Dr Lee Yuh Shan
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် သွေးပညာဆိုင်ရာ
ဖုန်း +65 6684 5522
ဖက်စ် +65 6684 5522
အီးမေးလ် yslee@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Malaya), MRCP (United Kingdom), FRCPath (United Kingdom)
ပြောဆိုနိုင်သော ဘာသာစကား အင်္ဂလိပ် ဟော့ကင်း၊ မလေး ၊ မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Mount Elizabeth Novena အထူးကုစင်တာ
38 Irrawaddy Road #05-43, 05-50 to 55
စင်္ကာပူ 329563

Gleneagles ဆေးရုံ Level 3
6A Napier Road
စင်္ကာပူ 258500
ဖုန်း +65 6473 8688

ကိုယ်ရေးအကျဉ်း

Dr Lee Yuh Shan သည် Parkway Cancer Centre ၏ သွေးရောဂါနှင့် သွေးကင်ဆာဆိုင်ရာ ဝါရင့်အတိုင်ပင်ခံအထူးကု သမားတော်ကြီးဖြစ်ပါသည်။ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)၊ ရိုးတွင်းခြင်ဆီကင်ဆာ (Myeloma) နှင့် သွေးရောဂါဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသခြင်း (Haematopoietic Stem Cell Transplantation) တို့ကိုအထူးပြုထားပါသည်။

Dr Lee Yuh Shan သည် ၂၀၀၃ ခုနှစ် တွင် ဆေးပညာဘွဲ့ကို University of Malaya တွင်ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် The Royal College of Physician (MRCP) အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါသည်။ ၂၀၁၁ ခုနှစ်တွင် စကႅာပူ အထွေထွေရောဂါကု ဆေးရုံ Singapore General Hospital (SGH) တွင် သွေးရောဂါဆိုင်ရာ သင်တန်းပြီးမြောက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် Royal College of Pathologists (FRCPath), United Kingdom ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း Fellowship ကို ထပ်မံ ရရှိခဲ့ပါသည်။

Dr Lee Yuh Shan သည် SGH တွင်(၁၀)နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်များတွင် စကႅာပူ ကျန်းမာရေး အဆင့်မှီ တာဝန်ထမ်းဆောင်ဆုများအောက်ရှိ ရွှေနှင့် ကြယ်ဆုများ အသီးသီးရရှိခဲ့ပါသည်။ သည် ၂၀၁၇ ခုနှစ်မှ စတင်၍ SGH သွေးဌာနတွင် ပြန်ရည်ကျိတ် ဌာန၏ ဒါရိုက်တာဖြစ်ခဲ့ပြီး ၂၀၁၈ မှနေ၍ SingHealth Duke သွေးကင်ဆာစင်တာ(SDBCC) ပြန်ရည်ကျိတ်တွင် ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ SDBCC နှင့် စကႅာပူ ပြန်ရည်ကျိတ်ကင်ဆာ လုပ်ရှားသူများ အုပ်စုတွင် သာမက Chronic Lymphocytic Leukemia (CLL)သွေးကင်ဆာ အတွက် ‌ဒေသအလိုက်လုပ်ဆောင်မှုများ ပြည်တွင်းပူးတွဲဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ပါသည်။

Dr Lee Yuh Shan သည် SingHealth Institutional Review Board (IRB) ၏ အဖွဲ့ဝင်ဖြစ်ပြီး ဆေးဝါများဆိုင်ရာ အကြံပေးဘုတ်များစွာလည်း လုပ်ဆောင်ခဲ့ပါသည်။

Dr Lee Yuh Shan သည် National Institutes of Health (NIH), Maryland, United States တွင် ပြန်ရည်ကျိတ်ဆိုင်ရာ အထူးပြုမှုကို ဆက်လက်ဖွံ့ဖြိုးစေရန် ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် (၂၀၁၃) ခုနှစ်မှာ တည်ထောင်ခဲ့သော ကျန်းမာရေး လူမှုဖွံ့ဖြိုးရေး အစီအစဥ် (HMDP)ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ယခုအချိန်တွင် chronic lymphocytic leukemia (CLL) သာမက ဆိုးရွားသော ပြန်ရည်ကျိတ်ကင်ဆာ ကုသမှုတွင် သောက်ဆေးကုထုံးအသစ်များကို စမ်းသပ်လေ့လာရာတွင် လူနာများကို ကြည့်ရှုပေးသော ပထမဆုံးသော အတွေ့အကြုံရှိသူ ဖြစ်ပါသည်။ အဓိက ပင်မအာရုံကြောစနစ် ပြန်ရည်ကျိတ်ကင်ဆာ (PCNSL) အတွက် ကုသမှုနည်းလမ်းသစ်ကို ချဥ်းကပ်ရာတွင် Dr Lee ၏ ကျွမ်းကျင်မှုများကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါသည်။ HMDP မှ ပြန်လာပြီးနောက် SGH သွေးရောဂါဌာနတွင် ပြန်ရည်ကျိတ်ကင်ဆာများ အတွက် ဆေးဝါးအသစ်များ အကောင်အထည်ဖော်ခြင်းနှင့် ထုတ်လုပ်ခြင်းတွင် သာမက ဆိုးရွားသော ပြန်ရည်ကျိတ်ကင်ဆာအတွက် စစ်ဆေးခြင်းဖြင့် စတင်သော စမ်းသပ်မှုများကို အကောင်အထည်ဖော်ခြင်း တွင်လည်း ပါဝင်ခဲ့ပါသည်။

Dr Lee Yuh Shan သည် ဆေးဝါးဆိုင်ရာ ‌ထောက်ပံ့ပေးသော စမ်းသပ်ချက်များနှင့် စစ်ဆေးခြင်းဖြင့် စတင်သော စမ်းသပ်မှုများတွင် ပါဝင်ပါသည်။ Dr Lee သည် ပညာရှင်များ ရေးသားသော peer-reviewed ဂျာနယ်များတွင် ဖော်ပြခြင်းခံရပြီး peer-reviewed ဂျာနယ်တွင် ‌ဝေဖန်သုံးသပ်သူ တစ်ယောက်လည်း ဖြစ်ပါသည်။ Dr Lee Yuh Shan သည် ဘွဲ့မရခင် ဆေးပညာလက်တွေ့သင်ကြားခြင်း တွင် တက်ကြွစွာ ပါဝင်ပြီး Yong Loo Lin ဆေးကျောင်း အတွက် ဆေးပညာဆိုင်ရာ ဝါရင့်ဆရာ တစ်ယောက် နှင့် Duke NUS ဆေးကျောင်းအတွက် တွဲဖက်ပရော်ဖက်ဆာ တစ်ယောက်လည်း ဖြစ်ပါသည်။ SGH သွေးဌာနတွင် senior residency program ၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါသည်။ Dr Lee သည် ပြန်ရည်ကျိတ်ကင်ဆာ ထောက်ပံ့သူများ အုပ်စု နှင့် စကႅာပူ ကမ္ဘာ့ပြန်ရည်ကျိတ်ကင်ဆာနေ့ တွင် ပါဝင်ပါသည်။