back view of woman cycling under blue sky
Collapse All
Expand All

Multiple myeloma သည် ခန္ဓာကိုယ်တွင် ကင်ဆာဖြစ်နေသော plasma ဆဲလ်များ အတိုင်းအဆမဲ့ ထုတ်လုပ်ပေးနေသော ရိုးတွင်းခြင်ဆီ ကင်ဆာတစ်မျိုးဖြစ်ပါသည်။ ကျန်းမာသော လူများတွင် plasma ဆဲလ်များသည် ပုံမှန်တွင် ရောဂါပိုးများကို တိုက်ထုတ်ရန် ပဋိဇိဝပစ္စည်းများ ထုတ်လုပ်ပေးသော သွေးဖြူဥဆဲလ်များ ဖြစ်ပါသည်။

Myeloma ဆဲလ်များသည် ရိုးတွင်းခြင်ဆီထဲတွင် စုပုံနေပြီး ရိုးတွင်းခြင်ဆီမှ ကျန်းမာသော သွေးဆဲလ်များဖြစ်ကြသော အောက်ဆီဂျင်သယ်ဆောင်ပေးသော သွေးနီဥများ၊ ရောဂါပိုးတိုက်ထုတ်ပေးသော သွေးဖြူဥဆဲလ်များနှင့် သွေးခဲခြင်းအတွက် လိုအပ်သော သွေးမွှားဥများ ထုတ်လုပ်ခြင်းကို ဟန့်တားနေပါသည်။

ဒါ့အပြင် Myeloma ဆဲလ်များသည် အလုပ်မလုပ်နိုင်သော ပဋိဇိဝပစ္စည်းများ ( အမ် - ပရိုတိန်းဟု ခေါ်သော ) ကို Myeloma ဆဲလ်များနှင့်အတူ များစွာထုတ်လုပ်ပြီး ခန္ဓာကိုယ်တွင် များစွာသော နေရာများတွင် စုပုံလာနိုင်ပါသည်။ ( တို့ကြောင့် Multiple Myeloma ဟုခေါ်ပါသည်။ ) . ထိုသို့စုပုံလာခြင်းကြောင့် ကျောက်ကပ် ( ကျောက်ကပ်အားနည်းခြင်းကို ဖြစ်စေခြင်း) နှင့် အရိုး ( ခန္ဓာကိုယ်တွင် ကယ်လ်စီယမ်ဓာတ်မြင့်တက်လာသော်လည်း အရိုးကျိုးလွယ်ခြင်း ) အပါအဝင် အရေးကြီး အင်္ဂါများနှင့် အသားများကို ပျက်စီးစေပါသည်။

image showing a healthy bone marrow vs multiple myeloma

Multiple Myeloma ဖြစ်စေသော အကြောင်းအရင်းကို မသိပေ။ အောက်ပါအချက်များသည် ဖြစ်နိုင်ချေများအဖြစ် ရှာတွေ့ထားပါသည်။

  • အသက်အရွယ် - Multiple Myeloma သည် အသက်ကြီးလာသည်နှင့်အမျှ ဖြစ်နိုင်ချေ မြင့်မားပါသည်။ ၎င်းသည် အသက် (၆၅) နှစ်အထက်တွင် ပိုမို ဖြစ်နိုင်ချေ ရှိပါသည်။
  • လိင် - Multiple Myeloma သည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်နိုင်ချေ ရှိပါသည်။
  • လူမျိုး - အာဖရိကန်- အမေရိကန်လူမျိုးများသည် ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။
  • ရာဇဝင် - အခြား plasma ဆဲလ်ရောဂါ၊ Monoclonal Gammopathy of Undetermined Significance (MGUS) ဖြစ်နေသောလူများသည် Multiple Myeloma ဖြစ်နိုင်ချေများပါသည်။ MGUS သည် ခန္ဓာကိုယ်တွင် အမ် ပရိုတိန်းရှိခြင်းဖြင့် ဖြစ်နိုင်ပါသည်။
  • မိသားစု ရာဇဝင် - multiple myeloma ဖြစ်နိုင်ချေသည် အနီးကပ်ဆုံးဆွေမျိုး ( မောင်နှမ ( သို့ ) မိဘ ) များတွင် ပိုမြင့်ပါသည်။
  • အဝလွန်ခြင်း - ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်သော လူများသည် multiple myeloma ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။

