Chloe Ong
ဝါရင့် အာဟာရပညာရှင်
ဆေးဘက်ဆိုင်ရာ
အီးမေးလ် siewmen.ong@pcc.sg
ရရှိထားသောဘွဲ့များ

B.Sc (Dietetics, USA) PgD (Dietetics, Malaysia)

ကိုယ်ရေးအကျဉ်း

Chloe သည် Parkway Cancer Centre တွင် ဝါရင့် အစားအသောက် ပညာရှင် ဖြစ်ပါသည်။ သူမသည် ကင်ဆာလူနာများကို အထောက်အပံ့ပေးရာတွင် အထူးပြုထားပြီး Parkway Cancer Centre နှင့် အတူ ကင်ဆာအာဟာရဆိုင်ရာတွင် အထူးပြုမှုကို တိုးတက်အောင် လုပ်ဆောင်နေလျှက် ရှိပါသည်။ သူမသည် ပင်မဆဲလ်အစားထိုးကုသခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုလိုအပ်နေသော လူနာများ၊ အစာမြိုခြင်းတွင် ပြဿနာရှိနေသော ဦးခေါင်းနှင့် လည်ပင်းပိုင်းဆိုင်ရာကင်ဆာလူနာများနှင့် ကင်ဆာကြောင့် ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းနေမှုကို ခံစားနေရသော လူနာများအပါအဝင် ကင်ဆာလူနာများကို အစားအသောက်ဆိုင်ရာ အကြံဥာဏ်များ ပေးလျှက်ရှိပါသည်။

Chloe သည် ယူအက်စ်အေ၊ Kansas ပြည်နယ်တက္ကသိုလ်တွင် အစားအသောက်တွင် သိပ္ပံဘွဲ့ရရှိခဲ့ပါသည်။ သူမသည် ပြည်နယ်များတွင် HACCP ( ဘေးထွက်ဆိုးကျိုး ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အဆုံးအဖြတ်ပေးနိုင်သော ထိန်းချုပ်မှုဆိုင်ရာ အမှတ်များ ) အသိအမှတ်ပြုဘွဲ့ ကို ထပ်မံရရှိခဲ့ပါသည်။ သူမသည် သူမ၏ဇာတိနိုင်ငံ ဖြစ်သော မလေးရှားတွင် Kebangsaan မလေးရှားတက္ကသိုလ် (UKM) မှ အစားအသောက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ကိုလည်း ရရှိခဲ့ပါသည်။

Parkway Cancer Centre ကို မဝင်ခင် Chloe သည် Mount Elizabeth ဆေးရုံတွင် ဆေးဘက်ဆိုင်ရာ အစားအသောက်ပညာရှင် အဖြစ် စတင်ခဲ့ပါသည်။ သူမသည် အာဟာရဆိုင်ရာ စစ်ဆေးချက်များနှင့် အစားအသောက် ဆွေးနွေးတိုင်ပင်ခြင်းများကို လူနာများအတွက် ရှုထောင့်မျိုးစုံမှ ပေးစွမ်းခဲ့ပြီး လူနာများအားလုံးကို မှန်ကန်သော ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ကို သေချာစွာ ရရှိနိုင်အောင် အစားအစာ နှင့် အာဟာရ၊ ဖျော်ရည်သောက်စရာ ဌာနနှင့်အတူ နီးကပ်စွာ လုပ်ကိုင်ခဲ့ပါသည်။

Chloe သည် စကာႅပူ အာဟာရနှင့် အစားအသောက် အသင်းအဖွဲ့ ( SNDA ) သာမက မလေးရှား အစားအသောက် အသင်းအဖွဲ့ ( MDA ) တွင် တက်ကြွသော အသင်းဝင် ဖြစ်ပါသည်။

Chloe သည် ပြည်တွင်း ကော ပြည်ပကော နှစ်ခုစလုံးတွင် ကင်ဆာပြုစုစောင့်ရှောက်ခြင်း၌ လူနာများကို အာဟာရပြည့်ဝခြင်းတွင် အသိပညာရရှိစေရန် အာဟာရဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ပုံမှန်လုပ်ဆောင်ပါသည်။ သူမသည် ပုံမှန်လူထုအတွက် ကင်ဆာကာကွယ်ခြင်းတွင် အာဟာရဆိုင်ရာ အသိပညာပေးခြင်းကိုလည်း တက်ကြွစွာ ပါဝင်နေပါသည်။ သူမသည် အစားအသောက် ဆွေးနွေးတိုင်ပင်ခြင်း ( သို့ ) အခြားသော အထောက်အပံ့ပေးခြင်း အလုပ်အတွက် အကျိုးအမြတ်မယူသော အချို့သော အဖွဲ့အစည်းများတွင် ပရဟိတလည်း လုပ်ပါသည်။ ထို့အပြင် Chloe သည် လူနာများ ( သို့ ) ပုံမှန်လူထုအတွက် ကျန်းမာစွာစားသောက်ခြင်းတွင် အသိပညာရရှိစေရန် အာဟာရဆိုင်ရာ အချက်အလက်များကို ပေးနိုင်သော ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအချို့ကို ရေးသားပါသည်။