sporty man and woman smiling at each other in gym
Collapse All
Expand All

Chronic Lymphocytic Leukaemia (CLL) သည်သွေးကင်ဆာတစ်မျိုးဖြစ်ပြီး ရိုးတွင်းချဉ်ဆီအတွင်းရှိ lymphocytic သွေးဖြူဥများမှ စတင်ဖြစ်ပေါ်ပါသည်။ ပုံမှန်မဟုတ်သော သွေးဖြူဥဆဲလ်များ ပိုမိုထုတ်လုပ်ပြီး ရိုးတွင်းခြင်ဆီအတွင်း ပြည့်ကျက်လာကာ ပုံမှန်သွေးဆဲလ်များ ထုတ်လုပ်ခြင်းကို အဟန့်အတားဖြစ်စေပါသည်။

လူကီးမီးယားသည် ရေတို ( သို့ ) ရေရှည် ဆိုသည်မှာ ဘယ်သွေးဆဲလ်များ ပါဝင်သလဲ နှင့် ၎င်း ဘယ်လိုလျှင်မြန်စွာ ကြီးထွားသလဲ ဆိုသည့်အပေါ် မူတည်ပါသည်။ ရေတို လူကီးမီးယား ( Acute leukaemias ) များသည် မကုဘဲ ထားလျှင် လျင်မြန်စွာ ကြီးထွားတတ်ပြီး ရေရှည်လူကီးမီးယား ( chronic leukaemias ) များသည် ကြီးထွားဖို့ရန် အချိန်ပိုယူပါသည်။ လူအများစုသည် နှစ်ပေါင်းများစွာကြာအောင် ရေရှည်လူကီးမီးယားနှင့် အသက်ရှင်နေထိုင်နိုင်ပါသည်။

illustration of red blood cells and white blood cells

CLL ဖြစ်စေသော သက်သေပြနိုင်သော အကြောင်းရင်းမရှိသေးသော်လည်း သွေးဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ထားသော ဗီဇများတွင် ပြောင်းလဲမှု ဖြစ်ခြင်းမှ ဖြစ်ပေါ်လာသည်ဟု ယူဆရပါသည်။ ထိုပြောင်းလဲခြင်းများသည် လူတစ်ဦးအသက်ရှင်စဥ်တွင် ဖြစ်ပြီးနောက်မျိုးဆက်များဆီသို့ ဆက်မဖြစ်နိုင်ပေ။ အချို့သော ဖြစ်နိုင်ချေများသည် CLL ကို ဖြစ်ပေါ်စေကြောင်း သိရှိရပါသည်။

  • အသက်အရွယ် - အသက်ကြီးလာသည်နှင့်အမျှ CLL ဖြစ်နိုင်ချေများပါသည်။ CLL သည်အများအားဖြင့် အသက်(၆၀) ကျော်တွင် အဖြစ်များဆုံးဖြစ်ပြီး အသက်(၄၀)အောက်တွင် ဖြစ်ခဲပါသည်။
  • လိင် - အမျိုးသမီးများထက် အမျိုးသားများတွင် CLL ပိုဖြစ်များပါသည်။
  • မိသားစုရာဇဝင် -CLL ဖြစ်သူ၏ အနီးစပ်ဆုံး ဆွေမျိုးများ ( မိဘများ၊ မောင်နှမများ ( သို့ ) ကလေးများ ) တွင် CLL ဖြစ်နိုင်ချေများပါသည်။
  • လူမျိုး - အရှေ့ဘက်ခြမ်းရှိ ယူရုတ်လူမျိုး ဂျူး ( သို့ ) ရုရှားဂျူးများနှင့် ဆွေမျိုးတော်စပ်သူများသည် CLL ဖြစ်နိုင်ချေ ပိုများပါသည်။
  • ဓာတုပစ္စည်းများကို ထိတွေ့မှုရှိခြင်း - ဗီယက်နမ်စစ်ပွဲအတွင်း အသုံးပြုသော ပေါင်းသတ်ဆေး ဖြစ်သော လိမ္မော်ရောင်ပစ္စည်းနှင့် ထိတွေ့မှုရှိထားသော လူများသည် CLL ဖြစ်နိုင်ချေ ပိုများပါသည်။

CLL သည် အပျော့စား ‌ဝေဒနာများသာလျှင် ဖြစ်စေပြီး လူအတော်များများသည် လက္ခဏာများအားလုံး မခံစားရပါ။ CLL ကို ပုံမှန်သွေးစစ်ခြင်းကနေ မတော်တဆ တွေ့ရှိနိုင်ပါသည်။ သို့သော် တခါတရံ CLL သည် အောက်ပါ ဝေဒနာများကို ဖြစ်စေပါသည်။