အစောပိုင်းအဆင့်များတွင် လူနာများသည် multiple myeloma ရောဂါလက္ခဏာများကို မခံစားရပေ။ ရောဂါလက္ခဏာများသည် လူတစ်ယောက်နှင့် တစ်ယောက် ကွဲပြားနိုင်ပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ -

  • မောပမ်းလွယ်ခြင်း
  • အသားအရေ ဖြူဖျော့လာခြင်း
  • အသက်ရှူမောခြင်း
  • အားနည်းခြင်း
  • ပျို့ခြင်း
  • ရေဆာလွန်ခြင်း
  • ကိုယ်အလေးချိန်ကျလာခြင်း
  • ဝမ်းချုပ်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ဝေဝါးလာခြင်း
  • ကျောက်ကပ်ပျက်ဆီးခြင်း
  • ခြေထောက်များ ယောင်ခြင်း( ကျောက်ကပ်ပြသနာဖြစ်သောကြောင့် )
  • မကြာခဏ ဆီးသွားခြင်း
  • အရိုးနာခြင်း ( သို့ ) အားနည်းခြင်း ( သို့ ) အရိုးကျိုးလွယ်ခြင်း
  • နောက်ကျော ( သို့ ) ဝမ်းဗိုက်သား နာခြင်း
  • အဖျားရှိခြင်း
  • မကြာခဏ ပိုးဝင်ခြင်း

Multiple myeloma ကို ရောဂါစစ်ဆေးရှာဖွေရန် များစွာသော စစ်ဆေးမှုများကို အသုံးပြုပါသည်။၎င်းတို့တွင် သွေးစစ်ခြင်း၊ ရိုးတွင်းခြင်ဆီ အသားစယူခြင်းနှင့် ပုံရိပ်မြင်ဓာတ်မှန်ရိုက်ခြင်း ( ဥပမာ - X-rays, MRI scan, PET-CT scan )

စမ်းသပ်စစ်ဆေးမှုတွင် ဆရာဝန်သည် ယောင်ယမ်းခြင်း ( သို့ ) ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများကို ရှာဖွေပါသည်။

သွေးဆဲလ်အရေအတွက်အားလုံးစစ်ဆေးခြင်း ( full blood count ) ဟုခေါ်သော သွေးစစ်ခြင်းသည် ရောဂါရှာဖွေရန်အတွက် ဓာတ်ခွဲခန်းသို့ သွေးနမူပို့ခြင်းဖြစ်ပါသည်။ သွေးနမူနာတွင် သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးမွှားဥများ အရေအတွက်ကို စစ်ဆေးပါသည်။ အခြားသော သွေးစစ်ခြင်းများဖြင့် သွေးထဲတွင် ပုံမှန်မဟုတ်သော " အမ် " ပရိုတိန်း နှင့် အခြားသော ပဋိဇိဝပစ္စည်းများကို ရှာဖွေရန် လိုအပ်ပါသည်။

ဆီးစစ်ခြင်းများသည် multiple myeloma ရောဂါကို ရှာဖွေစစ်ဆေးရာလည်း လုပ်ဆောင်ပါသည်။ ဆေးထဲတွင် ပုံမှန်မဟုတ်သော ပရိုတိန်းသာမက ပရိုတိန်းပမာဏကိုလည်း ရှာဖွေစစ်ဆေးပါသည်။

