Chia Hui Erl
ဝါရင့် နှစ်သိမ့်တိုင်ပင်ဆွေးနွေးသူ
ဆေးဘက်ဆိုင်ရာ
အီးမေးလ် huierl.chia@pcc.sg
ရရှိထားသောဘွဲ့များ

BSocSci (Psychology, Singapore), MSocSc (Professional Counselling, Australia)

ကိုယ်ရေးအကျဉ်း

Chia Hui Erl သည် Parkway Cancer Centre တွင် ဝါရင့်နှစ်သိမ့်တိုင်ပင်ဆွေးနွေးပေးသူ တစ်ဦးဖြစ်ပါသည်။ သူမသည် ကင်ဆာလူနာများအတွက် သူတို့၏ ရောဂါသိရှိသတ်မှတ်ခြင်း၊ ကုသမှုနည်းလမ်း လုပ်ငန်းစဥ်နှင့် ဂရုစိုက်မှု အစီအစဥ်များကို သူတို့ လိုက်ပါလုပ်ဆောင်နိုင်စေရန် စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ နှင့် စိတ်ခံစားချက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းများကို ပေးစွမ်းပါသည်။ သူမသည် လူပုဂ္ဂိုလ်ကို ဦးတည်သော ကုသမှုနည်းလမ်း၊ သိမှု-အပြုအမူဆိုင်ရာ ကုသမှုနည်းလမ်း၊ ရွေးချယ်စရာ သီအိုရီ/ လက်တွေ့ကျသော ကုသမှုနှင့် ပြဿနာအဖြေရှာခြင်းကို အဓိကထားသော အကျဥ်းချုပ်ကုသမှုကဲ့သို့သော သက်သေပြုမှုကို အခြေခံသော ဆောင်ရွက်ချက်များ နှင့် သူမအလုပ်တွင် လူနာများနှင့်အတူ ၎င်းနည်းလမ်းများကို ခိုင်မာစေရန် လုပ်ဆောင်နေပါသည်။

Hui Erl သည် (၂၀၁၅ )ခုနှစ်တွင် သြစတြေးလျ၊ Swinburne University of Technology, နည်းပညာတက္ကသိုလ်မှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်းတွင် လူမှုသိပ္ပံပညာကို မာစတာဘွဲ့ရရှိခဲ့ပါသည်။ သူမသည် စကာႅပူ SIM တက္ကသိုလ် ( ယခု စကာႅပူလူမှု သိပ္ပံတက္ကသိုလ် ) မှ စိတ်ပညာသိပ္ပံဘွဲ့ကို လည်း ရရှိထားပါသည်။ Hui Erl သည် (၂၀၂၁) ခုနှစ်တွင် ပေါ့လန်အသက်မွေးဝမ်းကျောင်းမှ ပျောက်ဆုံးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်း အတွက် ပြန်လည်ထူထောင်ခြင်းကဲ့သို့သော ဝမ်းနည်းပူဆွေးကုသမှုတွင် အသိအမှတ်ပြုလက်မှတ် ရရှိထားပါသည်။ ပျောက်ဆုံးခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနှင့် ဆုံးရှုံးခြင်း နယ်ပယ်တွင် သူမ၏ အရည်အချင်းများကို ပိုမိုခိုင်မာလာအောင် ကြိုးစားအားထုတ်မှု တစိတ်တပိုင်းဖြစ်ပါသည်။

Hui Erl သည် (၂၀၁၄) ခုနှစ်တွင် နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်းကို စတင်ခဲ့ပါသည်။ သူမသည် စကာႅပူ ဗုဒ္ဓဘာသာအခမဲ့ဆေးခန်းတွင် ပထမဆုံး ပရဟိတလုပ်ကိုင်ခဲ့ပြီး ဆက်လက်၍ မိသားစုဝန်ဆောင်မှု စင်တာတွင် လုပ်ကိုင်ခဲ့ပါသည်။ ထိုနေရာများတွင် ကောင်းမွန်သော အတွေ့အကြုံများကို မတူညီသော ‌ဒေသများနှင့် ဓလေ့များရှိသော လူမျိုးများနှင့် လုပ်ကိုင်ခဲ့ခြင်းမှ ရရှိခဲ့ပါသည်။ အဲဒါမတိုင်ခင် သူမသည် ပညာရေးဝန်ကြီးဌာနတွင် သုတေသနလုပ်ငန်းများကို နှစ် (၂၀ ) လုပ်ခဲ့သော အတွေ့အကြုံများရရှိခဲ့ပါသည်။

Hui Erl သည် စကာႅပူ နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်း အသင်းအဖွဲ့ (SAC) တွင် ဆေးပညာဆိုင်ရာ အသင်းဝင်ဖြစ်ပါသည်။

Hui Erl သည် ကင်ဆာလူနာများနှင့် သူတို့မိသားစုဝင်များအတွက် မိမိကိုယ်ကို စောင့်ရှောက်မှု၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲမှုနှင့် ထောက်ပံ့ပေးမှု ကဲ့သို့သော ခေါင်းစဥ်များဖြင့် ဟောပြောပွဲများနှင့် လေ့ကျင့်ပေးမှုများကို ပြုလုပ်နေပါသည်။ သူမသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် တခါတရံ စာများရေးသားတတ်ပြီး ကင်ဆာလူနာများနှင့် သူတို့၏ မိသားစုဝင်များကို စောင့်ရှောက်ခြင်းနှင့် ဆက်စပ်သော အခြေအနေများအပေါ် အခြားသော ထုတ်ဝေရေးသားမှုများ လုပ်နေပါသည်။