Julien Lim Qin Hui
ဝါရင့် နာကျင်ဝေဒနာသက်သာစေရန် စောင့်ရှောက်ပေးသော သူနာပြု
ဆေးဘက်ဆိုင်ရာ
အီးမေးလ် julien.lim@pcc.sg
ရရှိထားသောဘွဲ့များ RN (Singapore), BSc (Nursing, Australia), Adv Dip (Palliative Care, Singapore)

ကိုယ်ရေးအကျဉ်း

Julien သည် Parkway Cancer Centre တွင် ဝါရင့် နာကျင်ဝေဒနာသက်သာစေရန် စောင့်ရှောက်ပေးသော သူနာပြုတစ်ဦးဖြစ်ပါသည်။ သူမသည် ကင်ဆာလူနာများကို အိမ် ၊ အတွင်းလူနာနှင့် အပြင်လူနာနေရာများတွင် ပြီးပြည့်စုံသော၊ နယ်ပယ်များစွာဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတွင် တစိတ်တပိုင်းဖြစ်ပါသည်။ သူမသည် နာကျင်ဝေဒနာသက်သာ စောင့်ရှောက်မှု နယ်ပယ်တွင် ကြီးမားသော ချစ်ခင်မှုနှင့် စိတ်ဝင်စားမှုရှိပြီး သူမ၏ နောက်ဆုံးချိန် မကျန်းမာနေသော မိတ်ဆွေများအတွက် လူချင်းချစ်ခင်ရင်းနှီးမှုဖြင့် ပြုစုစောင့်ရှောက်မှုကို ပေးစွမ်းလျှက်ရှိပါသည်။ Julien သည် ကောင်းမွန် ပြီးပြည့်စုံစွာ စောင့်ရှောက်ပေးမှုသည် နာကျင်ဝေဒနာသက်သာစေသော လူနာများတွင် ဘဝနေထိုင်နည်း အရည်အသွေး ကို ကြီးမားစွာ တိုးတက်စေနိုင်သည်ဟု သူမယုံကြည်ပါသည်။ ထိုစိတ်ထားနှင့်အတူ သူမသည် နောက်ဆုံးချိန် နာမကျန်းဖြစ်နေသော လူနာများနှင့် သူတို့၏ ချစ်ခင်သူများ အတွက် ရောဂါဝေဒနာနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ထောက်ပံ့ပေးနိုင်ရန် သူမမျှော်လင့်ထားသောကြောင့် လူနာများ၏ နောက်ဆုံးနေ့ရက်များသည် အကျိုးရှိစွာ နှင့် သက်တောင့်သက်သာ အနေအထားဖြင့် နေထိုင်သွားနိုင်ကြပါသည်။

Julien သည် (၂၀၀၉ ) တွင် မယ်ရစ် (သူနာပြု) ကျန်းမာရေးသိပ္ပံ ဒီပလိုမာဘွဲ့ကို Ngee Ann Polytechnic မှ ရရှိခဲ့ပါသည်။ သူမသည် (၂၀၁၂)တွင် ဆစ်ဒနီ သူနာပြုတက္ကသိုလ်မှ ဘွဲ့ကို ရရှိခဲ့ပါသည်။ PCC ကို မဝင်ခင် သူမ၏ ရောဂါဝေဒနာသက်သာ ဂရုစိုက်မှုတွင် စိတ်ဝင်စားမှုသည် ဆက်လက်ကြီးမားလာပြီး (၂၀၁၄) တွင် Ngee Ann Polytechnic မှ ရောဂါဝေဒနာသက်သာ ပြစုစောင့်ရှောက်ခြင်းတွင် အထူးပြု ဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါသည်။

Julien သည် ချန်ဂီ အထွေထွေဆေးရုံတွင် သူမ၏ သူနာပြုအလုပ်အကိုင်ကို စတင်ခဲ့ပါသည်။ သူမသည် အရိုးအဆစ်နှင့် အဆစ်အမြစ်ဆိုင်ရာ အထူးကုဆေးခန်းတွင် နှစ်ပေါင်းများစွာ သူနာပြုအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ထိုနေရာတွင် သူမသည် များစွာသော တာဝန်ယူမှုများနှင့်အတူ ဆေးခန်းသူနာပြုအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ သူမ၏ လူနာပေါင်း များစွာ ထိတွေ့မှုရှိခဲ့သော အချိန်များသည် လူနာတစ်ယောက်ချင်း၏ မတူကွဲပြားသော လိုအပ်ချက်များကို ကောင်းစွာ နားလည်စေပါသည်။

Julien သည် နာကျင်မှု၊ ပူဆွေးဝမ်းနည်းမှုနှင့် ဆုံးရှုံးမှု ခေါင်းစဥ်များဖြင့် များစွာသော ဟောပြောပွဲများကို သူမ၏ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အသင်းဝင်များနှင့် လုပ်ဆောင်ခဲ့ပြီး လူနာများသည် သူတို့၏ ကုသမှုခရီးလမ်းများတွင် ကောင်းမွန်စွာ ထောက်ပံ့မှု ရရှိနိုင်စေရန် ပိုမို အကူအညီဖြစ်စေပါသည်။