ရိုးတွင်းခြင်ဆီ အသားစယူခြင်းသည် ရိုးတွင်းချဉ်ဆီ နမူနာယူခြင်းဖြစ်ပြီး များသောအားဖြင့် တင်ပဆုံရိုးမှ ယူပါသည်။ ထုံဆေးဖြင့်လုပ်ပြီး (၁၅-၂၀ )မိနစ် ကြာမြင့်ပါသည်။ နမူနာကို ဓာတ်ခွဲခန်းတွင် myeloma ဆဲလ်များ၊ the karyotype နှင့် FISH tests ( ပုံမှန်မဟုတ်သော myeloma ခရိုမိုဇုန်းပြောင်းလဲခြင်းများ ကို စစ်ဆေးဖို့ရန် ပေးပို့ပါသည်။

ကင်ဆာအဆင့်သတ်မှတ်ခြင်းသည် ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရာတွင် အကူအညီဖြစ်စေပါသည်။ Multiple myeloma အဆင့်သတ်မှတ်ခြင်းအတွက် စနစ်(၂) မျိုးရှိပါသည် - the Revised International Staging System (RISS) နှင့် the Durie-Salmon Staging System တို့ဖြစ်ပါသည်။

The RISS သည် များသောအားဖြင့် အဓိကအချက် (၄)ချက် အပေါ်တွင် အခြေခံပါသည်။

  • သွေးထဲတွင် အသားဓာတ် ( albumin ) ပမာဏ - Albumin သည် ရောဂါပိုးများကို တုတ်ထုတ်ခြင်းနှင့် အသားစတစ်သျှူးများကို ပြုပြင်တည်ဆောက်ရာတွင် အသည်းကနေ ထုတ်ပေးသော ပရိုတိန်းဖြစ်ပါသည်။
  • သွေးထဲတွင် Beta-2 microglobulin ပမာဏ - Beta-2 microglobulin သည် myeloma ဆဲလ်များမှ ထုတ်ပေးသော ပရိုတိန်းတစ်မျိုးဖြစ်ပါသည်။ ဤပရိုတိန်းပမာဏများကို အဆင့်မြင့်သော multiple myeloma ကို ညွှန်ပြပါသည်။
  • သွေးထဲတွင် lactate dehydrogenase (LDH) ပမာဏ - LDH သည် အသားစတစ်သျှူးများတွင် ရှိသော အင်ဇိုင်းဖြစ်ပါသည်။ ဤအင်ဇိုင်းပမာဏများကို တစ်သျှူးများ ပျက်စီးခြင်းကို ညွှန်ပြသည်။
  • ကင်ဆာ၏ သတ်မှတ်ထားသော ဗီဇပုံမှန်မဟုတ်ခြင်းများ ( cytogenetics ) - အချို့ ခရိုမိုဇုန်း(၁၇) ၏ အစိတ်အပိုင်း မတွေ့ခြင်း ကဲ့သို့သော ခရိုမိုဇုန်းပြောင်းလဲခြင်းများသည် ရောဂါတိုးတက်မှု ပိုမိုမကောင်းမှုနှင့် ချိတ်ဆက်နေပါသည်။

အထက်ပါအချက်များနှင့် အခြေခံပြီး multiple myeloma သည် အဆင့် သုံးဆင့် ဖြင့် ခွဲခြားထားပါသည်။

  • အဆင့် (၁) - Serum beta-2 microglobulin သည် 3.5 mg/l ထက် နည်းခြင်း၊ albumin သည်3.5 g/dl ( သို့ ) ထက်ပိုများခြင်း၊ cytogenetics ဖြင့် ဖြစ်နိုင်ချေ မမြင့်သော အုပ်စု ၊ နှင့် LDH သည် ပုံမှန်ဖြစ်ပါသည်။
  • အဆင့် (၂) - Serum beta-2 microglobulin သည် 3.5 mg/l နှင့် 5.5 mg/l ကြား ၊ ( သို့ ) albumin သည် 3.5 g/dl အောက်နည်းခြင်း ။
  • အဆင့် (၃) - Serum beta-2 microglobulin သည် 5.5 mg/l (သို့ ) ပိုမိုများခြင်း နှင့် cytogenetics သည် ဖြစ်နိုင်ချေအုပ်စု ( သို့ ) LDH သည် မြင့်တက်ပါသည်။

