leukaemia virus and arteries under microscope

Collapse All
Expand All

Acute Lymphoblastic Leukaemia (ALL) သည် ရိုးတွင်းချဉ်ဆီထဲမှ မရင့်ကျက်သေးသော သွေးဖြူဥဆဲလ်များကို သက်ရောက်သော သွေးကင်ဆာတစ်မျိုးဖြစ်ပါသည်။ မရင့်ကျက်သေးသောဆဲလ်များသည် အထိန်းအချုပ်မဲ့ ပွားများပြီး ချဉ်ဆီထဲတွင် ပြည့်ကျပ်သွားပါသည်။ ၎င်းသည် ပုံမှန်သွေးဆဲလ်များ ထုတ်လုပ်ခြင်းကို ပိတ်ဆို့စေပါသည်။ Acute Lymphoblastic Leukaemia (ALL) ကလေးများသည် ရိုးတွင်းချဉ်ဆီမှ လုံလောက်သော သွေးနီဥများ၊ သွေးဖြူဥများ နှင့် သွေးမွှားဥများ မထုတ်နိုင်သောကြောင့် သွေးအားနည်းခြင်း၊ မကြာခဏ ရောဂါပိုးဝင်ခြင်းများ၊ သွေးခြေဥခြင်းများ နှင့် သွေးယိုခြင်းများ ဖြစ်လွယ်ပါသည်။

boy patient receiving chemotherapy infusion

ALL သည် ကလေးများတွင် အဖြစ်များဆုံးသော ကင်ဆာတစ်မျိုးဖြစ်ပါသည်။ နှစ်စဥ်နှစ်တိုင်း ကလေးတစ်သန်း၏ (၃၀-၄၀) ခန့်သည် ALL ဟု‌ရောဂါရှာဖွေ တွေ့ရှိနေပါသည်။ သုံးယောက်တိုင်းတွင် ကင်ဆာတွေ့လျှင် တစ်ယောက်သည် ALL ဖြစ်နေပါသည်။

၎င်းကို ဘာကြောင့်ဖြစ်စေပါသလဲ ?

ALL ကို ဖြစ်စေသော သေချာသော အကြောင်းရင်းကို မသိရသေးသော်လည်း သုတေသနလေ့‌လာချက်များကနေ များစွာသော ဖြစ်နိုင်ချေများကို သိရှိထားပါသည်။ ALL ကို ဖြစ်စေသည်မှာ ဗီဇပျက်စီးကြောင့်ဖြစ်သည်ဟု ယူဆရသောကြောင့် ဗီဇပျက်စီးခြင်းကို ဖြစ်စေသော ဖြစ်နိုင်ချေ အချို့ရှိပါသည်။

ရောဂါပိုးဝင်ခြင်း - အဖြစ်များသော ကလေးဘဝတွင် ရောဂါပိုးဝင်ခြင်းများကို နှောင့်နှေးစွာတုံ့ပြန်ခြင်း ( သို့ ) ကလေး၏ခုခံအားစနစ်သည် ရောဂါပိုးဝင်ခြင်းကို ပုံမမှန်တုံ့ပြန်ခြင်းတို့ ပါဝင်ပါသည်။ ALL သည် ကူးစက်တတ်သော ရောဂါမဟုတ်ပါ။ ကလေးတစ်ယောက်မှ တစ်ယောက်သို့ လူကီးမီးယားသည် မကူးစက်နိုင်ပေ။

အိုင်ယွန်ဓာတ်ပြု ဓာတ်ရောင်ခြည်ထိခြင်း - ကလေးများသည် မမွေးခင် ( သို့ ) မွေးပြီး အစောပိုင်းနှစ်များတွင် အိုင်ယွန်ဓာတ်ပြု ဓာတ်ရောင်ခြည်ထိတာ များခြင်း ( X-rays များမှ ထုတ်သော စွမ်းအင်နှင့် ဓာတ်သတ္တိကြွပစ္စည်းများ)တို့သည် ALL ကို ဖြစ်နိုင်ချေ များပါသည်။

ဗီဇအချက်များ - ALL သည် မျိုးရိုးလိုက်တတ်သော ရောဂါမဟုတ်သော်လည်း Down syndrome ကဲ့သို့ အချို့သော မွေးရာပါ ချို့ယွင်းချက်များပါသော ကလေးများသည် ALL ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။

child with a scraped knee

ALL ၏ လက္ခဏာများသည် အဓိကအားဖြင့် သွေးစနစ်ထဲတွင် ပုံမှန်သွေးဆဲလ်များ မရှိတော့ခြင်းကြောင့် ဖြစ်ပါသည်။

