Dr Khoo Kei Siong
တွဲဘက် ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး နှင့် ဝါရင့်အတိုင်ပင်ခံ ဆရာဝန်ကြီး
အထူးပြု ဘာသာရပ် ကင်ဆာဆိုင်ရာဆေးပညာ
ဖုန်း +65 6472 2662
ဖက်စ် +65 6475 9221
အီးမေးလ် khooks@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Singapore), MMed (Internal Medicine), MRCP (United Kingdom), FRCP (Edinburgh), FAMS (Medical Oncology)
ပြောဆိုနိုင်သော ဘာသာစကား အင်္ဂလိပ် ၊ မန်ဒရင်း ၊ ဟော့ကင်း ၊ တီချွန်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Gleneagles ဆေးရုံ 
6A Napier Road #01-35
စင်္ကာပူ  258500

ကိုယ်ရေးအကျဉ်း

Dr Khoo Kei Siong သည် Parkway Cancer Centre ၏ လက်ထောက်ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှုးနှင့်ဝါရင့်အကြံပေးကင်ဆာရောဂါအထူးကုဆရာဝန်ကြီးဖြစ်ပြီး ရင်သားကင်ဆာနှင့် အမျိုးသမီးရောဂါကင်ဆာများကို အထူးပြုသူဖြစ်ပါသည်။

Dr Khoo Kei Siong သည် National University of Singapore မှ ဆေးပညာဘွဲ့ရရှိခဲ့ပြီး ဘွဲ့လွန်ဆေးပညာနှင့် ကင်ဆာရောဂါအထူးကုပညာကို Singapore General Hospital မှာ ဆည်းပူးခဲ့ပါသည်။ Dr Khoo သည် နယူးယောက်မြို့ရှိ Memorial Sloan Kettering Cancer Centre တွင် ရင်သားကင်ဆာနှင့် ပတ်သက်ပြီး သုတေသနပြုလေ့လာရန်နှင့် အဆင့်မြင့်သင်တန်းတက်ရောက်ရန် စကႅာပူအစိုးရ၏ HMDP ပညာသင်ဆုကို ၁၉၉၃ ခုနှစ်၌ ချီးမြင့်ခြင်းခံခဲ့ရပါသည်။

Dr Khoo သည် လက်ရှိအလုပ်မလုပ်ခင်က အမျိုးသားကင်ဆာအထူးကုဌာန National Cancer Centre (NCC)၏ အကြံပေးဆရာဝန်ကြီးနှင့် ဌာနမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုနှင့် ကူးစက်ရောဂါကုဆိုင်ရာသိပ္ပံပညာဌာန၏ ညွှန်ကြားရေးမှုးအဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးသားကင်ဆာဌာန၌ ဆေးဘက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများပြုလုပ်ရာတွင် အဓိကအခန်းကမှ ပါဝင်ပါသည်။

Dr Khoo Kei Siong သည် အမေရိကန်နိုင်ငံ အကြိတ်ရောဂါကုအဖွဲ့အစည်း၊ စကႅာပူ အကျိတ်ပညာ အဖွဲ့အစည်း၏ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Dr Khoo သည် ယခုအချိန်တွင် Singapore နိုင်ငံ၏ Council of the Academy of medicine (ဆေးတက္ကသိုလ်)တွင် လက်ထောက်မာစတာ (သင်တန်းဆရာ) အဖြစ် အုပ်ချုပ်ရေးဆိုင်ရာအပိုင်းတွင် လုပ်ကိုင်ပါသည်။ Dr Khoo သည် ဆေးဘက်ဆိုင်ရာအကြံပြုကော်မတီတွင် လက်ထောက်ဥက္ကဌအဖြစ်လည်း လုပ်ကိုင်ပါသည်။

Dr Khoo သည် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများတွင် ၁၉၉၂ ခုနှစ်မှ၍ တက်ကြွစွာပါဝင်ခဲ့ရာတွင် စမ်းသပ်မှုပေါင်း ၁၀ခု ကို ပင်မစမ်းသပ်စစ်ဆေးသူအဖြစ်လုပ်ဆောင်ခဲ့ပါသည်။ Dr Khoo သည် ယခုလက်ရှိတွင် Trastuzumab ၊ HER2 positive ရင်သားကင်ဆာနှင့် CDK 4/6 ဟောမုန်းတုန့်ပြန်သောရင်သားကင်ဆာ၏ ပိတ်ဆို့တားဆီးသောပစ္စည်းတို့တွင် လေ့လာစမ်းသပ်ဆဲဖြစ်ပါသည်။