃) ခုနှစ်တွင် Yvette သည် မတူကွဲပြားသော လူဦးရေနှင့် ယဉ်ကျေးမှုနောက်ခံများမှ တစ်ဦးချင်းစီနှင့် မိသားစုများကို ပံ့ပိုးပေးသည့် Family Service Centre တွင် အကြံဉာဏ်ကို ဆက်လက်ပေးကာ သူမ၏လူနာပံပိုးကူညီမှုနည်းလမ်းများကို ပုံစံအမျိုးမျိုးဖြင့် ပေါင်းစပ်ထားပါသည်။ နှစ်များတစ်လျှောက် မတူကွဲပြားသော အလုပ်အတွေ့အကြုံများက သူမအား ကျယ်ပြန့်သော ရှုထောင့်နှင့် ကင်ဆာဝေဒနာရှင်များအား ရှုထောင့်ပေါင်းစုံမှ နားလည်သဘောပေါက်ပြီး ပံ့ပိုးပေးနိုင်စွမ်းရှိစေပါသည်။
Yvette သည် ကင်ဆာလူနာများနှင့် ပြုစုစောင့်ရှောက်ပေးသူများအတွက် ပံ့ပိုးကူညီမှုအဖွဲ့များကို ကူညီဆောင်ရွက်ပေးပါသည်။ သူမသည် လေ့ကျင့်ရေးသင်တန်းများကျင်းပပြီး ကင်ဆာစောင့်ရှောက်မှုတွင် ခံစားမှုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ခေါင်းစဉ်များနှင့် ပတ်သက်သည့် ဟောပြောပွဲများကို ပို့ချပေးကာ ကင်ဆာဝေဒနာရှင်များနှင့် ချစ်ရသူများကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ထုတ်ဝေမှုများကို ပံ့ပိုးပေးပါသည်။
x
![]()