Gerard Wong
ဝါရင့် အာဟာရပညာရှင်
ဆေးဘက်ဆိုင်ရာ
အီးမေးလ် gerard.wong@pcc.sg
ရရှိထားသောဘွဲ့များ Bachelor in Nutrition and Dietetics, Australia

ကိုယ်ရေးအကျဉ်း

Gerard သည် Parkway Cancer Centre တွင် ဝါရင့် အာဟာရပညာရှင် ဖြစ်ပါသည်။ သူသည် ကင်ဆာလူနာများ ကင်ဆာကုသခရီးလမ်းတလျှောက်တွင် လိုအပ်ချက်များကို ရှာဖွေပါသည်။ လူနာကြည့်ရှုခြင်းအပြင် Gerard သည် ကင်ဆာနှင့် အာဟာရဆိုင်ရာ ပတ်လည်တွင် အဖြစ်များသော ယုံမှားသံသယအချို့ကို ဖယ်ရှားရာတွင် အကူအညီဖြစ်စေရန်အတွက် ပြည်တွင်းနှင့် ပြည်ပ နှစ်ခုလုံးတွင် အာဟာရဆိုင်ရာ အလုပ်ရုံဆွေးနွေးခြင်းများ လုပ်ဆောင်ရုံသာမက စူပါမားကတ်သို့ သွားရောက်၍လည်း ဦးစီးလုပ်ဆောင်ပါသည်။

Gerard သည် တောင်သြစတြေးလျ၊ Flinders တက္ကသိုလ်မှ အာဟာရနှင့် အစားအသောက်ဆိုင်ရာ ဘွဲ့ကိုရရှိခဲ့ပါသည်။ သူသည် Northern Adelaide ကျောက်ကပ်နှင့် အစားထိုးအတွက် ဝန်ဆောင်မှုပေးခြင်းမှ ကျောက်ကပ်အာဟာရတွင် အသိအမှတ်ပြုလက်မှတ်ကို ထပ်မံရရှိခဲ့ပါသည်။ သူသည် သြစတြေးလျ၊ကန်ဘာရာ၊ သြစတြေးလျ အားကစားဆိုင်ရာ အစားအသောက်ပညာရှင်မှ အားကစားဆိုင်ရာ အာဟာရတွင် ဘွဲ့လွန်အသိအမှတ်ပြု လက်မှတ်ကိုလည်း ပြီးမြောက်ခဲ့ပါသည်။

Parkway Cancer Centre ကို မဝင်ခင် Gerard သည် Parkway ဆေးခန်းတစ်ခုတွင် နာတာရှည်ရောဂါလူနာများကို အစားအသောက်ပညာရှင်အဖြစ် တိုင်ပင်ဆွေးနွေးခြင်းကို စတင်ခဲ့ပါသည်။ သို့သော် သူ၏ အားကစားကို ချစ်မြတ်နိုးမှုသည် အာရှနှင့် Commonwealth ကစားပွဲများ သာမက သြစတြေးလျပြည်နယ်အားကစားသမားများ သူတို့နိုင်ငံအတွက် ကိုယ်စားပြုနိုင်ရန် ပြင်ဆင်ခြင်းတို့တွင် စကာႅပူ၏ ထိပ်တန်းအားကစားသမားများ အချို့နှင့်အတူတူ လက်တွဲလုပ်ဆောင်နေခြင်းကိုလည်း မြင်ခဲ့ရပါသည်။

သြစတြေးလျတွင် Gerard သည် ဆီးချို အမျိုးအစား(၁) ကလေးများနှင့် ၎င်းတို့၏ မိသားစုဝင်များ အခြေအနေကို စီမံခန့်ခွဲနိုင်ရန် ကူညီပေးရာတွင် အဓိကနေရာက ပါဝင်ခဲ့ပါသည်။ သူသည် ဆီးချိုအမျိုးအစား(၂) နှင့် မွေးရာပါဆီးချိုရောဂါလူနာများကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ သူ၏အလုပ် တစိတ်တပိုင်းသည် ကျောက်ကပ်အားနည်းနေသော သြစတြေးလျ ဌာနေတိုင်းရင်းသားများ ကျောက်ကပ်ဆေးနေစဥ် အကောင်းဆုံးရလဒ်ရရှိစေရန် လိုအပ်သော အစားအသောက် အစီအစဥ်ဇယားများကို သူတို့ကို နားလည်စေရာတွင် အကူအညီပေးခြင်းဖြင့် ဘာသာစကားများနှင့် ဓလေ့ကွာဟချက်များကို ဆက်သွယ်ပေးရာတွင်လည်း ပါဝင်ခဲ့ပါသည်။

Gerard သည် ယခုလက်ရှိတွင် စကာႅပူအာဟာရနှင့် အစားအသောက်ဆိုင်ရာ အသင်းအဖွဲ့ (SNDA) တွင် အသိအမှတ်ပြု အာဟာရပညာရှင်ဖြစ်ရုံ သာမက သြစတြေးလျ အစားအသောက်ပညာရှင်များ အသင်းအဖွဲ့ (DAA) တွင်လည်း အသင်းဝင်တစ်ဦး ဖြစ်ပါသည်။