Dr Ivan Tham Weng Keong
ဝါရင့်အတိုင်ပင်ခံ
အထူးပြု ဘာသာရပ် ဓာတ်ရောင်ခြည်ပြကင်ဆာ
ဖုန်း +65 6470 5830
ဖက်စ် +65 6470 5831
အီးမေးလ် ivan.tham@ihhhealthcare.com
ရရှိထားသောဘွဲ့များ MBBS (Singapore), FRCR (Clinical Oncology, UK), FRANZCR (Radiation Oncology)
ပြောဆိုနိုင်သော ဘာသာစကား ကန်တုံ ၊ အင်္ဂလိပ် မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

6A Napier Road
Gleneagles Hospital Level 1
Radiation Oncology Centre,

Singapore 258500

3 Mount Elizabeth
Mount Elizabeth Hospital
Level 2
Radiation Oncology Centre,
Singapore 228510

Tel: +65 6731 2782

38 Irrawaddy Road
Mount Elizabeth Novena
Hospital Basement 1
Radiation Oncology Centre,
Singapore 329563

Tel: +65 6933 0128

38 Irrawaddy Road,
Mount Elizabeth Novena
Hospital Basement 2
Proton Therapy Centre
Singapore 329563
Tel: +65 6933 0211
Email: protontherapy@ihhhealthcare.com

ကိုယ်ရေးအကျဉ်း

Dr Ivan Tham သည် Parkway Cancer Centre ရှိ ဝါရင့်အတိုင်ပင်ခံ ဓာတ်ရောင်ခြည်ပြ ကင်ဆာအထူးကု ဆရာဝန်ကြီးဖြစ်ပါသည်။ Dr Tham သည် ဦးခေါင်းနှင့် လည်ပင်းကင်ဆာများ၊ အဆုတ်ကင်ဆာများနှင့် အထွေထွေ ဓာတ်ရောင်ခြည်ပြ ကင်ဆာရောဂါများတွင် အထူးစိတ်ဝင်စားမှုရှိပါသည်။ Dr Tham သည် ကုသမှု နည်းလမ်းများစွာတွင် အတွေ့အကြုံရှိပါသည်။ ၎င်းတို့တွင် တိကျသေချာသော stereotactic ဓာတ်ရောင်ခြည်ပြခွဲစိတ်မှုနည်းလမ်း (SRS) ၊ တိကျသေချာသော stereotactic ခန္ဓာကိုယ်ကို ဓာတ်ရောင်ခြည်ပြကုသခြင်း (SBRT) ( သို့ ) တိကျသေချာသော ခန္ဓာကိုယ်ကို စွမ်းအင်သုံး stereotactic ablative ဓာတ်ရောင်ခြည်ပြကုသခြင်း (SABR) ၊ ပုံရိပ်ညွှန်ပြ ဓာတ်ရောင်ခြည်ပြကုသခြင်း (IGRT)၊ intensity modulated ဓာတ်ရောင်ခြည်ပြကုသခြင်း (IMRT) ၊ 3D ပုံရိပ်မြင် ဓာတ်ရောင်ခြည်ပြကုသခြင်း (3DCRT) နှင့် brachytherapy တို့ပါဝင်ပါသည်။

Dr Tham သည် (၂၀၀၀) ခုနှစ်တွင် စကာပူ အမျိုးသားတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါသည်။ Dr Tham သည် (၂၀၀၆) ခုနှစ်တွင် ဓာတ်ရောင်ခြည်ပြကုသမှုမှာ သူ၏ လေ့ကျင့်ရေး ပြီးမြောက်ခဲ့ပါသည်။ Dr Tham သည် (၂၀၀၉ ) ခုနှစ်တွင် တော်ဝင် သြစတြေးလျနှင့် နယူးဇီလန် ၏ ဓာတ်ရောင်ခြည်အထူးကုများ အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ Dr Tham သည် ဓာတ်ရောင်ခြည်ပြကင်ဆာဘာသာရပ်တွင် ဆေးပညာနှင့် အထူးကုမှတ်ပုံတင်ခြင်းကိုလည်း ရရှိခဲ့ပါသည်။ Dr Tham သည် သြစတြေးလျ ဆေးကောင်စီနှင့် သြစတြေးလျ ကျန်းမာရေး ပညာရှင်များ သတ်မှတ်ချက်အကျိုးဆောင်တို့တွင် ဓာတ်ရောင်ခြည်ကင်ဆာဘာသာရပ်၌ အသိအမှတ်ပြုခံရသော အထူးကုတစ်ယောက်လည်းဖြစ်ပါသည်။

