Dr Ang Peng Tiam
ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး နှင့် ဝါရင့်အတိုင်ပင်ခံ ဆရာဝန်ကြီး
အထူးပြု ဘာသာရပ် ကင်ဆာဆိုင်ရာဆေးပညာ
ဖုန်း +65 6737 0733
ဖက်စ် +65 6737 7002
အီးမေးလ် angpt@pcc.sg
ရရှိထားသောဘွဲ့များ MBBS (Singapore), MMed (Internal Medicine), MRCP (United Kingdom), FAMS (Medical Oncology), FACP (USA), FRCP (Edinburgh), FRCP (London)
ပြောဆိုနိုင်သော ဘာသာစကား ကန်တုံ ၊ အင်္ဂလိပ် ၊ ဟော့ကင်း ၊ မန်ဒရင်း ၊ တီချွန်း
ရက်ချိန်းရယူပါ

ဆေးခန်းလိပ်စာ(များ)

Mount Elizabeth ဆေးပညာဆိုင်ရာ စင်တာ
3 Mount Elizabeth #02-02/03/04
စင်္ကာပူ 228510

ကိုယ်ရေးအကျဉ်း

Dr Ang Peng Tiam သည် Parkway Cancer Centre မှာ ဆေးဘက်ဆိုင်ရာ ညွန်းကြားရေးမှူး နှင့် ၀ါရင့် အတိုင်ပင်ခံ ကင်ဆာအထူးကုဆရာ၀န်ကြီး ဖြစ်ပါတယ်။ သူသည် အဆုတ်ကင်ဆာ ၊ အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ ၊ မျိုးပွားအဂ်ါနှင့် ဆီးလမ်းကြောင်း ဆိုင်ရာ ကင်ဆာ နှင့် ပြန်ရည်ကျိတ်ကင်ဆာ အပါအ၀င် ကျယ်ပြန့်သော ကင်ဆာပေါင်းများစွာ ကို ကုသမှု နှင့် စီမံခန့်ခွဲခြင်းမှာ အတွေ့အကြုံများစွာရှိပါတယ်။

Dr Ang သည် (၁၉၈၂) ခုနှစ်တွင် ဆေးပညာဘွဲ့ကို စကႅာပူနိုင်ငံ အမျိုးသားတက္ကသိုလ်မှ ရရှိခဲ့ပါတယ်။ သူသည် အတွင်းဆေးပညာဌာနမှာ အဓိကတာ၀န်ထမ်းဆောင်ခဲ့ပြီး အတွင်းဆေးပညာမဟာဘွဲ့ကို (၁၉၈၆) ခုနှစ်မှာ ပေးအပ် ချီးမြင့်ခံခဲ့ရပါတယ်။ (၁၉၈၉) ခုနှစ်တွင် Dr Ang သည် Houston နှင့် Texas ရှိ MD Anderson Cancer Centre တွင် ဘွဲ့လွန်ပြီးမြောက်ခဲ့ပြီး Standford University of Medicine သည်လည်းအပါအဝင်ဖြစ်ပါသည်။

Dr Ang သည် (၁၉၉၁) မှ (၁၉၉၇) အထိ စကႅာပူ အထွေထွေ ဆေးရုံကြီး ၏ ကင်ဆာဆေးပညာဌာနတွင် ခေါင်းဆောင်တစ်‌ယောက်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ သူသည် စကႅာပူ NUS တွင် ဆေးပညာဌာနမှာ တွဲဘက်ပါမောက္ခ အနေဖြင့် တပြိုင်နက်တည်းမှာပဲ ကင်ဆာအထူးကုစင်တာမှာ ညွန်းကြားရေးမှူးအနေဖြင့် ဆောင်ရွက်ခဲ့ပါတယ်။

Dr Ang သည် (၁၉၉၇) ကတည်းက ကိုယ်ပိုင်အလုပ်လုပ်ခဲ့ပါတယ်။ သူသည် ကင်ဆာလူနာများအတွက် ဂရုစိုက်မှုကောင်းကောင်း ‌‌ပေးနိုင်ဖို့ရာ ဆေးပညာကင်ဆာ ၊ သွေး‌ရောဂါဗေဒ နှင့် ရောဂါသက်သာစေသော ဆေးပညာများဆိုင်ရာ (၁၅) ဦးထက် ပိုသော အထူးကုများ နှင့် ၀ါရင့်အတိုင်ပင်ခံ အထူးကုဆရာ၀န်များ ပါ၀င်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဦးဆောင်ခဲ့ပါတယ်။

Dr Ang သည် စကႅာပူသမ္မတက ချီးမြင့်သော ပညာရည်ချွန်ဆုကို (၁၉၇၇) ခုနှစ်မှာ ချီးမြင့်ခံခဲ့ရပါတယ်။ (၁၉၈၆) ခုနှစ်မှာ ဆေးပညာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများရဲ့ မဟာဘွဲ့မှာ ပရော်ဖက်ဆာ ဆာ‌ဂျော့ဒန်အာသာ ရန်ဆန် ရွှေတံဆိပ်ဆု အထူးချွန်ဆုံးကျောင်းသားအဖြစ် ချီးမြင့်ခံခဲ့ရတဲ့အပြင် (၁၉၉၆) တွင် ဆေးပညာသုတေသနမှာ သူ၏ ထူးချွန်သော လုပ်ဆောင်မှုများကြောင့် စက်ာပူအမျိုးသား သိပ္ပံဆုကို ရရှိခဲ့ပါတယ်။ သူ၏ လူမှုလုပ်ရှားမှုများကြောင့် ကဒက်ရှ်ဘုရင် က ဒါတိုဘွဲ့ကို (၂၀၀၃) ခုနှစ်မှာ ချီးမြင့်ခဲ့ပါတယ်။

Dr Ang သည် စကႅာပူကင်ဆာအဖွဲ့အစည်းမှာ ကောင်စီ၀င်တစ်‌ယောက်လည်း ဖြစ်ပါတယ်။ သူသည် ကင်ဆာရောဂါဆိုင်ရာ စက်ာပူအဖွဲ့အစည်းမှာ အရင်က ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

Dr Ang သည် ပြည်သူလူထုကို ဆွဲဆောင်နိုင်သော စကားပြောကောင်းသော ဆရာ၀န်တစ်ယောက်ဖြစ်ပြီး (၂၀၀၆) ခုနှစ်မှာထုတ်‌‌‌ဝေခဲ့သော "ကယ်ပါ‌‌ဒေါက်တာ ဒီကင်ဆာ" ၊ (၂၀၀၉) ခုနှစ်မှာထုတ်‌ဝေခဲ့သော " မျှော်လင့်ခြင်း ပုံပြင်များ" နှင့် (၂၀၁၄) ခုနှစ်မှာ ထုတ်‌‌ဝေခဲ့သော "မျှော်လင့်ခြင်း နှင့် ကုသခြင်း " ကဲ့သို့သော စာအုပ်ပေါင်းမြောက်များစွာ ရေးသားထားသော ဆရာ၀န်စာရေးဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။