The Durie-Salmon Staging System သည် (၁၉၇၅) ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး (၂၀၀၆)ခုနှစ်တွင် ထပ်မံမွမ်းမံခဲ့ပါသည်။ ၎င်းသည် multiple myeloma အဆင့်သတ်မှတ်ခြင်းအတွက် အသုံးနည်းပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် myeloma တွင် ရောဂါတိုးတက်မှု အချက်များတွင် အရေးကြီးဆုံးဖြစ်သော ဗီဇ(ခရိုမိုးဇုန်း) ပြောင်းလဲခြင်းများကို မယူပါ။

Multiple myeloma အစောပိုင်းအဆင့်များတွင် လူများသည် မည့်သည့်လက္ခဏာမှ မခံစားရပါ ( ၎င်းကို တဖြည်းဖြည်းလောင်ကျွမ်းနေသော / လက္ခဏာမပြသော multiple myeloma ) နှင့် ကုသမှုမလိုအပ်ပါ။ လူနာများသည် ပုံမှန်စစ်ဆေးခြင်းများနှင့် သွေးနှင့် ဆီးစစ်ခြင်းများဖြင့် တောက်လျှောက်စောင့်ကြည့်ပါသည်။ ကုသမှုနည်းလမ်းသည် များသောအားဖြင့် ရောဂါပိုမိုအဆင့်မြင့်သောအခါမှ စတင်ပေးပါသည်။

စံထားကုသမှုနည်းလမ်းများအချို့သည် အောက်ပါအတိုင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဆေး(၂-၃) မျိုးပေါင်းစပ်ခြင်းကုသခြင်းကို myeloma ကုသမှုအတွက် ထောက်ခံထားပါသည်။

ပစ်မှတ်ထားကုထုံး

ပစ်မှတ်ထားကုထုံးသည် ဆေးများ ( သို့) အခြားသောပစ္စည်းများသည် သတ်မှတ်ထားသော ဆဲလ်များကို ဖျက်ဆီးရန် ( သို့ ) ကြီးထွားခြင်းကို ပိတ်ဆို့ရန် ပစ်မှတ်ထားပါသည်။ Multiple myeloma အတွက် ပစ်မှတ်ထားဆေးဝါးများသည် ပရိုတိန်းများ ပြိုကွဲခြင်းမှ ထွက်လာသော Multiple myeloma ဆဲလ်များ ကို ပိတ်ဆို့ရန် ၊ ( သို့ ) myeloma ဆဲလ်များကို ပေါင်းလိုက်ပြီး myeloma ဆဲလ်များကို သေစေနိုင်ရန် ပေးပါသည်။

ခုခံအားစနစ်ကို ထိန်းချုပ်ဆေးများ ( Immunomodulators )

Myeloma မှာ သောက်ဆေးအနေဖြင့် အသုံးများပါသည်။ များသောအားဖြင့် proteasome inhibitors နှင့် steroids တို့နှင့် ပေါင်းစပ်အသုံးပြုပါသည်။ ခုခံအားစနစ်ထိန်းချုပ်ဆေးများသည် proteasome inhibitor ကုထုံးပြီးမှသာလျှင် myeloma ဆဲလ်များ ကြီးထွားခြင်း/ ပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန် ( သို့ ) ထိန်းသိမ်းရန် နည်းလမ်းအဖြစ် အသုံးပြုပါသည်။

ဇီဝကုထုံး

ဇီဝကုထုံးဆေးများသည် myeloma ဆဲလ်များကို သိရှိပြီးဖျက်ဆီးရန် ခန္ဓာကိုယ်ရှိ ခုခံအားစနစ် စွမ်းရည်ကို တိုးတက်စေပါသည်။ ၎င်းတို့သည် သွေးပြန်ကြောမှတဆင့် သွင်းခြင်းဖြင့် ပေးပါသည်။

