sporty woman stretching leg outdoor
Collapse All
Expand All

Chronic Myeloid Leukaemia (CML) သည် သွေးနှင့် ရိုးတွင်းချဉ်ဆီကင်ဆာတစ်မျိုးဖြစ်ပြီး လို့လည်း ခေါ်ပါသည်။ “chronic” ကာလရှည်ကြာသော ဟု သုံးနှုန်းခြင်းသည် ဤကင်ဆာသည် ရုတ်တရက်ချက်ချင်းဖြစ်သော လူကီးမီးယားအမျိုးအစားများထက် ပိုမိုနှေးကွေးစွာ ကြီးထွားလာသော ကင်ဆာဖြစ်သောကြောင့်ဖြစ်ပါသည်။

CML သည် ပုံမှန်မဟုတ်သော granulocytes ( သွေးဖြူဥတစ်မျိုး) ကို ပိုမိုထုတ်လုပ်ခြင်းကြောင့်ဖြစ်ပြီး ရိုးတွင်းခြင်ဆီတွင် ထူထဲလာကာ ပုံမှန်ဆဲလ်များထုတ်လုပ်ခြင်းကို အဟန့်အတားဖြစ်စေပါသည်။ ထို့နောက် ခန္ဓာကိုယ်တွင် လှည့်လည်စီးဆင်းနေသော ပုံမှန်သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များနှင့် သွေးမွှားဥဆဲလ်များ မလုံမလောက်ဖြစ်စေပါသည်။

CML လူနာအများစုတွင် the Philadelphia chromosome ဟုခေါ်သော ပုံမှန်မဟုတ်သော ခရိုမိုဇုန်း (သို့ ) ဗီဇပြောင်းလဲခြင်း ရှိပါသည်။ The Philadelphia chromosome သည် မျိုးရိုးမလိုက်တတ်သောကြောင့် မိဘများမှ ကလေးများသို့ ရောဂါမဆင်းသက်တတ်ပါ။

image showing normal chromosome breaking into abnormal chromosome

သို့သော် CML ဖြစ်သော အဓိက အကြောင်းရင်းကို မသိသေးပါ။ CML ဖြစ်နိုင်ချေ အနည်းငယ်သာ ရှိပါသည်။

  • အသက်အရွယ် - CML သည် အသက်(၆၀)ကျော်လူများတွင် အဖြစ်များပါသည်။ ကလေးများနှင့် လူငယ်များတွင် ဖြစ်ခဲပါသည်။
  • လိင် - CML သည် အမျိုးသမီးများထက် အမျိုးသားတွင် ပိုမို ဖြစ်နိုင်ပါသည်။
  • ဓာတ်ရောင်ခြည် ထိတွေ့မှု ရှိခြင်း - ဓာတ်ရောင်ခြည်ကို များစွာ ထိတွေ့ခြင်း( ဥပမာ- ဗုံးပေါက်ကွဲခြင်းမှ ( သို့ ) နူးကလီယား မှ မတော်တဆ ပျံ့နှံ့ခြင်း ) တို့သည် CML ကို ဖြစ်နိုင်ချေရှိပါသည်။

CML သည် နှေးကွေးစွာ ကြီးထွားလာသောကြောင့် ရောဂါလက္ခဏာများဖြစ်ပေါ်လာဖို့ အချိန်တစ်ခုယူရပါသည်။ CML သည် လက္ခဏာအနုစားလေးသာလျှင် ဖြစ်စေပြီး လက္ခဏာအားလုံး မဖြစ်တတ်ပေ။ CML သည် ပုံမှန်သွေးစစ်ဆေးခြင်းကနေ တိုက်ဆိုင်စွာ ရှာတွေ့နိုင်ပါသည်။ CML နှင့် ဆက်စပ်နေသော များသောအားဖြင့် ဖြစ်တတ်သော လက္ခဏာများမှာ -

  • မောပမ်းခြင်း
  • အဖျားရှိခြင်း
  • အသားအရောင် ဖြူဖျော့ခြင်း
  • အသက်ရှုမောခြင်း
  • အားနည်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန် လျော့ကျခြင်း
  • ညဘက် ချွေးထွက်များခြင်း ( သို့ ) အလွန်အမင်း ချွေးထွက်ခြင်း
  • သွားဖုံးသွေးထွက်ခြင်း ( သို့ ) နှာခေါင်းသွေးလျှံခြင်း
  • အလွယ်တကူ သွေးခြေဥလွယ်ခြင်း
  • အရိုးနာခြင်း
  • အစာအိမ်ပြည့်နေသလို ခံစားရခြင်း ( သို့ ) အစာအိမ်ယောင်ခြင်း
  • ယားယံခြင်း
  • မကြာခဏ ရောဂါပိုးဝင်ခြင်း

