Dr Lim Hong Liang
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် ကင်ဆာဆိုင်ရာဆေးပညာ
ဖုန်း +65 6733 8118
ဖက်စ် +65 6733 8389
အီးမေးလ် limhl@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Singapore), MMed (Internal Medicine), FAMS (Medical Oncology)
ပြောဆိုနိုင်သော ဘာသာစကား အင်္ဂလိပ် ၊ ဟော့ကင်း ၊ မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Mount Elizabeth ဆေးပညာဆိုင်ရာ စင်တာ
3 Mount Elizabeth #13-16/17
စင်္ကာပူ  228510

ကိုယ်ရေးအကျဉ်း

Dr Lim Hong Liang သည် Parkway Cancer Centre ၏ ၀ါရင့်ကင်ဆာအထူးကု အတိုင်ပင်ခံသမားတော်ကြီးဖြစ်ပါသည်။ Dr Lim သည် အဆုတ်ကင်ဆာ၊ ဦးခေါင်းနှင့် လည်ပင်းကင်ဆာတို့ကို အထူးပြုထားသူဖြစ်ပါသည်။

Dr Lim သည် National University of Singapore မှ ဆေးပညာဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် ရရှိခဲ့ပါသည်။ Dr Lim သည်ဆေးပညာပါရဂူဘွဲ့နှင့် ကင်ဆာအထူးကုပါရဂူဘွဲ့ကို National University Hospital Singapore (NUH) မှ ၁၉၉၂ ခုနှစ်တွင်ထပ်မံရရှိခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် Tokyo National Cancer Centre Japan ရှိ ရင်ခေါင်းပိုင်းဆိုင်ရာ ကင်ဆာ ဌာနမှာ ဆက်လက်လက်တွေ့သင်တန်းဆင်းရန် အတွက် Japan JICA ပညာသင်ဆုရရှိခဲ့ပါသည်။ Dr Lim Hong Liang သည် သြစတေးလျ၊ ဆစ်ဒနီ မြို့ရှိ St Vincent's ဆေးရုံကြီးတွင် အဆင့်မြင့် ကင်ဆာကုသကုထုံးနှင့် ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ခြင်း ကို ၁၉၉၅ ခုနှစ်တွင် စကႅာပူကျန်းမာရေးဝန်ကြီးဌာနမှ ပညာသင်ဆုရွေးချယ်ခံရပြီး လေ့လာသင်ယူခဲ့ပါသည်။

Parkway Cancer Centre မတည်ဆောက်မီ၊ Dr Lim သည် National University Hospital ရှိ ရင်ခေါင်းပိုင်းဆိုင်ရာ ကင်ဆာအထူးကု တာဝန် ၊ ဦးခေါင်းနှင့် လည်ပင်းပိုင်းဆိုင်ရာ တာဝန် နှင့် ရိုးတွင်းခြင်ဆီ အစားထိုးလဲလှယ်ခြင်း အစီအစဥ် ကို ဦးဆောင်ခဲ့သည်။ Dr Lim သည် ၁၉၉၆ မှ ၂၀၀၅ ခုနှစ်အထိ Tan Tock Seng ဆေးရုံ အဆုတ်ကင်ဆာအထူးကုဆေးခန်းတွင် ဝါရင့်ကင်ဆာအထူးကု အတိုင်ပင်ခံသမားတော်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် ပုဂ္ဂလိကလုပ်ငန်းများအတွက် အနားမယူမီ National University Hospital ၏ ဆေးပညာဆိုင်ရာ အဖွဲ့တွင် တွဲဖက် သဘာပတိ ရာထူး နှင့် သွေးရောဂါနှင့် ကင်ဆာဌာန၏ အကြီးကဲ ဖြစ်ခဲ့ပါသည်။

Dr Lim Hong Liang သည် အဆုတ်ကင်ဆာ လေ့လာမှုအတွက် နိုင်ငံတကာ အသင်းအဖွဲ့နှင့် American Society of Clinical Oncology ၏ အဖွဲ့ဝင် တစ်ယောက်အဖြစ် နှင့် Academy of Medicine ၏ Fellow အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါသည်။ Dr Lim ၏ ယခင်ရာထူးများမှာ - Singapore Society of Oncology ၏ ဥက္ကဌအဖြစ်၄င်း ၊ ကင်ဆာဂရုစိုက်မှုအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးကော်မတီ နှင့် ဆေးပညာကင်ဆာ အထူးပြု လေ့ကျင့်ရေး ကော်မတီ ၏ ဝန်ကြီးဌာနတွင် အသင်းဝင်အဖြစ်၎င်း လုပ်ကိုင်ခဲ့ပါသည်။