Dr Colin Phipps Diong
ဝါရင့်အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီး
အထူးပြု ဘာသာရပ် သွေးပညာဆိုင်ရာ
ဖုန်း +65 6836 3665
ဖက်စ် +65 6235 2744
အီးမေးလ် phipps.c@pcc.sg
ရရှိထားသောဘွဲ့များ MB BCh BAO (Ireland), MRCP (United Kingdom), FRCPath (United Kingdom)
ပြောဆိုနိုင်သော ဘာသာစကား အင်္ဂလိပ် ၊ အင်ဒိုနီးရှား ၊ မန်ဒရင်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

ဆေးခန်းလိပ်စာ ( များ ) 
Mount Elizabeth ဆေးပညာဆိုင်ရာ စင်တာ  
#10-11/12
စင်္ကာပူ  228510

Mount Elizabeth Novena အထူးကုစင်တာ 
38 Irrawaddy Road #05-43, 05-50 to 55
စင်္ကာပူ  329563
ဖုန်း  +65 6684 5522

ကိုယ်ရေးအကျဉ်း

Dr Colin Phipps Diong သည် Parkway Cancer Centre ၏ ဝါရင့်အတိုင်ပင်ခံ သွေးရောဂါအထူးကု သမားတော်ကြီးဖြစ်ပါသည်။ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)၊ သွေးဖြူဥကင်ဆာ (Leukaemia)နှင့် ရိုးတွင်းခြင်ဆီကင်ဆာ (Myeloma) အပြင် သွေးရောဂါဆိုင်ရာ ပင်မဆဲလ်အစားထိုးကုသခြင်း (Haematopoietic Stem Cell Transplantation) တို့ကိုအထူးပြုထားပါသည်။

Dr Phipps သည် ဆေးပညာဘွဲ့ကို ၂၀၀၂ခုနှစ်တွင် National University of Ireland မှာ ရရှိခဲ့ပြီး Singapore General Hospital တွင် Internal Medicine residency နှင့် သွေးပညာဆိုင်ရာ အထူးပြုလေ့လာခြင်းကို ထပ်မံ ပြီးမြောက်ခဲ့ပါသည်။ Dr Phipps သည် MRCP (UK) နှင့် FRCPath (UK) ဘွဲ့များကို ၂၀၀၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် အသီးသီးရရှိခဲ့ပါသည်။ Seattle ရှိ ကျော်ကြားသော Fred Hutchinson ကင်ဆာသုတေသနဌာန တွင် ပြန်ရည်ကျိတ်ကင်ဆာနှင့် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း ( Bone Marrow Transplantation ) များတွင် အထူးကုလေ့လာ သင်ကြားနိုင်ရန် HMDP fellowship အဖွဲ့ဝင် ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

Dr Phipps သည် စကႅာပူအထွေထွေကုဆေးရုံ သွေးရောဂါဌာနတွင် ( ၁၀ )နှစ်တာ လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ပြန်ရည်ကျိတ်ကင်ဆာ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် SingHealth-DUKE သွေးကင်ဆာစင်တာအတွက် ပြန်ရည်ကျိတ်ကင်ဆာ အတွက် ခေါင်းဆောင် ဖြစ်လာပါသည်။ Dr Phipps သည် ခံနိုင်ရည်ရှိသော ပြန်ရည်ကျိတ်ကင်ဆာများ နှင့် အစားထိုးကုသမှု ခံယူမည့်သူများ အပါအဝင် ရာပေါင်းများစွာသော ရှုပ်ထွေးသော သွေးကင်ဆာလူနာများကို စီမံခန့်ခွဲကြီးကြပ်ပါသည်။ များစွာသော ဆေးဝါးဆိုင်ရာ ‌ထောက်ပံ့ပေးသော စမ်းသပ်ချက်များနှင့် စစ်ဆေးခြင်းဖြင့် စတင်သော စမ်းသပ်မှုများကိုလည်း ဦးဆောင်ခဲ့ပါသည်။ စစ်ဆေးခြင်းဖြင့် စတင်သော စမ်းသပ်မှုများတလျှောက်တွင် Dr Phipps သည် ကုသမှုကို ခံနိုင်ရည်ရှိမှုများကို ကျော်လွှားနိုင်ရန် စံပြုထားသော ပစ်မှတ်ထားကုထုံးများနှင့် မိမိခုခံအားစနစ်ကုထုံးများ immunotherapies ကို ယခုလက်ရှိ စံထားသော ကုသမှုများအဖြစ် ရေးဆွဲခဲ့ပါသည်။

Dr Phipps သည် စကႅာပူတွင် လူငယ်ဆရာဝန်များ၏ ဘွဲ့မရခင်နှင့် ဘွဲ့လွန် လက်တွေ့သင်ကြားခြင်းတွင် တက်ကြွစွာ ပါဝင်ပါသည်။ ယခုလက်ရှိတွင် စကာပူနိုင်ငံရှိ သွေးရောဂါသင်ကြားရေးအတွက် အကြံပေး နှင့် စားမေးပွဲ ကော်မတီများ ၊ ရိုးတွင်းခြင်ဆီအလှူရှင်များအသင်းအဖွဲ့တွင် ကျန်းမာရေးဆိုင်ရာအကြံပေးဘောင်အတွင်း နှင့် SingHealth ၏ ကျင့်ဝတ်ဆိုင်ရာ ဘုတ်များတွင်လည်း လုပ်နေပါသည်။ ပညာရှင်များရေးသားသော peer-reviewed ဂျာနယ်များတွင် အစားထိုးကုသခြင်း၊ ကင်ဆာနှင့် သွေးရောဂါ ၊ နှင့် ရိုးတွင်းခြင်ဆီအစားထိုးခြင်း ဆောင်းပါးများပြုစုခြင်းတို့တွင် စာတမ်းပေါင်း ( ၃၀ ) ကျော်ကိုရေးသားခဲ့ပြီးဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ကင်ဆာနှင့် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းများတွင် များစွာသောအတွေ့အကြုံများရှိပြီး ‌ များစွာသော ဒေသတွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ နှင့် သင်ကြားရေး အစီအစဥ်များတွင် အကြံပေး အဖြစ် ဦးဆောင်လျက် ရှိနေပါသည်။