Yang Juan
ဝါရင့် နာကျင်ဝေဒနာသက်သာစေရန် စောင့်ရှောက်ပေးသော သူနာပြု
ဆေးဘက်ဆိုင်ရာ
အီးမေးလ် juan.yang@pcc.sg
ရရှိထားသောဘွဲ့များ RN (Singapore), Dip (Nursing, Singapore), SDPC (Specialist Dip in Palliative Care, Singapore), BSc (Nursing, Australia), BMA (Media Art, Australia)

ကိုယ်ရေးအကျဉ်း

Yang Juan သည် Parkway Cancer Centre တွင် ဝါရင့် နာကျင်ဝေဒနာသက်သာစေရန် စောင့်ရှောက်ပေးသော သူနာပြုတစ်ဦးဖြစ်ပါသည်။ သူမသည် ဘဝအဆုံးတွင် ခံစားရခက်ခဲသော နာကျင်မှုများ နှင့် အခြားသော ဝေဒနာများကို ခံစားနေရသော ကင်ဆာလူနာများအတွက် ခံစားနာကျင်ဝေဒနာသက်သာစေသော သမားတော်များ၊ ကင်ဆာဆရာဝန်များနှင့် ဆေးရုံများတွင် သာမက သူတို့အိမ်များတွင်ပါ ထောက်ပံ့မှုပေးနိုင်ရန် အနီးကပ် အလုပ်လုပ်ပါသည်။ သူမသည် ချစ်ခင်သူများ ဆုံးရှုံးရသော မိသားစုဝင်များအတွက် ဆုံးရှုံးမှုအတွက် ထောက်ပံ့ပေးမှုများလည်း ပေးစွမ်းပါသည်။

Yang Juan သည် (၂၀၀၇ ) တွင် ဆေးပညာသိပ္ပံ ( သူနာပြု) ဒီပလိုမာကို စကာႅပူ Nanyang Polytechnic မှ ရရှိခဲ့ပြီး သြစတြေးလျ ကာတင်တက္ကသိုလ်မှ ဆေးပညာသိပ္ပံ ( သူနာပြု ) ဘွဲ့ကို ရရှိခဲ့ပါသည်။ Yang Juan သည် နာကျင်ဝေဒနာသက်သာ ပြုစုစောင့်ရှောက်မှု အထူးပြု ဒီပလိုမာဘွဲ့ကို Ngee Ann Polytechnic မှ (၂၀၁၈) တွင် ထပ်မံရရှိခဲ့ပါသည်။

Yang Juan သည် Tan Tock Seng ဆေးရုံ (TTSH) ရှိ ဆေးပညာ နှင့် ခွဲစိတ်ပညာ ဌာနတွင် သူနာပြု အလုပ်ကို စတင်ခဲ့ပါသည်။ သူမ၏ TTSH တွင် (၇) နှစ်တာ ရိုးရိုးသူနာပြုမှ ဝါရင့်သူနာပြုဖြစ်သည်အထိ လုပ်ကိုင်နေစဥ်အတွင်း သူမသည် ကင်ဆာနှင့် ဝေဒနာသက်သာစေသော လူနာများအပါအဝင် ဘက်ပေါင်းစုံ လူနာများကို ပြုစုစောင့်ရှောက်ခြင်းတွင် အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။ သူမသည် ပြီးပြည့်စုံသော ၊ ထောက်ပံ့ပေးနိုင်သော စောင့်ရှောက်မှုကို ပေးစွမ်းနေသော နာကျင်ဝေဒနာသက်သာ အဖွဲ့အစည်းဖြင့် အံ့သြစရာကောင်းလောက်အောင် လုပ်ကိုင်နေပါသည်။ Yang Juan သည် နာကျင်မှုကို စီမံခြင်းနှင့် ဘဝအဆုံးတွင် ပြုစုစောင့်ရှောက်မှုအတွက် ဆေးရုံလေ့ကျင့်ရေးများကို တက်ရောက်ခြင်းဖြင့် သူမ၏ နာကျင်ဝေဒနာသက်သာ ပြုစုစောင့်ရှောက်မှုတွင် အသိပညာများကို အဆင့်မြှင့်တင်ခဲ့ပါသည်။

Yang Juan သည် လိုအပ်နေသူများကို Tzuchi အခမဲ့ ဆေးခန်းတွင် ပရဟိတလုပ်ကိုင်ပြီး အိမ်တိုင်ရာရောက် ကြည့်ရှုမှုကို လုပ်ကိုင်နေပါသည်။ ခံစားနေရသူများကို ကြည့်ရှုပေးခြင်းဖြင့် လူအများကို သူတို့ဘဝများကို ကွဲပြားခြားနားသွားအောင် လုပ်ပေးခြင်းနှင့်အတူ သက်တောင့်သက်သာ နှင့် ထောက်ပံ့ပေးမှု ရရှိနိုင်စေရန် သူမ၏ ယုံကြည်ချက်ကို ခိုင်မာစေပါသည်။

Yang Juan သည် (၂၀၁၂) ခုနှစ်တွင် စကာႅပူ ကျန်းမာရေးစောင့်ရှောက်မှု လူသားချင်းစာနာမှု ဆုကို ချီးမြှင့်ခံခဲ့ရပါသည်။ သူမသည် Parkway Cancer Centre တွင် နာကျင်ဝေဒနာသက်သာစေရန် ပြုစုစောင့်ရှောက်ပေးသော သူနာပြုအဖြစ် လုပ်ကိုင်ရန် ရရှိခဲ့သော အတွေ့အကြုံများမှ အသိပညာနှင့် ဝါသနာကို ဆက်လက်လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါသည်။