  • သွေးအားနည်းခြင်းသည် သွေးနီဥဆဲလ်များ နည်းသောကြောင့် ဖြစ်သည်။
  • ကလေးသည် ပင်ပမ်းလွယ်ပြီး ဖြူဖျော့နေပါသည်။
  • သွေးခြေဥလွယ်ခြင်း ( သို့ ) သွေးထွက်ခြင်းတို့သည် သွေးမွှားဥနည်းသောကြောင့် ဖြစ်သည်။
  • ကလေးသည် ရောဂါပိုးများကို တိုက်ထုတ်ရန် အတွက် ရင့်ကျက်သော သွေးဖြူဥဆဲလ်များ မလုံလောက်သောအခါ မကြာခဏ ( သို့ ) တောက်လျှောက် ပိုးဝင်နေခြင်း ဖြစ်နိုင်သည်။
  • အရိုး နှင့် / ( သို့ ) အဆစ် နာခြင်း
  • အခြားသော လက္ခဏာများ ဖြစ်ကြသော ပြန်ရည်ကျိတ်ယောင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် ဝမ်းဗိုက် မအီမသာဖြစ်ခြင်း တို့ ဖြစ်နိုင်ပါသည်။

ALL ကို ပြီးပြည့်စုံစွာ ရောဂါရှာဖွေခြင်းတွင် သွေးစစ်ခြင်းများနှင့် ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။

doctor performing a bone marrow aspiration on patient
သွေးဆဲလ်များ အားလုံးစစ်ခြင်း ( FBC )

ဤစစ်ဆေးခြင်းတွင် သွေးနမူနာယူပြီး ဓာတ်ခွဲခန်းသို့ ပို့ပါသည်။ သွေးနီဥများ၊ သွေးဖြူဥများ နှင့် သွေးမွှားဥများတို့ကို ရေတွက်ပါသည်။ ဆဲလ်များကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ပြီး ပုံမမှန်သော သွေးဆဲလ်များကို ရှာဖွေပါသည်။

ရိုးတွင်းချဉ်ဆီ စစ်ဆေးခြင်း ( Bone Marrow Examination)

ဤစစ်ဆေးခြင်းကို ALL ရောဂါဟု ပိုမိုသေချာစေရန် လုပ်ပါသည်။ ဤစစ်ဆေးခြင်းသည် ဆရာဝန်အား ကလေးများအတွက် အကောင်းဆုံးကုသနည်းကို ဆုံးဖြတ်နိုင်စေပါသည်။ ထိုလုပ်ငန်းစဥ်တွင် တင်ပဆုံရိုးမှ ချဉ်ဆီနမူနာယူပြီး ဓာတ်ခွဲခန်းစစ်ဆေးချက်များအတွက် လုပ်ဆောင်ပါသည်။ ချဉ်ဆီတွင် လူကီးမီးယားဆဲလ်များ ရှိခြင်းဖြင့် ရောဂါကို ပိုမိုသေချာစေပါသည်။ ထပ်လောင်းစစ်ဆေးချက်များကို လူကီးမီးယား အမျိုးအစားသေချာစေရန်နှင့် ကုသပြီးနောက် ရလဒ်ကို ခန့်မှန်းရန် ပြုလုပ်ပါသည်။

ဦးနှောက်အာရုံကြောမရှိ အရည်ကို စစ်ဆေးခြင်း ( Cerebro Spinal Fluid (CSF) Examination )

ဦးနှောက်နှင့် အာရုံကြောမကြီး ကို ပတ်ပတ်လည် ဝန်းရံထားသော CSF အရည် နမူနာအနည်းငယ်ကို Lumbar Puncture ခါးရိုးဆစ်ကို အပ်ဖြင့် ထိုးဖောက်ခြင်းဖြင့် စုဆောင်းပါသည်။ ဤနမူနာကို ဓာတ်ခွဲခန်းသို့ ပို့ပြီး ဗဟိုအာရုံကြောစနစ်အတွင်း လူကီးမီးယားဆဲလ်များ ရှိမရှိကို စစ်ဆေးပါသည်။ CSF အတွင်း လူကီးမီးယားဆဲလ်များ ရှိလျှင် ထပ်လောင်းကုသမှုနည်းလမ်း လိုအပ်ပါသည်။