Dr Tham သည် ယခင်က အမျိုးသားတက္ကသိုလ်ဆေးရုံနှင့် တန်တောက်စင်းဆေးရုံတွင် ဝါရင့်အတိုင်ပင်ခံဆရာဝန်ကြီးနှင့် ဌာနခေါင်းဆောင် ဖြစ်ရုံသာမက စကာပူ အမျိုးသားတက္ကသိုလ်တွင် တွဲဘက်ပါမောက္ခလည်း ဖြစ်ခဲ့ပါသည်။ Dr Tham သည် စကာပူ အမျိုးသားကင်ဆာစင်တာ နှင့် ယူကေ ရှိ Guy’s & St Thomas’ NHS Foundation Trust တွင် ဆေးပညာနှင့် ဓာတ်ရောင်ခြည်ကင်ဆာတွင် လေ့ကျင့်ရေးပြီးမြောက်ခဲ့ပါသည်။

Dr Tham သည် ယခုလက်ရှိတွင် ဓာတ်ရောင်ခြည်ကင်ဆာဘာသာရပ်တွင် အခြေစိုက်အကြံပေးကော်မတီတွင် ဆောင်ရွက်လျှက်ရှိပါသည်။ Dr Tham သည် ယခင်က ပရိုတွင် ဓာတ်ရောက်ခြည်ပြ ကုသခြင်း အကြံပေးကော်မတီနှင့် ကင်ဆာအမျိုးခွဲများအပေါ် အမျိုးသားအကြံပေးကော်မတီ တို့ကဲ့သို့သော ကျန်းမာရေးဝန်ကြီးဌာန၏ များစွာသော ကော်မတီများတွင်လည်း ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။ Dr Tham သည် (၂၀၁၇ ) မှ (၂၀၁၈) အထိ ဓာတ်ရောင်ခြည်ကင်ဆာအတွက် အာရှအဖွဲ့အစည်းများ၏ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

Dr Tham သည် ကင်ဆာတွင် ဆေးပညာဆိုင်ရာ သုတေသနတွင် တက်ကြွစွာ စိတ်ဝင်စားမှုရှိပြီး ဆေးပညာဆိုင်ရာ ကင်ဆာ ၊ ဓာတ်ရောင်ခြည်ကင်ဆာ နှင့် ပုံရိပ်မြင် တို့တွင် ကျော်ကြားသော စာစောင် (၆၀ ) ကျော်အထက် တွဲဘက်ရေးသားခဲ့ပါသည်။ Dr Tham ၏စာစောင်များကို အခြားသော သိပ္ပံပညာရှင်များက အကြိမ်(၁၅၀၀)အထက် ကိုးကားခဲ့ကြပါသည်။ Dr Tham သည် ‌ဒေသတွင်းနှင့် နိုင်ငံတကာ နှစ်မျိုးလုံးတွင် သင်ကြားရေး၌လည်း ပါဝင်လျှက်ရှိပါသည်။ စကာပူ၊ မလေးရှား ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် ၊ ဗီယက်နမ် နှင့် ဂျပန်နိုင်ငံများတွင် သင်ကြားပေးခြင်းများ လုပ်ပေးလျှက်ရှိပါသည်။ Dr Tham သည် ကင်ဆာဘာသာရပ်တွင် ပြဌာန်းစာအုပ်တွင် အခန်း(၅) ခန်းအထက်လည်း မျှဝေပေးလျှက်ရှိပါသည်။