  • မောပမ်းခြင်း
  • ဖျားခြင်း
  • အသက်ရှုရ မောခြင်း
  • အားနည်းခြင်း
  • အသားအရေ ဖြူဖျော့ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန် လျော့နည်းလာခြင်း
  • ညဘက်ချွေးထွက်ခြင်း ( သို့ ) အလွန်အမင်း ချွေးထွက်လွန်ခြင်း
  • သွားဖုံးသွေးယိုခြင်း ( သို့ ) နှာခေါင်းသွေးယိုခြင်း
  • အလွယ်တကူ သွေးခြေဥခြင်း
  • အနီရောင် ( သို့ ) ခရမ်းရောင် အစက်အပြောက်များ အရေပြားတွင် ဖြစ်ခြင်း
  • အရိုး ( သို့ ) အဆစ်နာခြင်း
  • အစာအိမ်တွင် ပြည့်အင့်ခြင်း ( သို့ ) အစာအိမ်ယောင်ခြင်း
  • လည်ပင်း၊ ဂျိုင်းအောက်၊ အစာအိမ် ( သို့ ) ပေါင်ခြံတွင် မနာကျင်သော အကျိတ်များ
  • မကြာခဏ ရောဂါပိုးဝင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း၊ သွေးစစ်ခြင်းနှင့် ရိုးတွင်းချဉ်ဆီ အသားစယူခြင်းတို့သည် CLL ဟု ရောဂါအမည်သတ်မှတ်ရန် အကူအညီဖြစ်စေပါသည်။

စမ်းသပ်စစ်ဆေးရာတွင် ဆရာဝန်သည် ယေဘုယျ ကျန်းမာရေး လက္ခဏာများ ကို စစ်ဆေးပြီး အသည်း၊ ဘေလုံးနှင့် ပြန်ရည်ကျိတ်များတွင် ယောင်ယမ်းခြင်း၊ ပုံမှန်မဟုတ်သွေးယိုခြင်း ( သို့ ) သွေးခြေဥခြင်း နှင့် ရောဂါပိုး ရှိနေသော လက္ခဏာများကို ရှာဖွေပါသည်။

သွေးအရေအတွက်အားလုံးစစ်ခြင်း ( full blood count ) ဟုခေါ်သော သွေးစစ်ခြင်းဖြင့် သွေးနမူနာကို ဓာတ်ခွဲခန်းသို့ ပို့စစ်ပါသည်။ သွေးနမူနာတွင် မတူညီသော သွေးဆဲလ်များ အရေအတွက်ကို စစ်ဆေးပါသည်။ Lymphocytes အချိုးမြင့်တက်နေမှု ( ၅,၀၀၀ lymphocytes / mm3 ကျော် ) သည် သွေးနီဥဆဲလ်နှင့် သွေးမွှားဥနည်းခြင်းတို့နှင့်အတူ ဖြစ်နေလျှင် CLL ကို ပြသပါသည်။ အဏုကြည့်မှန်ပြောင်းအောက်တွင် CLL ဖြစ်နေသော လူ၏ သွေးအမြှေးပါးသည် ရွံ့စရာကောင်းသောဆဲလ်များ ( သို့ ) ပုံမှန်နှင့် မတူသော ကိုလည်း တွေ့ရပါသည်။

ရိုးတွင်းခြင်ဆီ အသားစယူခြင်းသည် ရိုးတွင်းချဉ်ဆီ နမူနာယူခြင်းဖြစ်ပြီး များသောအားဖြင့် တင်ပဆုံရိုးမှ ယူပါသည်။ ထုံဆေးဖြင့်လုပ်ပြီး (၁၅-၂၀ )မိနစ် ကြာမြင့်ပါသည်။ နမူနာကို ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ ကို စစ်ဆေးဖို့ရန် ပေးပို့ပါသည်။

Flow cytometry သည် သွေး ( သို့ ) ချဉ်ဆီ နမူနာတွင် CLL ဆဲလ်များကို ရှာဖွေပေးသော စက်တစ်မျိုးကို အသုံးပြုသော စစ်ဆေးနည်းဖြစ်ပါသည်။ Flow cytometry သည် CLL ကို ရောဂါသတ်မှတ်ရာတွင် အသုံးပြုသော အရေးကြီးဆုံး စစ်ဆေးခြင်းဖြစ်ပါသည်။

