Dr Dawn Mya Hae Tha
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် သွေးပညာဆိုင်ရာ
ဖုန်း +65 6684 5522
ဖက်စ် +65 6694 0706
အီးမေးလ် mya_dawn@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Yangon), MRCP (United Kingdom), FRCPath (United Kingdom)
ပြောဆိုနိုင်သော ဘာသာစကား မြန်မာ၊ အင်္ဂလိပ်၊ မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Mount Elizabeth Novena အထူးကုစင်တာ
38 Irrawaddy Road #05-43, 05-50 to 55
စင်္ကာပူ 329563

ကိုယ်ရေးအကျဉ်း

Dr Dawn Mya သည် Parkway Cancer Centre ၏ ဝါရင့်သွေးရောဂါအတိုင်ပင်ခံဆရာဝန်ကြီး ဖြစ်ပါသည်။ အထူးပြုကုသပေးသော သွေးရောဂါတွေကတော့ acute leukaemia (သွေးကင်ဆာ)၊ ပြန်ရည်ကျိတ်ကင်ဆာ၊ multiple myeloma (ရိုးတွင်းချဉ်ဆီကင်ဆာ) နဲ့ အခြားသွေးရောဂါတွေဖြစ်တဲ့ သွေးခဲဖြစ်ခြင်း၊ သွေးမတိတ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့သွေးပြဿနာများ၊ သွေးဥမွှားနည်းခြင်းနှင့် အခြားသော ရိုးတွင်းချဉ်ဆီပြဿနာများနှင့် သွေးဆဲလ်ပြဿနာများပဲ ဖြစ်ပါတယ်။

Dr Dawn Mya သည် သွေးရောဂါဆိုင်ရာ အခြေခံနဲ့ အဆင့်မြင့်သင်တန်းများကို စကႅာပူအထွေထွေဆေးရုံကြီး (SGH)တွင် ပြီးမြောက်ခဲ့ပါတယ်။ သွေးရောဂါဆိုင်ရာအထူးကုအဖြစ် ၂၀၁၃ ခုနှစ်မှာ အသိမှတ်ပြုခံရပါသည်။ ၂၀၁၄ ခုနှစ်မှစတင်၍ United Kingdom တော်ဝင်ရောဂါဗေဒအဖွဲ့ဝင် (Royal College of Pathologists, Haematology) ဖြစ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်တိုးတက်မှုအစီအစဉ်ဆုကို ချီးမြှင့်ခြင်း ခံရပါသည်။ သွေးကင်ဆာရောဂါများကို ရောဂါရှာဖွေခြင်းနှင့် ရောဂါကြွင်းကျန်မှု တိုင်းတာစစ်ဆေးခြင်းအတွက် Flow Cytometry အသုံးပြုမှု ကို စပိန်နိုင်ငံ Salamanca တက္ကသိုလ် သွေးရောဂါဌာနနှင့် Flow Cytometry ဌာနတွေမှာ ထပ်မံအထူးပြု လေ့လာခဲ့ပါသည်။

Dr Dawn Mya သည် ယခင်က SGH သွေးရောဂါဌာန၏ အတိုင်ပင်ခံဆရာဝန်ဖြစ်ခဲ့ပါသည် ။ ယခုအခါ သွေးကင်ဆာများအတွက် Flow Cytometry များကို စစ်ဆေးကြည့်ရှုပေးသော (ဧည့်) အတိုင်ပင်ခံဆရာဝန်အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၇ ခုနှစ်မှာ ပုဂ္ဂလိက ကျန်းမာရေးဖက်ကို သွေးရောဂါအတိုင်ပင်ခံဆရာဝန်အဖြစ် ပြောင်းရွှေ့ခဲ့ပြီး သွေးရောဂါဆိုင်ရာလေ့လာမှုများ၊ ပြန်ရည်ကျိတ်ကင်ဆာနဲ့ ရိုးတွင်းချဉ်ဆီပြဿနာများအတွက် ပင်တိုင်စစ်ဆေးသူအဖြစ်နှင့် ဆေးပညာစမ်းသပ်မှုများကို ဦးဆောင်နေဆဲဖြစ်ပါသည်။

Dr Dawn Mya သည် Duke-NUS ဆေးပညာသင်တန်းကျောင်းတွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ Yong Loo Lin ဆေးပညာသင်တန်းကျောင်းတွင် ဝါရင့်သင်တန်းဆရာအဖြစ်လည်းကောင်း လုပ်ဆောင်ခဲ့ပါသည်။ သွေးရောဂါလူနာများ၏ ကုသမှုဆိုင်ရာတိုးတက်စေရန် သွေးသွင်းလုပ်ဆောင်မှု အစီအစဉ်အသစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သော အဖွဲ့ကို ဦးဆောင်နိုင်မှုအတွက် Singhealth EPIC ဆုကို ၂၀၁၃ တွင် လက်ခံရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှာ Singhealth Service Quality Partner ဆု၊ ၂၀၁၄ ခုနှစ်တွင် Singhealth Quality Service Award ( ရွှေ )ဆု နှင့် ၂၀၁၅ ခုနှစ်တွင် Singhealth Quality Service (ကြယ်) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

သွေးရောဂါလူနာများကို ပျောက်ကင်းအောင် ကုသပေးခြင်းသည် သိပ္ပံပညာထက် ပိုမိုသာလွန်ပြည့်စုံသော ကျွမ်းကျင်မှု ဖြစ်တယ် ဟု Dr Dawn က ယုံကြည်ထားပါသည်။