Dr Teo Cheng Peng
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် သွေးပညာဆိုင်ရာ
ဖုန်း +65 6470 3328
ဖက်စ် +65 6476 6393
အီးမေးလ် teocp@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Singapore), MMed (Internal Medicine), FAMS (Haematology)
ပြောဆိုနိုင်သော ဘာသာစကား အင်္ဂလိပ် ၊ မလေး ၊ မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Gleneagles ဆေးရုံ Level 2
6A Napier Road
စင်္ကာပူ  258500

ကိုယ်ရေးအကျဉ်း

Dr Teo Cheng Peng သည် Parkway cancer Centre ၏ သွေးရောဂါ နှင့် သွေးကင်ဆာရောဂါဆိုင်ရာ ဝါရင့်အတိုင်ပင်ခံ အထူးကုသမားတော်ကြီး ဖြစ်ပါသည်။ Dr Teo သည် ပင်မဆဲလ်အစားထိုးလဲလှယ်ခြင်း ( Stem Bell Transplants ) နှင့် သွေးကင်ဆာတို့ကို အထူးပြုထားပါသည်။

Dr Teo Cheng Peng သည် ၁၉၇၉ ခုနှစ်တွင်စကႅာပူ National University ၏ ဆေးပညာအထူးပြုဌာနတွင် ဆေးပညာလေ့လာဆည်းပူးရန် Public Service Commission (PSC) ပညာသင်ဆု ရရှိခဲ့ပါသည်။ Dr Teo သည် လက်တွေ့သင်ယူလေ့လာမှုပြီးဆုံးပြီးနောက် ဘွဲ့လွန်ပညာကို ၂ နှစ် အတွင်း ပြီးမြောက်အောင်သင်ယူပြီး သွေး‌ရောဂါကို စတင်လေ့လာဆည်းပူးခဲ့ပါသည်။ The prestigious Royal Marsden Hospital (United Kingdom) မှာ ပင်မဆဲလ်အစားထိုး လဲလှယ်ခြင်း နှင့် သွေးကင်ဆာများ အတွက် အဆင့်မြင့် သင်ယူလေ့လာခြင်းအတွက် National University Hospital (NUH) မှ နောက်ထပ်ပညာသင်ဆု ရရှိခဲ့ပါသည်။

ပြန်ရောက်လာပြီးသည့်နောက် NUH တွင် ပင်မဆဲလ်အစားထိုးလဲလှယ် ကုသခြင်းကို စတင်ခဲ့ပါသည်။ ၎င်းတွင် သူနာပြုများအဖွဲ့ကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် သွေးလဲလှယ်ခြင်းဌာနတစ်ခု ဖန်တီးခြင်း သာမက ပင်မဆဲလ် လုပ်ဆောင်မှုနှင့် သိုလှောင်ရာ ဌာန ဖန်တီးခြင်း တို့ ပါဝင်ပါသည်။ အလုံးအကျိတ် ကင်ဆာများအတွက် မိမိပင်မဆဲလ်ကို မိမိထံ ပြန်လည်အစားထိုး လဲလှယ်ခြင်း ( Autologous Stem Cell Transplant ) အစီအစဥ် ကို စတင်ရန် ‌Singapore General Hospital (SGH) ဆေးပညာကင်ဆာဌာန မှာ ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ‌Singapore General Hospital (SGH) တွင် ပင်မဆဲလ်အစားထိုးလဲလှယ်ခြင်းကို အောင်မြင်စွာထူထောင်ခဲ့ပြီးသည်နောက် Gleneagles နှင့် Mount Alvernia ဆေးရုံများတွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ Dr Teo သည် ပင်မဆဲလ်အစားထိုးလဲလှယ်ခြင်းတွင် သူ၏ ကျွမ်းကျင်မှုကို ပုဂ္ဂလိက နေရာသို့ ယူဆောင်လာပြီး Gleneagles ဆေးရုံတွင် ပထမဆုံး ပင်မဆဲလ်အစားထိုးလဲလှယ်ခြင်း ကို စတင်ခဲ့ပါသည်။ Gleneagles နှင့် Mount Alvernia ဆေးရုံနှစ်ခုလုံးတွင် သွေးသွင်းခြင်းဆိုင်ရာ ကော်မတီများတွင်လည်း လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။

Dr Teo သည် ပင်မဆဲလ် stem cell ၏ ဇီဝဗေဒတွင် စိတ်ဝင်တစား ဆက်လက်လေ့လာခဲ့ပြီး စကႅာပူတွင် ပထမဆုံး ပုဂ္ဂလိက အချင်းတိုင်သွေး နှင့် ပင်မဆဲလ် သိုလှောင်ရာဘဏ် ဖြစ်သော StemCord ကို ပူးတွဲ တည်ထောင်ခဲ့ပါသည်။ ပြန်လည်နုပျိုရှင်သန်ရေး ကုထုံးတွင် သန္ဓေသားလောင်း တစ်သျှူးဆိုင်ရာ ပင်မဆဲလ်ထုတ်လုပ်ခြင်းနှင့် ဆေးပညာစမ်းသပ်လေ့လာချက်များတွင် အဓိကအထူးပြုသော StemMed ကိုတောင် ဖန်တီးနိုင်ခဲ့ပါသည်။ Dr. Teo Cheng Peng သည် Parkway Cancer Centre နှင့် TalkMed ၏ တည်ထောင်သူ အဖွဲ့ဝင်ဖြစ်ပြီး တက်ကြွစွာ ဆက်လက်လုပ်ကိုင်လျက်ရှိပါသည်။