CML လို့ သံသယရှိလျှင် စမ်းသပ်စစ်ဆေးခြင်း၊ သွေးစစ်ခြင်းနှင့် ရိုးတွင်းခြင်ဆီ အသားစယူခြင်းသည် ရောဂါရှာဖွေ အမည်သတ်မှတ်ရာတွင် အ‌ထောက်အကူဖြစ်ပါသည်။

စမ်းသပ်စစ်ဆေးရာတွင် ဆရာဝန်သည် ဘေလုံးယောင်ယမ်းခြင်း ကဲ့သို့သော ရောဂါလက္ခဏာများကို ရှာဖွေရပါမည်။

သွေးဆဲလ်အရေအတွက်အားလုံးစစ်ဆေးခြင်း ( full blood count ) ဟုခေါ်သော သွေးစစ်ခြင်းသည် ရောဂါရှာဖွေရန်အတွက် ဓာတ်ခွဲခန်းသို့ သွေးနမူပို့ခြင်းဖြစ်ပါသည်။ သွေးနမူနာတွင် သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးမွှားဥများ အရေအတွက်ကို စစ်ဆေးပါသည်။ သွေးဖြူဥများ အလွန်အမင်းများနေခြင်းသည် CML ကို ပြသပါသည်။

ရိုးတွင်းခြင်ဆီ အသားစယူခြင်းသည် ရိုးတွင်းချဉ်ဆီ နမူနာယူခြင်းဖြစ်ပြီး များသောအားဖြင့် တင်ပဆုံရိုးမှ ယူပါသည်။ ထုံဆေးဖြင့်လုပ်ပြီး (၁၅-၂၀ )မိနစ် ကြာမြင့်ပါသည်။ နမူနာကို ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ ကို စစ်ဆေးဖို့ရန် ပေးပို့ပါသည်။

အခြားစစ်ဆေးခြင်းများဖြစ်ကြသော ဗီဇစစ်ဆေးခြင်းနှင့် ပုံရိပ်မြင်စစ်ဆေးခြင်းများ ( scans နှင့် ultrasounds ) များသည် CML ဖြစ်နေမှု အတိုင်းအတာကို သိရှိစေနိုင်ပြီး အကောင်းဆုံးကုသမှုနည်းလမ်းကို ဆုံးဖြတ်စေပါသည်။

ကင်ဆာများအများစုသည် ကင်ဆာအဆင့်ပေါ်မူတည်၍ ကုသမှုနည်းလမ်းကို ဆုံးဖြတ်ကြပါသည်။ ကင်ဆာအများစုတွင် အကျိတ်အရွယ်အစားနှင့် ကင်ဆာသည် ခန္ဓာကိုယ်တွင် ဘယ်လောက်ဝေးဝေးထိ ပျံ့နှံ့နေသလဲပေါ်မူတည်၍ ကင်ဆာအဆင့်ကို သတ်မှတ်ကြပါသည်။ CML ရောဂါတိုးတက်မှုသည် ရိုးတွင်းခြင်ဆီရှိ သွေးထဲတွင် မရင့်ကျက်သေးသော ( blasts ) ပမာဏနှင့် ပြောင်းလဲမှုအဆင့် ( phase ) ပေါ် မူတည်ပါသည်။