အခြားသော စစ်ဆေးမှုများဖြစ်သော သွေးစစ်ခြင်း၊ ခရိုမိုဆုန်းကို ခွဲခြမ်းစိတ်ဖြာခြင်း၊ နှင့် ပုံရိပ်မြင်စစ်ဆေးခြင်း ( ဥပမာ - CT-scans ) များသည် CLL ဘယ်လောက်အတိုင်းအတာဖြစ်နေသလဲနှင့် အကောင်းဆုံးကုသနည်းလမ်းများကို ဆုံးဖြတ်ပေးရာတွင် အကူအညီဖြစ်စေပါသည်။

researcher doing a blood test analysis

CLL အဆင့်များတွင် ကွဲပြားသောနည်းလမ်းများ ရှိပါသည်။ အရင်တုန်းက အဆင့်သတ်မှတ်ခြင်းစနစ်များ ( အမည်အားဖြင့် Rai စနစ် နှင့် Binet စနစ် ) တို့သည် သွေးထဲရှိ CLL ဆဲလ်အရေအတွက်များ၊ ကြီးနေသော ပြန်ရည်ကျိတ်များ အရေအတွက်၊ နှင့် / ( သို့ ) ခြင်ဆီပါဝင်မှု အတိုင်းအဆ များကို တိုင်းတာခြင်းဖြင့် ခန္ဓာကိုယ်တွင် CLL အတိုင်းအဆအပေါ်သာလျှင် အခြေခံပါသည်။

Rai နှင့် Binet ကဲ့သို့သော ဆေးပညာဆိုင်ရာ စနစ်များထက် ပိုမိုအရေးကြီးသော အချက်များမှာ ခရိုမိုဇုန်း ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ဗီဇပြောင်းလဲခြင်း လေ့လာချက်များကဲ့သို့သော ပိုမိုအသေးစိတ်ကြသော စစ်ဆေးချက်များမှ ရရှိသော အဖြေများဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော် တိုးတက်လာသော စစ်ဆေးချက်များသည် ယခင် ဆေးပညာ အဆင့်သတ်မှတ်သော စနစ်များထက် ရောဂါတိုးတက်မှုနှင့် ကုသမှုကို တုံ့ပြန်မှုကို ခန့်မှန်းရာတွင် ပိုမိုကောင်းပါသည်။

CLL အတွက် ကုသမှုနည်းလမ်းအများစုသည် ပျောက်ကင်းအောင် မကုသပေးနိုင်ပေ။ ကုသမှုနည်းလမ်းသည် လူနာများကို ပုံမှန်သင့်တင့်သော ဘဝတွင် နေထိုင်နိုင်ရန် အတွက် CLL အတိုင်းအတာကို ထိန်းချုပ်စီမံနိုင်ရန် ရည်ရွယ်ပါသည်။

CLL အစောပိုင်းအဆင့်များတွင် လူအတော်များများသည် ရောဂါလက္ခဏာကို မခံစားပါ။ ကုသမှုလည်း မလိုအပ်ပေ။ ၎င်းကို ရောဂါလက္ခဏာမပြသေးသော ( asymptomatic CLL ) ဟုခေါ်ပါသည်။ လူနာများကို ပုံမှန်စစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းဖြင့် စောင့်ကြည့်ပါသည်။ ကုသမှုကို များသောအားဖြင့် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာသောအခါနှင့် / ( သို့) သွေးဆဲလ်အရေအတွက်များ စတင်ကျဆင်းလာသောအခါမှ ပေးလေ့ရှိပါသည်။

အသုံးများသော ကုသမှုနည်းလမ်းများတွင် small molecule inhibitors ( ပစ်မှတ်ထားကုထုံး တစ်မျိုး ) ၊ ကင်ဆာဆေးသွင်းကုသနည်း၊ နှင့် ဇီဝကုထုံး ( aka monoclonal antibodies ) တို့ ပါဝင်ပါသည်။

small molecule inhibitors ( ပစ်မှတ်ထားကုထုံး )

CLL တွင် ပစ်မှတ်ထားကုထုံးသည် သောက်ဆေးအနေဖြင့် အသုံးပြုပြီး ကင်ဆာဆဲလ်အတွင်းရှိ သတ်မှတ်ထားသော ပရိုတိန်းများကို ဟန့်တားခြင်းဖြင့် ဖျက်ဆီး ( သို့ ) ကြီးထွားခြင်းကို ပိတ်ဆို့ပါသည်။ ဤကုသမှုနည်းလမ်းသည် CLL တွင် U.S. FDA နှင့် Singapore Health Science Authority တို့၏ ခွင့်ပြုချက်ဖြင့် ဆေးနှစ်မျိုးသည် ယခုနှစ်များတွင် ရှေ့သို့ ရောက်ရှိလာပါသည်။ ထိုဆေးများသည် အလွန်အကျိုးထိရောက်ပြီး ဆေးပညာစမ်းသပ်ချက်များတွင် အချို့သော ဗီဇပြောင်းလဲခြင်းများကြောင့် ဖြစ်သော CLL အမျိုးအစားများတွင်သာ ကင်ဆာကုသမှုထက် ပိုမိုထိရောက်သည်ကို တွေ့ရပါသည်။