ကင်ဆာဆေးသွင်းကုခြင်း

ကင်ဆာဆေးသွင်းကုသခြင်းသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ( သို့ ) ဆဲလ်များ ပွားနေခြင်းကို ရပ်တန့်စေရန် ဆေးဝါးများကို အသုံးပြုပါသည်။ ၎င်းဆေးဝါးများကို သွေးပြန်ကြောမှတဆင့် ( လက် ( သို့ ) လက်ဖျံပေါ်ရှိ သွေးပြန်ကြောမှတဆင့် ) ( သို့ ) သောက်ဆေးအနေနှင့် အသုံးပြုပါသည်။

Corticosteroids

Corticosteroids သည် myeloma ကုသမှုတွင် အရေးကြီးသော ဆေးများဖြစ်ပါသည်။ သူတို့သည် အထက်ပါအခြားသော ဆေးများနှင့်ပေါင်းစပ်ပေးပါသည်။ Corticosteroids ကို သွေးပြန်ကြောမှတဆင့် ( သို့ ) သောက်ဆေးအနေဖြင့်ပေးပါသည်။

ဓာတ်ရောင်ခြည်ပြကုသခြင်း

ဓာတ်ရောင်ခြည်ပြကုသခြင်း စွမ်းအင်မြင့်သော X rays များသည် ခန္ဓာကိုယ်ရှိ myeloma ဆဲလ်များကို ဖျက်ဆီးရန် အသုံးပြုပါသည်။ ပြင်ပကနေ ဓာတ်ရောင်ခြည်ပြကုထုံးသည် ခန္ဓာကိုယ်အပြင်ဘက်ကနေ စက်ဖြင့်ပေးပါသည်။ ဓာတ်ရောင်ခြည်ပြကုထုံးသည် ပုံမှန်မဟုတ်သော plasma ဆဲလ်များ အကျိတ်ဖြစ်ရန် စုပုံလာသောအခါ သတ်မှတ်ထားသော နေရာမှာ myeloma ဆဲလ်များကို လျှင်မြန်စွာ လျှော့နည်းစေပါသည်။

ပင်မဆဲလ်အစားထိုး ကုသခြင်း ( Stem Cell Transplantation ) နှင့် ပမာဏများများ ကင်ဆာဆေးသွင်းခြင်း

ငယ်ရွယ်သော myeloma လူနာများ ( များသောအားဖြင့် အသက် (၆၅) နှစ်‌အောက် ) Autologous stem cell transplantation ပင်မဆဲလ် အစားထိုးကုခြင်းကို လုပ်ဆောင်ရန် အမြဲတမ်းလုပ်သင့်ပါသည်။ Autologous သည် လူနာ၏ မိမိခန္ဓာကိုယ်မှ ရရှိသော ပင်မဆဲလ်ကို ဆိုလိုပါသည်။

Autologous transplantation သည် ပိုမိုအရေးကြီးသော စံပြကုသမှုနည်းလမ်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် myeloma ရောဂါကို ပိုမိုသက်တမ်းရှည်ကြာစွာ ထိန်းချုပ်နိုင်သော စွမ်းရည်ကြောင့်ဖြစ်ပါသည်။ ဤအစားထိုးကုသခြင်း အမျိုးအစားသည် myeloma ဆဲလ်များအများစု သေသွားပြီးသောအခါ အထက်ပါဆေးများနှင့် ကုသပြီးနောက် လုပ်လေ့ရှိပါသည်။ အခြေခံအချက်ကတော့ ကင်ဆာဆေးပမာဏများများပေးခြင်းဖြင့် ကျန်ရှိနေသော myeloma ဆဲလ်များကို သတ်ပါသည်။ ၎င်း‌‌နောက် ကင်ဆာဆေးပမာဏများများပေးခြင်း၏ ဆိုးကျိုးမှ လူနာ၏ ရိုးတွင်းခြင်ဆီကို ရှောင်ရှားနိုင်စေရန် မစုဆောင်းခင် ပင်မဆဲလ်ကို အသုံးပြုရန် လိုပါသည်။

Multiple myeloma အတွက် သိရှိထားသော ဖြစ်နိုင်ချေအနည်းငယ်ရှိသာ ရှိသော်လည်း ၎င်းအများစုမှာ ရှောင်လို့မရသောကြောင့် myeloma ကို ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပတ်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။