CML သည် ပြောင်းလဲမှုအဆင့် ( phase ) ( သို့ ) အုပ်စု ( ၃) စု ခွဲခြားထားပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) မှ သတ်မှတ်ထားသော အဆင့်များအတွက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • Chronic phase ( ကာလ ရှည်ကြာသော အဆင့် ) - လူနာများသည် ရိုးတွင်းချဉ်ဆီ ( သို့ ) သွေးနမူနာများတွင် blasts ဆဲလ်များ (၁၀) ရာခိုင်နှုန်းအောက် နည်းပါသည်။ လူနာအများစုသည် ၎င်းအဆင့်တွင် ရောဂါတွေ့ရှိတတ်ပြီး ဒီ အဆင့်တွင် နှစ်ပေါင်းများစွာ ကြာတတ်ပါသည်။ လူနာများသည် စံထားကုသမှုနည်းလမ်းများကို များသောအားဖြင့် တုံ့ပြန်ပါသည်။
  • Accelerated phase ( လျှင်မြန်တိုးတက်နေသော အဆင့် ) - အောက်ပါများမှ တစ်ခု - လူနာများ (၁၅) ရာခိုင်နှုန်းနှင့် အထက် ၊ သို့သော်‌ သွေး ( သို့ ) ချဉ်ဆီတွင် blasts ဆဲလ်များ (၃၀) ရာခိုင်နှုန်းအောက် ၊ သွေး ( သို့ ) ခြင်ဆီတွင် basophils များ ( သွေးဖြူဥ အထူးအမျိုးအစားတစ်မျိုး ) (၂၀) ရာခိုင်နှုန်းနှင့် အထက်၊ blasts နှင့် promyelocytes တို့အတူတကွသည် ချဉ်ဆီနှင့် သွေးထဲတွင် (၃၀ ) ရာခိုင်နှုန်းနှင့် အထက် ၊ သွေးမွှားဥအရေအတွက်သည် (100 x 1,000/mm3 သို့ အောက် ) အလွန်နည်းပါးပါသည်။ Philadelphia chromosome ပါဝင်သော လူကီးမီးယားဆဲလ်များတွင် ခရိုမိုဇုန်းပြောင်းလဲမှုအသစ်များ ကို တွေ့ရပါသည်။ လူနာများသည် အဖျားရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း ( သို့ ) အစားအသောက်ပျက်ခြင်းတို့ ဖြစ်ပါသည်။ လူနာများသည် စံထားကုသမှုနည်းလမ်းများ သာမက chronic phase အဆင့်တွင် မတုံ့ပြန်ပါ။
  • Blast phase (or blast crisis) - လူနာများတွင် သူတို့၏ သွေး ( သို့ ) ခြင်ဆီနမူနာများတွင် (၂၀ ) ရာခိုင်နှုန်း ( သို့ ) အထက် ဆဲလ်အနုလေးများ (blasts ) များ ရှိပါသည်။ ခြင်ဆီထဲတွင် ဆဲအနုလေးများ၏ အစုအဝေးအကြီးကြီးများ ဖြစ်လာပြီး ခြင်ဆီမှထွက်ကာ ပျံ့နှံ့လာပါသည်။ လူနာများသည် ဖျားခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း နှင့် အစားအသောက်ပျက်ခြင်းများကို ခံစားရနိုင်သည်။ ၎င်းသည် CML တွင် အဆိုးဆုံးအပြင်းထန်ဆုံးဖြစ်ပြီး ရောဂါလက္ခဏာများသည် Acute Myeloid Leukaemia (AML) နှင့် ဆင်တူပါသည်။

Chronic phase အတွင်း ကုသမှုနည်းလမ်းသည် CML ကို ပိုမိုအဆင့်မြင့်သော အဆင့်သို့ မဆိုးရွားသွားအောင် ကာကွယ်ပေးပါသည်။ စံပြကုသနည်းလမ်းအချို့မှာ ပစ်မှတ်ထားကုထုံး၊ ကင်ဆာဆေးသွင်းခြင်းနှင့် မိမိခုခံအားစနစ်သုံးကုထုံး တို့ဖြစ်ပါသည်။ ပင်မဆဲလ်အစားထိုးကုသခြင်းကို ပစ်မှတ်ထားကုထုံးနှင့် ကောင်းစွာ မတုံ့ပြန်သော လူနာများတွင် ပေးပါသည်။