Immunotherapy ( ခုခံအားစနစ်သုံးကုထုံး )

မိမိခုခံအားစနစ်သုံးကုထုံးတွင် လူနာ၏ခုခံအားစနစ်ကို ကင်ဆာဆဲလ်များကို သိရှိပြီး ဖျက်ဆီးရန် ကူညီပေးနိုင်သော ခုခံအားစနစ်သုံးပရိုတိန်းများကို လူကပြုလုပ်ဖန်တီးထားသော monoclonal antibodies ကို အသုံးပြုခြင်းပါဝင်ပါသည်။ The monoclonal antibodies ကို သွေးပြန်ကြောမှတဆင့် ထိုးဆေးအနေဖြင့် ပေးပါသည်။ ခုခံအားစနစ်သုံးကုထုံးကို တခါတရံ ကင်ဆာဆေးသွင်းနှင့် ပေါင်းစပ်၍ ပေးပါသည်။

ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသခြင်းသည် ကင်ဆာဆဲလ်များ ပွားခြင်းမှ ဖျက်ဆီးစေသော ( သို့ ) ရပ်တန့်စေသော ဆေးများကို အသုံးပြုပါသည်။ ဆေးများကို သွေးပြန်ကြောများမှ တဆင့် ( လက် ( သို့ ) လက်ဖျံ သွေးပြန်ကြောမှ တဆင့် ) ( သို့ ) သောက်ဆေးပုံစံဖြင့် ပေးနိုင်ပါသည်။ ကင်ဆာဆေးများကို နှစ်မျိုး ( သို့ ) နှစ်မျိုးထက်ပိုသော ဆေးများကို ပေါင်းစပ်၍ ပေးပါသည်။ ကင်ဆာဆေးသွင်းခြင်းကို ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှ ပြန်လည်ကောင်းမွန်စေရန် တစ်ကြိမ်နှင့် တစ်ကြိမ်ကြား နားနေနိုင်ရန် အချိန်ကာလများ ထားထားပါသည်။ ကင်ဆာဆေးသွင်းခြင်း အကြိမ်များကို များသောအားဖြင့် သတ်မှတ်ထားပါသည်။ ဥပမာ - ( ၆ - ၈ ) ကြိမ်

ဓာတ်ရောင်ခြည်ပြ ကုထုံး

ဓာတ်ရောင်ခြည်ပြ ကုထုံးမှာ စွမ်းအင်မြင့် X rays ကို ခန္ဓာကိုယ်တွင် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အသုံးပြုပါသည်။ အပြင်ကနေပေးသော ဓာတ်ရောင်ခြည်ပြ ကုထုံးကို ခန္ဓာကိုယ်အပြင်ဘက်ကနေ စက်ဖြင့် ပေးပါသည်။ CLL မှာ ဓာတ်ရောင်ခြည်ပြကုထုံး ပေးခဲပါသည်။

CLL ရောဂါ၏ ( ၂ ) မှ (၁၀ ) ရာခိုင်နှုန်းသည် လူကီးမီးယားမှ ပြင်းထန်ဆိုးရွားသော ဟော့ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ ( သို့ ) ဟော့ကင်း ပြန်ရည်ကျိတ်ကင်ဆာ တို့သို့ ပြောင်းလဲသွားနိုင်ပေသည်။ CLL သည် Acute Lymphoblastic Leukaemia (ALL) သို့ ပြောင်းခဲပါသည်။ အချို့သော CLL ကိုကုသသော ကင်ဆာဆေးများသည် ခန္ဓာကိုယ်တွင် သွေးဆဲလ်များကို ဖြစ်စေသော ဗီဇများကို လည်း ပျက်ဆီးစေပါသည်။

CLL အတွက် သိရှိထားသော ဖြစ်နိုင်ချေအနည်းငယ်ရှိသာ ရှိသော်လည်း ၎င်းအများစုမှာ ရှောင်လို့မရသောကြောင့် CLL ကို ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။

canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။