အခြားသော စစ်ဆေးချက်များ

အခြားသော ဓာတ်ခွဲခန်းစစ်ဆေးခြင်းများနှင့် x-rays များသည် အမျိုးမျိုးသော အဓိက အင်္ဂါများ၏ လုပ်ဆောင်ချက်များ နှင့် ယေဘုယျကျန်းမာရေး အခြေအနေ အကြောင်း သိရှိစေပါသည်။ ထိုစစ်ဆေးချက်များသည် ကုသမှုနောက်ပိုင်းအဆင့်တွင် ကလေး၏ တိုးတက်မှုများကို အချိန်နှင့် အမျှ နှိုင်းယှဥ်ရန် လုပ်ဆောင်ပါသည်။

ပေါင်းစပ်ကင်ဆာဆေးသွင်းခြင်းသည် ALL ကလေးများအတွက် အကောင်းဆုံးကုသမှုနည်းလမ်း ဖြစ်ပါသည်။ ၎င်းကို ပါးစပ်မှတဆင့်၊ သွေးပြန်ကြောမှ ထိုးသွင်းခြင်းဖြင့်၊ (သို့ ) ဦးနှောက်နှင့် အာရုံကြောအရည်ထဲသို့ ထိုးသွင်းခြင်းဖြင့် ပေးပါသည်။ ကင်ဆာဆေးသွင်းခြင်းကို လိုအပ်လျှင် ဓာတ်ရောင်ခြည်ပြကုထုံးနှင့် အတူတကွ အသုံးပြုပါသည်။

ခေတ်မီဆေးပညာဆိုင်ရာ အထောက်အပံ့များနှင့် ကုသပြီးသော ALL ကလေးများသည် ကုသပြီးနောက် (၈၀-၉၀)ရာခိုင်နှုန်းသည် ပျောက်ကင်းနိုင်သော အခွင့်အရေး ရရှိပါသည်။ ချက်ချင်းဆေးပညာဆိုင်ရာ ထောက်ပံ့နိုင်ခြင်းနှင့် ပြင်းသောကုထုံးများသည် အကောင်းဆုံးသော တိုးတက်မှုကို ရရှိစေရန် အရေးကြီးပါသည်။

ရိုးတွင်းချဉ်ဆီ ( သို့) ပင်မဆဲလ် အစားထိုးကုသခြင်း ( Bone Marrow (or Stem Cell) Transplantation ) သည် လိုအပ်ပါသလား ?

အစားထိုးကုသခြင်းသည် ယေဘုယျအားဖြင့် မလိုအပ်ပေ။ ရိုးတွင်းချဉ်ဆီ အစားထိုးကုသခြင်းသည် ကင်ဆာဆေးသွင်းခြင်းကို မတုံ့ပြန်သော အချို့သော မော်လီကျူး ပြောင်းလဲခြင်းများ နှင့် ကုသနေစဥ် ( သို့ ) ကုသပြီးနောက် ရောဂါပြန်လည်ဖြစ်ခြင်းတို့ကို ဖြစ်စေသော လူကီးမီးယားဆဲလ်များအတွက် လိုအပ်ပါသည်။

ALL ကလေးများသည် မတူညီသော ကုသမှုကို အဘယ်ကြောင့် ရရှိနိုင်သလဲ ?

ALL ကုသမှုနည်းလမ်းကို လူကီးမီးယားဆဲလ်အမျိုးအစား၊ မော်လီကျူးလားပြောင်းလဲမှုများ နှင့် ကင်ဆာဆေးသွင်းခြင်းကို ကနဦးတုံ့ပြန်မှုတို့ဖြင့် ဆုံးဖြတ်ကြပါသည်။

လူကီးမီးယားဆဲလများကို B- ဆဲလ် ( သို့ ) T- ဆဲလ်ရောဂါဟု ခွဲခြားထားပါသည်။ သူတို့သည် ခရိုမိုဇုန်း ( သို့ ) မော်လီကျူး ပြောင်းလဲချက်များ ရှိမရှိ ကိုလည်း လေ့လာကြပါသည်။ သွေးထဲ နှင့် ရိုးတွင်းချဉ်ဆီထဲတွင် လူကီးမီးယားဆဲလ်များ လျော့နည်းခြင်းကို ကုသနေစဥ် အနီးကပ်လေ့လာကြပါသည်။ ၎င်းတို့သည် ALL ကလေးတွင် ရောဂါတိုးတက်မှုကို ဆုံးဖြတ်ရန် အရေးကြီးပါသည်။

ကုသမှု၏ ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ ?

