Dr Lee Kim Shang


အထူးပြု ဘာသာရပ် | ဓာတ်ရောင်ခြည်ပြကင်ဆာ |
ဖုန်း | +65 6731 2781 |
ဖက်စ် | +65 6731 2411 |
အီးမေးလ် | kimshang.lee@ihhhealthcare.com |
ရရှိထားသောဘွဲ့များ | MBBS (Singapore), FRCR (Clinical Oncology), FAMS (Radiation Oncology) |
ပြောဆိုနိုင်သော ဘာသာစကား | ကန်တုံ ၊ အင်္ဂလိပ် ဟော့ကင်း၊ မန်ဒရင်း |
ဆေးခန်းလိပ်စာ(များ)
Mount Elizabeth ဆေးရုံ Level 23 Mount Elizabeth
စင်္ကာပူ 228510
ကိုယ်ရေးအကျဉ်း
Dr Lee Kim Shang သည် Parkway Cancer Centre ၏ ဝါရင့်အတိုင်ပင်ခံ ဓာတ်ရောင်ခြည်ကု ကင်ဆာအထူးကု သမားတော်ကြီးဖြစ်သည်။
Dr Lee Kim Shang သည် စကႅာပူ National University မှ ၁၉၈၅ ခုနှစ်တွင် ဆေးပညာဘွဲ့ရခဲ့ပါသည်။ Dr Lee သည် ၁၉၉၀ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ London ရှိ Saint Bartholomew’s ဆေးရုံနှင့် ၁၉၉၆ ခုနှစ်တွင် United Kingdom ရှိ Royal Marsden ဆေးရုံ ၊ ဦးနှောက်အာရုံကြော ကင်ဆာအထူးကု ဌာန တွင် လေ့လာရန် ကျန်းမာရေးဝန်ကြီးဌာန HMDP Fellowship အဖွဲ့ဝင်အဖြစ် ရရှိခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် Dr Lee သည် FRCR (ဆေးပညာကင်ဆာ ) ကို ရရှိခဲ့ပါသည်။
Parkway Pantai Hospitals (Singapore) တွင် ဝါရင့်အတိုင်ပင်ခံသမားတော် မလုပ်ကိုင်မီ Dr Lee သည် ရှိ National Cancer Centre ရှိ ကုသမှုဆိုင်ရာ ဓာတ်ရောင်ခြည် ဌာန တွင် ဝါရင့်အတိုင်ပင်ခံ သမားတော်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် National Cancer Centre တွင် အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ အတွက် ဌာနခွဲမှူး အဖြစ် လည်း လုပ်ကိုင်ခဲ့ပါသည်။ အဲဒီအချိန်တုန်းက Dr Lee သည် ကုသမှုဆိုင်ရာ ဓာတ်ရောင်ခြည် ဌာန လုံခြုံမှုဆိုင်ရာ ကော်မတီ၏ သဘာပတိ ၊ ကျန်းမာရေး ဝန်ကြီးဌာန အစာဟောင်းအိမ်နှင့် အူမကြီးကင်ဆာ လက်တွေ့ဆေးပညာဆိုင်ရာ စည်းမျဥ်းများ ချမှတ်ရေး ကော်မတီ ၏ အဖွဲ့ဝင်၊ နှင့် ကျန်းမာရေး ဝန်ကြီးဌာနရှိ ဓာတ်ရောင်ခြည်ကင်ဆာ အထူးပြုလေ့ကျင့်သင်ကြားရေး ကော်မတီ အဖွဲ့ဝင် အပါအဝင် များစွာသော ရာထူးများကို ဆောင်ရွက်နေပါသည်။ ယခုအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ပရိုတွန် ရောင်ခြည်ဖြင့် ကုသခြင်း ( Proton Beam Therapy ) အကြံပေး ကော်မတီ အဖွဲ့ဝင် လည်း ဖြစ်ပါသည်။
Dr Lee Kim Shang သည် အထွေထွေကင်ဆာရောဂါအပြင် အစာဟောင်းအိမ်နှင့် အူမကြီး ၊ ဗဟိုအာရုံကြောစနစ် ၊ ရင်သားနှင့် ကလေးကင်ဆာများကိုလည်း အထူးပြုထားပါသည်။