Dr Zee Ying Kiat
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် ကင်ဆာဆိုင်ရာဆေးပညာ
ဖုန်း +65 6836 3665
ဖက်စ် +65 6235 2744
အီးမေးလ် yingkiat.zee@pcc.sg
ရရှိထားသောဘွဲ့များ MBBS (London), MRCP (United Kingdom), FAMS (Medical Oncology)
ပြောဆိုနိုင်သော ဘာသာစကား ကန်တုံ၊ အင်္ဂလိပ် ၊ မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Mount Elizabeth ဆေးပညာဆိုင်ရာ စင်တာ
3 Mount Elizabeth #10-11/12
စင်္ကာပူ 228510

Mount Elizabeth Novena အထူးကုစင်တာ
38 Irrawaddy Road #05-43,05-50 to 55
စင်္ကာပူ 329563
ဖုန်း +65 6684 5522

ကိုယ်ရေးအကျဉ်း

Dr Zee Ying Kiat သည် Parkway Cancer Center တွင် ၀ါရင့် ကင်ဆာအထူးကုဆရာ၀န်ကြီး ဖြစ်ပါသည်။ Dr Zee သည် ‌အထွေထွေ ဆေးပညာ ကင်ဆာဘာသာရပ်နှင့် အစာအိမ်နှင့် အစာရေမျိုပိုင်း ၊ အသည်းပိုင်းဆိုင်ရာ၊ မုန့်ချိုအိတ် (ပန်ကရိယ)ဆိုင်ရာ နှင့် အစာ‌ဟောင်းအိမ် နှင့် အူမကြီး ဆိုင်ရာ ကင်ဆာများတွင် အထူးပြု လေ့လာပါသည်။

Dr Zee သည် ဆေးပညာဘွဲ့ကို နှစ်ဘာသာဂုဏ်ထူးဖြင့် University College London မှရရှိခဲ့ပါသည်။ Dr Zee သည် Drummond Prize in Physiology ဆု ရရှိခဲ့ပြီး United Kingdom ဆေးပညာရှင်များ၏ အဖွဲ့၀င်တစ်ဦး ဖြစ်ပြီးနောက် Dr Zee သည် စကႅာပူ National University ဆေးရုံ ရှိ ဆေးပညာ ကင်ဆာဘာသာရပ်တွင် အထူးကုလေ့လာမှု မပြီးဆုံးမီ လန်ဒန်ရှိ Royal Marsden ဆေးရုံတွင် လုပ်ကိုင်ခဲ့ပါသည်။ Dr Zee သည် မန်ချက်စတာမြို့ရှိ The Christie ဆေးရုံနှင့် ကင်ဆာသုတေသနအတွက် Paterson တက္ကသိုလ် တွင် အဖွဲ့ဝင်ဖြစ်ရန် လေ့လာခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ကင်ဆာကုထုံးများ ဖြစ်ပေါ်လာပုံကို ဦးတည်ဆည်းပူးမှုပြုခဲ့ပါသည်။

ယခုလက်ရှိအလုပ်မလုပ်မီ Dr Zee သည် စကႅာပူ National University Cancer Institute (NCIS) တွင် အတိုင်ပင်ခံ ကင်ဆာအထူးကုသမားတော် အဖြစ် လုပ်ကိုင်ခဲ့ပါသည်။

Dr Zee သည် American Society of Clinical Oncology ၏ အဖွဲ့၀င်ဖြစ်ပြီး စကႅာပူ အသည်းနှင့် မုန့်ချိုအိတ် ( ပန်ကရိယ ) ဆိုင်ရာ အသင်းအဖွဲ့ ၏ တည်ထောင်သူ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါသည်။ Mount Elizabeth ဆေးရုံကြီး၏ ဆေးပညာဆိုင်ရာ အကြံပေးဘုတ် ၊ စကႅာပူ အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု အဓိက အုပ်စု ပြန်လည်စီစစ်ရေး ဘုတ် နှင့် ဆေးပညာရှင်များ ၊ ကင်ဆာအထူးကုများ အခန်းကဏ္ဍ၏ ဘုတ်အဖွဲ့ဝင် ဖြစ်ပါသည်။

သုတေသနလုပ်ငန်းနှင့် လူနာများကုသစောင့်ရှောင့်ရေးတို့အတွက် Dr Zee ၏ ဆောင်ရွက်မှုသည်National Medical Research Council Clinician Investigator Support Grant ၊ NCIS Investigator Protected Time Grant နှင့် SPRING စကႅာပူမှ လူမှုထူးချွန်ဆုများ အပါအဝင် ဆုပေါင်းများစွာကို ရရှိခဲ့ခြင်းဖြင့် အသိအမှတ်ပြုခံရပါသည်။

NCIS တွင် ရှိစဥ် Dr Zee သည် အစာဟောင်းအိမ်နှင့် အူမကြီး၊ အစာအိမ် ၊ အသည်းနှင့် မုန့်ချိုအိတ် ( ပန်ကရိယ ) ကင်ဆာများအတွက် စံပြ အဓိကပစ်မှတ်ထားကုထုံးများ အပါအဝင် ပြည်တွင်းနှင့် ပြည်ပ လေ့လာစမ်းသပ်မှုများတွင် အဓိကဦးဆောင်သူ ( သို့ ) တွဲဖက် စစ်ဆေးသူအဖြစ် ဆေးပညာဆိုင်ရာနှင့် ဘာသာြပန်ဆိုင်ရာ သုတေသနများကို လုပ်ဆောင်ခဲ့ပါသည်။ Dr Zee သည် ကင်ဆာအတွက် ဗြိတိန် ဂျာနယ်၊ ဆေးပညာကင်ဆာဆိုင်ရာ ဂျာနယ် ၊ ဂျာနယ်နှင့် သဘာဝဆိုင်ရာ လေ့လာချက်များ အပါအဝင် သက်ရောက်မှု မြင့်သော ဂျာနယ်များတွင် ပထမဆုံး ရေးသားသူ အဖြစ် ရေးသားဖော်ပြခံရပါသည်။