ALL ကုသမှု၏ ဘေးထွက်ဆိုးကျိုးအများစုသည် ကင်ဆာဆေးသွင်းခြင်းမှ ဖြစ်ကြပါသည်။ ကင်ဆာဆေးသွင်းခြင်းသည် လျှင်မြန်စွာ မျိုးပွားနေသော လူကီးမီးယားဆဲလ်များကို သတ်ပါသည်။ ၎င်းသည် ဆံပင်၊ အူများ ၊ ပါးစပ်နှင့် ခြင်ဆီမှ ဆဲလ်များလည်း အပါအဝင် မြန်မြန်ကြီးထွားနေသော ပုံမှန်ဆဲလ်များကိုလည်း သက်‌ရောက်မှုရှိပါသည်။

ပျို့ခြင်း၊ အန်ခြင်း၊ ပါးစပ်အနာဖြစ်ခြင်း နှင့် ဆံပင်ကျွတ်ခြင်းတို့သည် အဖြစ်များသော်လည်း ရေတိုဖြစ်ပါသည်။ ပျို့ခြင်း၊ အန်ခြင်း၊ နှင့် ပါးစပ်အနာဖြစ်ခြင်းတို့ကြောင့် မသက်မသာဖြစ်ခြင်းကို လျှော့ချနိုင်ရန် ပြုလုပ်ပေးကြပါသည်။ သွေးဆဲလ်များနည်းလာခြင်းသည် သွေးအားနည်းခြင်းနှင့် သွေးမွှားဥလျော့နည်းခြင်း တို့သည် အများဆုံး ဖြစ်လေ့ရှိပါသည်။ သွေးသွင်းခြင်းသည် သွေးအားနည်းခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ နှင့် သွေးမွှားဥနည်းခြင်းကြောင့် သွေးယိုခြင်းကို ထိန်းချုပ်ရန် ( သို့ ) ကာကွယ်ရန် များသောအားဖြင့် လိုအပ်ပါသည်။ သွေးဖြူဥနည်းခြင်းကြောင့် ရောဂါပိုးဝင်ခြင်းကို သတိထားဖို့ရန် အကြံပြုပါသည်။

ကင်ဆာဆေးသွင်းခြင်းတွင် နှလုံး၊ ဟော်မုန်းလုပ်ငန်းဆောင်တာများ နှင့် နောက်ပိုင်းတွင် မျိုးပွားခြင်း တို့တွင် အဆိပ်အတောက် ဖြစ်စေခြင်းတို့ကဲ့သို့သော ရေရှည်ဘေးထွက်ဆိုးကျိုးများ ရှိပါသည်။ အထူးသဖြင့် ဓာတ်ရောင်ခြည်ပြကုသမှု အသုံးပြုထားသောအခါ နောက်ပိုင်းတွင် ဒုတိယအကြိမ်ကင်ဆာဖြစ်နိုင်ချေ အနည်းငယ်ရှိပါသည်။

အခြားမိသားစုဝင်များတွင် ဖြစ်နိုင်ချေ ရှိပါသလား?

ALL သည် မျိုးရိုးလိုက်ခြင်းဖြင့် အစပြုသော ရောဂါလုံးဝမဟုတ်ပါ။ ALL သည် မိသားစုတွင် တစ်ယောက်ထက် ပိုဖြစ်ခြင်းသည် အလွန်အမင်း ရှားပါသည်။ ALL သည် ကူးစက်တတ်သော ရောဂါမဟုတ်ပါ။ တစ်ယောက်မှ တစ်ယောက် သို့ အနေနီးရုံမျှဖြင့် ( သို့ ) အစားအသောက် မျှစားရုံမျှဖြင့် မကူးစက်နိုင်ပေ။ ထို့ကြောင့် မိဘများသည် ရောဂါသည် မောင်နှမတွင် ဆက်တိုက်ဖြစ်လိမ့်မည်ဟု ကြောက်ရွံ့စိတ် ဖြစ်မနေသင့်ပေ။

မိဘသည် ALL ကလေးကို ဘာတွေကူညီပေးနိုင်ပါသလဲ ?

