Dr Anselm Lee Chi-Wai


အထူးပြု ဘာသာရပ် |
ကလေးဆေးညာ ကလေးသွေးရောဂါ နှင့် ကင်ဆာ |
ဖုန်း | +65 6731 2673 |
ဖက်စ် | +65 6235 4924 |
အီးမေးလ် | alee@pcc.sg |
ရရှိထားသောဘွဲ့များ | MBBS (Hong Kong), MRCP (United Kingdom), FAMS, FRCPCH (United Kingdom), DCH (Ireland), FHKAM (Paediatrics), FHKCPaed |
ပြောဆိုနိုင်သော ဘာသာစကား | ကန်တုံ ၊ အင်္ဂလိပ် မန်ဒရင်း |
ဆေးခန်းလိပ်စာ(များ)
Mount Elizabeth ဆေးရုံ Level 43 Mount Elizabeth
စင်္ကာပူ 228510
ကိုယ်ရေးအကျဉ်း
Dr Anselm Lee Chi-Wai သည် Parkway Cancer Centre ရှိ ကလေး သွေးရောဂါနှင့် ကင်ဆာစင်တာတွင် ဝါရင့်အတိုင်ပင်ခံ ဆရာဝန်ကြီးဖြစ်ပါသည်။ Dr Lee သည် ကလေးများတွင် ကလေးသွေးရောဂါ၊ ကလေးကင်ဆာရောဂါ ၊ ခုခံအားကျဆင်းရောဂါများနှင့် ပင်မဆဲလ်အစားထိုးလဲလှယ်ခြင်းများတွင် အထူးကျွမ်းကျင်ပါသည်။
Dr Anselm Lee Chi-Wai သည် (၁၉၈၆ ) ခုနှစ်တွင် ဟောင်ကောင်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါသည်။ သူသည် ကွင်းမေရီဆေးရုံရှိ တက္ကသိုလ်ကလေးဌာနတွင် ဘွဲ့လွန်လေ့ကျင့်ရေး ပြီးမြောက်ခဲ့ပါသည်။ သူသည် (၁၉၈၉ ) ခုနှစ်တွင် the United Kingdom ရှိ တော်ဝင်သမားတော်များ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး (၁၉၉၃ ) ခုနှစ်တွင် ဟောင်ကောင်ဆေးကောင်စီအောက်ရှိ ကလေးအထူးကုတစ်ယောက် ဖြစ်လာခဲ့ပါသည်။ တည်ထောင်သူအဖွဲ့ဝင်အဖြစ် (၁၉၉၀ - ၁၉၉၁ ) ခုနှစ်တွင် Dr Anselm Lee Chi-Wai သည် လန်ဒန်တက္ကသိုလ်၊ ဖျားနာကလေးများနှင့် ကလေးကျန်းမာရေး အဖွဲ့အစည်းအတွက် ဂရိတ်အော်မွန်လမ်းဆေးရုံရှိ ကလေးသွေးရောဂါနှင့် ကင်ဆာရောဂါ ဌာနတွင် ဘွဲ့လွန်လေ့ကျင့်ရေးပြီးမြောက်ခဲ့ပါသည်။
Dr Anselm Lee Chi-Wai သည် ( ၁၉၉၁ ) ခုနှစ်တွင် ဟောင်ကောင်သို့ပြန်လာပြီးနောက် ကွင်းမေရီဆေးရုံရှိ ကလေး ရိုးတွင်းခြင်ဆီ အစားထိုးလဲလှယ်ခြင်း ဝန်ဆောင်မှုကို တည်ထောင်ခဲ့ပါသည်။(၁၉၉၂) ခုနှစ်တွင် Dr Lee သည် ဟောင်ကောင်တွင် thalassaemia သွေးရောဂါအတွက် ပထမဆုံး အစားထိုးလဲလှယ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၉၉၄) ခုနှစ်တွင် ဟောင်ကောင်တွင် ချက်ကြိုးသွေးအစားထိုးလဲလှယ်ခြင်း ကို ပထမဆုံးအဖြစ် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ (၁၉၉၅) ခုနှစ်တွင် ဟောင်ကောင်ရှိ Dr Lee သည် ထိုဒေသတွင် လူပေါင်း (၁) သန်းကို စောင့်ရှောက်မှုပေးနေသော ဆေးရုံအသစ်တစ်ခုဖြစ်သော တူရင်မွန်းဆေးရုံ၌ ကလေး သွေးရောဂါနှင့် ကင်ဆာရောဂါ ကို အလုံးစုံပြီးပြည့်စုံသော ဝန်ဆောင်မှုပေးနိုင်ရန် ကူညီပေးခဲ့ပါသည်။ Dr Lee သည် ဟောင်ကောင်တက္ကသိုလ်သို့ လေးစားခံ ဆေးပညာ လက်ထောက် ပရော်ဖက်ဆာအဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
Dr Anselm Lee Chi-Wai သည် နိုင်ငံတကာ ကလေး ကင်ဆာအဖွဲ့အစည်း၊ အမေရိကန် ဆေးပညာကင်ဆာအဖွဲ့အစည်း၊ အမေရိကန် သွေးရောဂါနှင့် ခြင်ဆီအစားထိုးလဲလှယ်ခြင်း အဖွဲ့အစည်း၊ the United Kingdom ကလေးများ၏ ကင်ဆာနှင့် သွေးဖြူဥ လူကီးမီးယား အုပ်စု ၊ နှင့် ဟောင်ကောင်ကလေး သွေးရောဂါနှင့် ကင်ဆာလေ့လာရေး အုပ်စု တို့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လျှက်ရှိပါသည်။ Dr Lee သည် (၂၀၀၂ ) မှ (၂၀၀၄ ) အထိ ဟောင်ကောင် ကလေးသွေးရောဂါနှင့် ကင်ဆာလေ့လာရေးအုပ်စုတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
Dr Anselm Lee Chi-Wai သည် ကျော်ကြားသော ဂျာနယ်များတွင် စာမျက်နှာ (၁၀၀ ) ကျော် ဖြန့်ဝေခံခဲ့ရပြီး သူ့လုပ်ဆောင်မှုများမှ ဆေးပညာဆိုင်ရာ အခြေအနေအသစ် (၃ ) ခုကိုလည်း ဖော်ပြခံရပါသည်။