Fahma Sunarja
ဝါရင့် အဓိကအာဟာရပညာရှင် နှင့် ဝါရင့်စီမံခန့်ခွဲသူ
ဆေးဘက်ဆိုင်ရာ
အီးမေးလ် fahmawati.sunarja@pcc.sg
ရရှိထားသောဘွဲ့များ BSc (Nutrition, NZ), Postgrad Dip (Dietetics, NZ) Sports Dietitian Cert (SDA, Australia) Nutritional Medicine Cert (ACNEM, Australia) Obesity Medicine Cert (Harvard, USA) Oncology Rehabilitation Cert (Curtin, Australia)

ကိုယ်ရေးအကျဉ်း

Fahma သည် Parkway Cancer Centre တွင် ဝါရင့်အဓိက အာဟာရပညာရှင် ဖြစ်ပါသည်။ သူမသည် ကင်ဆာလူနာများအတွက် အာဟာရဆိုင်ရာ အစီအစဥ်များကို အသေးစိတ်ရေးဆွဲပြီး ကင်ဆာခရီးလမ်းအဆင့်တိုင်းတွင် လူနာများ၏ အာဟာရလိုအပ်ချက်များကို ကြည့်ရှုစောင့်ရှောက်ပေးပါသည်။

Fahma သည် ကင်ဆာလူနာများနှင့် ကင်ဆာနှင့်ပတ်သက်သော လူမှုဝန်းကျင်ကို အာဟာရဆိုင်ရာ အလုပ်ရုံများ၊ အရင်းအမြစ်များနှင့် လှုပ်ရှားမှုများကနေတဆင့် ပညာဗဟုသုတများကို ဖြန့်ဝေပါသည်။ သူမသည် ကင်ဆာလူနာများအတွက် ရိုးရှင်းသော၊ အာဟာရပြည့်ဝသော နှင့် သင့်လျှော်သော ဟင်းအမယ်များကို တိုးတက်စေရန် ကျော်ကြားသော စားဖိုမှုးကြီးများနှင့်အတူ လက်တွဲလုပ်ကိုင်လျှက်ရှိပါသည်။ ၎င်းဟင်းအမယ်များကို Parkway Cancer Centre တွင် " စားသောက်ချင်စိတ်ကို အားဖြည့်ခြင်း " ခေါင်းစဥ်ဖြင့် အတူအတကွ ထည့်သွင်း ဖြန့်ဝေခဲ့ပါသည်။ Fahma ၏ ကင်ဆာလူနာများနှင့်အတူတကွ ပါဝင်ပူးပေါင်းမှုသည် အာဟာရဆိုင်ရာထက် ပိုပါသည်။ တိုင်ပင်ဆွေးနွေးသူများ၊ အာဟာရပညာရှင်များ၊ ပြန်လည်သန်စွမ်းရေးဆိုင်ရာ အထူးကုများနှင့် အတူ Fahma သည် ကင်ဆာပြန်လည်သန်စွမ်းထူထောင်ရေး အစီအစဥ် တိုးတက်ရေးအတွက် အဖွဲ့ကို ဦးဆောင်ခဲ့ပါသည်။

Fahma သည် နယူးဇီလန် နိုင်ငံ ၊ Otago တက္ကသိုလ်မှ အာဟာရနှင့် အစားအသောက်ဆိုင်ရာ ဘွဲ့ကို (၁၉၉၄ ) ခုနှစ်တွင် ရရှိခဲ့ပြီး ယူအက်စ်အေ ၊ Pennysylvania ၊ Pittsburgh တက္ကသိုလ်မှ ကလေးအသည်းအစားထိုးကုသခြင်း အာဟာရဆိုင်ရာ အစီအစဥ်တွင် အသိအမှတ်ပြုလက်မှတ်ကို (၁၉၉၇) ခုနှစ်တွင် ရရှိခဲ့ပါသည်။ (၂၀၀၂) ခုနှစ်တွင် သူမသည် ကန်ဘာရာ၊ သြစတြေးလျ၊ အားကစားနှင့် အစားအသောက်ဆိုင်ရာမှ အားကစားအာဟာရတွင် အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပါသည်။ Fahma သည် သြစတြေးလျ၊ ဆစ်ဒနီ၊ အာဟာရဆိုင်ရာ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာ သြစတြေးလားစီးယား ကောလိပ်မှ အာဟာရဆိုင်ရာဆေးပညာနှင့် ကင်ဆာအစီအစဥ်တွင် ပင်မသင်ရိုးကိုလည်း တက်ရောက်ခဲ့ပါသည်။ သူမသည် ယူအက်စ်အေ၊ ဘော့စတွန်၊ ဟားဗပ်ဆေးပညာကျောင်းမှ အဝလွန်ခြင်းနှင့် နေထိုင်နည်းဆိုင်ရာ ဆေးပညာသင်ရိုးကိုလည်း ပြီးမြောက်ခဲ့ပါသည်။ ယခုလက်ရှိတွင် သူမသည် သြစတြေးလျ၊ ကာတင်တက္ကသိုလ်မှ ကင်ဆာဆိုင်ရာ ပြန်လည်သန်စွမ်းရေး သင်ရိုးကို တက်‌ရောက်ခဲ့ပါသည်။

Fahma သည် အမျိုးသားတက္ကသိုလ်ဆေးရုံတွင် ဆေးပညာဆိုင်ရာ အာဟာရပညာရှင်အဖြစ် ကလေးများ ၊ ဇီဝဆိုင်ရာ ရောဂါအတွက် အာဟာရကို စီမံခန့်ခွဲခြင်းနှင့် အစားအသောက်ဝန်ဆောင်မှု အာဟာရဆိုင်ရာ ဆွေးနွေးခြင်းများတွင် အထူးပြုပြီး (၆) နှစ်တာ လုပ်ကိုင်ခဲ့ပါသည်။ ပုဂ္ဂလိကလုပ်ငန်းအတွင်း မဝင်ခင် သူမသည် စကာႅပူ အားကစားကောင်စီ (SSC) ၊ အားကစားအာဟာရယူနစ်ကို (၈)နှစ်တာ ဦးဆောင်ခဲ့ပါသည်။ သူမသည် ထိပ်တန်းအားကစားသမားများကို ကောင်းမွန်သော အာဟာရပြည့်မီမှုနှင့် သူတို့၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးရရှိနိုင်အောင် ကူညီပေးခဲ့ပါသည်။ SSC တွင် သူမသည် အာဟာရဆိုင်ရာ ပြန်လည်ကောင်းမွန်ရေးနှင့် အားကစားဆိုင်ရာ အကူအညီဖြစ်ခြင်းအတွက် အစီအစဥ်ကို အမျိုးသားအားကစားသမားများအတွက် စတင်ခဲ့ပါသည်။ " ကောင်းမွန်ကျန်းမာခြင်းအတွက် အာရှအရသာ" ခေါင်းစဥ်ဖြင့် အားကစားအာဟာရဆိုင်ရာ ဟင်းအမယ်စာအုပ်ကိုလည်း တိုးတက်စေခဲ့ပါသည်။

Fahma သည် စကာႅပူအာဟာရနှင့် အစားအသောက်ဆိုင်ရာ အသင်းအဖွဲ့ (SNDA) တွင် အသင်းဝင်တစ်ဦး ဖြစ်ပါသည်။ သူမသည် SNDA အတွင်း အစားအသောက်ဝန်ဆောင်မှုတွင် အထူးစိတ်ဝင်စားသော အုပ်စုတွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။