မိဘများသည် ALL ကဲ့သို့သော ပြင်းထန်သော နေမကောင်းဖြစ်နေသော ကလေးကို အကြီးမားဆုံးနှင့် အရေးကြီးဆုံး ထောက်ပံ့မှုပေးရပါမည်။ ဆေးပညာနှင့် ပြုစုစောင့်ရှောက်သော အဖွဲ့သည် နေမကောင်းသော သဘာဝ၊ ကုသမှုနည်းလမ်းနှင့် ၎င်းဘေးထွက်ဆိုးကျိုးများ နှင့် ကုသမှုပြီးနောက် ကလေးကို ပြုစုစောင့်ရှောက်မှု အကြောင်းများကို မိဘများနှင့် ဆွေးနွေးတိုင်ပင်ရန် အမြဲအဆင်သင့်ရှိနေပါသည်။ ကျွန်ုပ်တို့သည် ကင်ဆာဖြစ်နေသော ကလေးအားလုံးကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာနိုင်လာအောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ ဂရုစိုက်သော မိဘများသည် အောင်မြင်သောကုသမှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

canhope organisation logo

CanHOPE က စင်ကာပူနိုင်ငံ Parkway Cancer Centre မှ စီစဉ်ဆောင်ရွက်ပေးတဲ့ အကျိုးအမြတ်မယူဘဲ ကင်ဆာဆွေးနွေးတိုင်ပင်ပေးခြင်းနဲ့ အကူအညီများကို ဆောင်ရွက်ပေးနေပါတယ်။ CanHOPE မှာ ကင်ဆာကုသမှုများနဲ့ ကင်ဆာရောဂါများစွာအကြောင်းနဲ့ ပက်သက်သော ပြည့်စုံတဲ့သတင်းအချက်အလက်များရှိတဲ့ အတွေ့အကြုံ ဗဟုသုတပြည့်တဲ့ စောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။

CanHOPE အနေနဲ့

  • ကင်ဆာရောဂါကာကွယ်ခြင်း၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေများ၊ ကြိုတင်စစ်ဆေးနိုင်တဲ့စစ်ဆေးမှုများ၊ ရောဂါရှာဖွေခြင်း၊ လက်ရှိကုသမှုများနဲ့ လေ့လာမှုများ ပါဝင်တဲ့ ခေတ်ပေါ် ကင်ဆာသတင်းအချက်အလက်များ ပေးနိုင်ပါတယ်။
  • ကင်ဆာရောဂါဆိုင်ရာ ဝန်ဆောင်မှုများအဖြစ် ရောဂါကြိုတင်စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသမှုစင်တာများနဲ့ သက်ဆိုင်တဲ့အထူးကုဆရာဝန်များဆီကို လမ်းညွှန်ပေးပါတယ်။
  • ကင်ဆာနှင့် ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးခြင်း၊ ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖို့ အကြံဉာဏ်များပေးခြင်း၊ ကင်ဆာရောဂါကို ရင်ဆိုင်ဖို့၊ အစားအသောက်နဲ့ အာဟာရဆိုင်ရာများကို ဆွေးနွေးတိုင်ပင်ပေးပါတယ်။
  • ကင်ဆာရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများကို စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ကျန်းမာရေး လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးပါတယ်။
  • ကင်ဆာရောဂါလူနာများနှင့် ပြုစုစောင့်ရှောက်သူများ ကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး သတိထားနိုင်ဖို့ အစုအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အသိပညာများဖြန့်ဝေခြင်း၊ အထောက်အပံ့အကူအညီများ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးပါတယ်။
  • ပြန်လည်ကျန်းမာသန်စွမ်းဖို့ အကူအညီများအတွက် လိုအပ်တဲ့အချက်အလက်များ ဆောင်ရွက်ပေးပါတယ်။
  • ကင်ဆာရောဂါရင့်သူများ ဘဝနေပျော်ရေးအတွက် စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါတယ်။

CanHOPE အဖွဲ့အနေနှင့် လူနာတိုင်းကို မျှော်လင့်ချက်အနည်းငယ်ပဲ ဖြစ်ဖြစ်ရရှိဖို့အတွက် မျှဝေမှုများ လုပ်ဆောင်ရင်း လူနာအတွက် အထောက်အပံ့နဲ့ ဂရုစိုက်မှုများရရှိစေဖို့ လူနာတွေနဲ့အတူ ကင်ဆာကုသမှုခရီးစဉ်တလျှောက်မှာ အတူရှိနေပါတယ်။