Dr Edward Yang Tuck Loong
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် ဓာတ်ရောင်ခြည်ပြကင်ဆာ
ဖုန်း +65 6470 5830
ဖက်စ် +65 6470 5831
အီးမေးလ် edward.yang@ihhhealthcare.com
ရရှိထားသောဘွဲ့များ MBBS (Singapore), DMRT (London), FRCR (United Kingdom), FAMS (Radiation Oncology)
ပြောဆိုနိုင်သော ဘာသာစကား အင်္ဂလိပ် ၊ ဟော့ကင်း၊ အင်ဒိုနီးရှား၊ မန်ဒရင်း ၊ တီချွန်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Gleneagles ဆေးရုံLevel 1
ဓာတ်ရောင်ခြည်ပြကင်ဆာစင်တာ
6A Napier Road
စင်္ကာပူ 258500

ကိုယ်ရေးအကျဉ်း

Dr Edward Yang Tuck Loong သည် Parkway Cancer Centre ရှိ ဝါရင့်အတိုင်ပင်ခံ ဓာတ်ရောင်ခြည်ပြ ကင်ဆာအထူးကု ဆရာဝန်ကြီးဖြစ်ပါသည်။ Dr Edward သည် နေရာအားလုံးရှိ ကင်ဆာများကို ကုသရာတွင် အတွေ့အကြုံရှိပြီးဖြစ်ပါသည်။ Dr Edward သည် ဆီးလမ်းကြောင်း၊ ရင်သား ၊ မီးယပ်ဆိုင်ရာ နှင့် ဆီးကျိတ်ကင်ဆာများ နှင့် stereotactic volumetric arc ကုသနည်းအသုံးပြုပြီး ဦးနှောက်နှင့် ပင်မအာရုံကြော အပါအဝင် ပင်မအာရုံကြောစနစ်အကျိတ်များ ကို စီမံကုသရာတွင် အထူးစိတ်ဝင်စားမှုရှိပါသည်။ Dr Edward သည် ဦးခေါင်း၊ လည်ပင်းနှင့် အဆုတ်ကင်ဆာများကို ကုသရာတွင် ကြီးမားသော အတွေ့အကြုံရှိပါသည်။ Dr Edward Yang Tuck Loong သည် linear accelerator ကို အခြေခံပြီး ဘောင်မဲ့ SRS သာမက Gammaknife လုပ်ငန်းစဥ်များ နှစ်ခုလုံးကို အသုံးပြုပြီး SBRT ၊ IMRT နှင့် SRS မှာ သိသာသော အတွေ့အကြုံလည်း ရှိပါသည်။ Dr Edward သည် ဓာတ်ရောင်ခြည်ပြကင်ဆာမှာ လက်ရှိထိ အတွေ့အကြုံ (၃၅)နှစ် ရှိပါသည်။

Dr Edward Yang Tuck Loong သည် (၁၉၈၁) ခုနှစ်မှာ စင်္ကာပူ အမျိုးသားတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါသည်။ သူသည် (၁၉၈၃) ခုနှစ်မှာ ဓာတ်ရောင်ခြည်ကုသမှုလေ့ကျင့်ရေးကို စတင်ခဲ့ပါသည်။ သူသည် စကာပူ အထွေထွေဆေးရုံနှင့် အမျိုးသားကင်ဆာစင်တာ တွင် ဘွဲ့လွန်လေ့ကျင့်ရေး ပြီးခဲ့ပြီးနောက် (၁၉၈၆) ခုနှစ်မှ (၁၉၈၈ ) ခုနှစ်ထိ the United Kingdom တွင် လန်ဒန် မစ်ဒယ်ဆက်စ်ဆေးရုံတွင် ဝါရင့်ဆရာဝန်ကြီးအဖြစ်နှင့် မက်ဒယ်ဆက်စ် တက္ကသိုလ်ကောလိပ်ဆေးကျောင်းတွင် လေးစားခံ သင်ကြားရေးဆရာအဖြစ် အလုပ်လုပ်ခဲ့ပါသည်။

Dr Edward Yang Tuck Loong သည် အမျိုးသားကင်ဆာစင်တာရှိ ဓာတ်ရောင်ခြည်ပြကင်ဆာဌာနတွင် ဝါရင့်အတိုင်ပင်ခံ အဖြစ် ယခင်က လုပ်ခဲ့ပါသည်။ သူသည် ဓာတ်ရောင်ခြည်ပြ ကုသ‌ရေး ဌာနတွင် ဆီးလမ်းကြောင်းကင်ဆာကို ဦးဆောင်ခဲ့ပါသည်။ Dr Edward Yang Tuck Loong သည် (၁၉၇၇) ခုနှစ်တွင် ဆီးကျိတ်ကင်ဆာအတွက် အလွန်အကျိုးရှိသော အောင်မြင်သော 3D conformal ဓာတ်ရောင်ခြည်ပြ အစီအစဥ် ကို စတင်ခဲ့ပါသည်။နည်းပညာများ တိုးတက်လာသည်နှင့်အမျှ Dr Edward သည် ( IGRT ) ပုံရိပ်ညွှန် ဓာတ်ရောင်ခြည်ကုသခြင်းကို ပိုမိုတိကျသေချာအောင် ဆောင်ရွက်နိုင်သောကြောင့် ဘေးပတ်ဝန်းကျင် ပုံမှန် တစ်သျှူးကို မထိခိုက်စေနိုင်ရန် နှင့် လူနာအားလုံးအတွက် လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်အောင် ယခုဆောင်ရွက်နေပါသည်။