ပစ်မှတ်ထားကုထုံး

ပစ်မှတ်ထားကုထုံးတွင် အသုံးပြုသော ဆေးဝါး (သို့ ) အခြားအရာဝတ္ထုများသည် သတ်မှတ်ပစ်မှတ်ထားသော ကင်ဆာဆဲလ်များကို ဖျက်ဆီး ( သို့ ) ကြီးထွားမှုကို ပိတ်ဆို့ စဥ်အတွင်း ပုံမှန်ဆဲလ်များကို မထိခိုက်စေနိုင်ပါ။ CML အတွက် tyrosine kinase inhibitors or TKIs ခေါ်သော ဆေးဝါးများသည် BCR-ABL tyrosine kinase enzyme ကို ပစ်မှတ်ထားပြီး အလုပ်လုပ်နေခြင်းမှ ရပ်တန့်စေပြီးနောက် CML ဆဲလ်များကို လျင်မြန်စွာ သေစေပါသည်။ TKIs သည် CML အတွက် ပထမဆုံးကုသမှု နည်းလမ်းအဖြစ် ထောက်ခံ အသုံးပြုကြပါသည်။

ကင်ဆာဆေးသွင်းကုသခြင်း

ယနေ့အခါ ကင်ဆာဆေးသွင်းခြင်းကို CML ၏ ပိုမိုဆိုးရွားသော အခြေအနေများအတွက်သာလျှင် အသုံးပြုပါသည်။ အဘယ့်ကြောင့်ဆိုသော် ပစ်မှတ်ထားကုထုံးသည် CML ၏ အဓိက အုပ်စုများအတွက် ပိုမိုထိရောက်ပါသည်။

ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ( သို့ ) တိုးပွားခြင်းများ ကို ရပ်တန့်စေရန် ဆေးဝါးများကို အသုံးပြုပါသည်။ ဆေးများကို သွေးပြန်ကြောမှတဆင့် ( လက် ( သို့ ) လက်ဖျံပေါ်ရှိ သွေးကြောမှတဆင့် ) ( သို့ ) သောက်ဆေးအလုံးအဖြစ် ပေးပါသည်။ ကင်ဆာဆေးများ နှစ်မျိုး ( သို့ ) နှစ်မျိုးအထက်ကို ပေါင်းစပ် အသုံးပြုပါသည်။ ကင်ဆာဆေးသွင်းခြင်းသည် ဆေးဘေးထွက်ဆိုးကျိုးများမှ ပြန်လည်သက်သာစေရန် တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် နားနေသော အချိန်ကာလများ ထားထားပါသည်။

close up image of chemotherapy IV drop for cancer treatment

မိမိခုခံအားစနစ်သုံးကုထုံး ( Immunotherapy )

မိမိခုခံအားစနစ်သုံးကုထုံးတွင် လူနာ၏ ခုခံအားစနစ်ကနေ ကင်ဆာဆဲလ်ကို သိရှိပြီးနောက် ဖျက်ဆီးနိုင်ရန် သဘာဝမှ ထုတ်ထားသော ပစ္စည်းများ ( သို့ ) လူမှ ဖန်တီးထားသော အရာများကို အသုံးပြုပါသည်။ Interferon သည် သွေးဖြူဥအရေအတွက်များကို လျော့ကျစေခြင်းဖြင့် အလုပ်လုပ်သော ခုခံအားစနစ်သုံးကုထုံးတစ်မျိုးဖြစ်ပါသည်။ ၎င်းသည် Philadelphia chromosome ပါဝင်သော ဆဲလ်အရေအတွက်များကို လျော့ကျစေပါသည်။ Interferon ကို နေ့စဥ် ( သို့ ) အပတ်စဥ် ဆေးသွင်းခြင်းဖြင့် အသုံးပြုပါသည်။

ပင်မဆဲလ်အစားထိုးကုသခြင်း

ပင်မဆဲလ်အစားထိုးကုသခြင်းသည် လူကီးမီးယားဖြစ်နေသော ခြင်ဆီနေရာတွင် ကျန်းမာသော ခြင်ဆီကို ထုတ်ပေးနိုင်သော ပင်မဆဲလ်များနှင့် အစားထိုးပါသည်။ ၎င်းကို အဆင့်မြင့်နေသော CML လူနာများအတွက်သာ စဥ်းစားပါသည်။

ပင်မဆဲလ်များသည် လူနာနှင့် အနီးစပ်ဆုံးကိုက်ညီသော အလှူရှင်ဆီမှ ရရှိသောကြောင့် လူနာ၏ ခန္ဓာကိုယ်မှ ပြန်လည် မတွန်းထုတ်ပါ။

CML အတွက် သိရှိထားသော ဖြစ်နိုင်ချေအနည်းငယ်သာ ရှိသော်လည်း ၎င်းအများစုမှာ ရှောင်လို့မရသောကြောင့် CML ကို ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။

canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။