Tan Hui Ping


ဆေးဘက်ဆိုင်ရာ
အီးမေးလ် | huiping.tan@pcc.sg |
ရရှိထားသောဘွဲ့များ | BA (Singapore), MSocSc (Counselling, Australia) |
ကိုယ်ရေးအကျဉ်း
Tan Hui Ping သည် Parkway Cancer Centre တွင် အဓိကတိုင်ပင်ဆွေးနွေးပေးသူ ဖြစ်ပါသည်။ သူမသည် ကင်ဆာလူနာများအတွက် သူတို့၏ ရောဂါသိရှိသတ်မှတ်ခြင်း၊ ကုသမှုနည်းလမ်း လုပ်ငန်းစဥ်နှင့် ဂရုစိုက်မှု အစီအစဥ်များကို သူတို့ လိုက်ပါလုပ်ဆောင်နိုင်စေရန် စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ နှင့် စိတ်ခံစားချက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းများကို ပေးစွမ်းပါသည်။ သူမသည် လူပုဂ္ဂိုလ်ကို ဦးတည်သော ကုသမှုနည်းလမ်း၊ သိမှု-အပြုအမူဆိုင်ရာ ကုသမှုနည်းလမ်း၊ ရွေးချယ်စရာ သီအိုရီ/ လက်တွေ့ကျသော ကုသမှုနှင့် ပြဿနာအဖြေရှာခြင်းကို အဓိကထားသော အကျဥ်းချုပ်ကုသမှုကဲ့သို့သော သက်သေပြုမှုကို အခြေခံသော ဆောင်ရွက်ချက်များ နှင့် သူမအလုပ်တွင် လူနာများနှင့်အတူ ၎င်းနည်းလမ်းများကို ခိုင်မာစေရန် လုပ်ဆောင်နေပါသည်။
Hui Ping သည် စကာႅပူ အမျိုးသားတက္ကသိုလ်မှ အနုပညာနှင့် လူမှုသိပ္ပံဆိုင်ရာ ဘွဲ့ကို ရရှိခဲ့ပြီး သြစတြေးလျ၊ Edith Cowan တက္ကသိုလ်မှ လူမှုသိပ္ပံ( နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်း) တွင် မာစတာဘွဲ့ကို ထပ်မံရရှိခဲ့ပါသည်။ သူမသည် ဆေးဘက်ဆိုင်ရာ ညွှန်ကြားမှုတွင် သူမ၏ ဘွဲ့လွန်ဒီပလိုမာပြီးမြောက်ပြီးနောက် ဆေးဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးအဖြစ် လက်တွေ့လေ့ကျင့်ရေး လုပ်ခဲ့ပါသည်။ Hui Ping သည် လက်ရှိတွင် ပျောက်ဆုံးခြင်း၊ ပူဆွေးဝမ်းနည်းခြင်းနှင့် ဆုံးရှုံးခြင်း နယ်ပယ်တွင် သူမ၏အရည်အချင်းများကို ထပ်မံတိုးတက်စေရန် ပူဆွေးဝမ်းနည်းမှုကို နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်းနှင့် ကုသနည်းတွင် အသိအမှတ်ပြုလက်မှတ်ရရှိထားပါသည်။
Hui Ping သည် (၂၀၀၅)ခုနှစ်တွင် နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်းကို စတင်ခဲ့ပြီး မှန်ကန်သော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် အသိပညာဆိုင်ရာ အစီအစဥ်များတွင် မျိုးကွဲလူစုများနှင့်အတူ လုပ်ကိုင်ခဲ့ပါသည်။
သူမသည် နှစ်သိမ့်တိုင်ပင်ဆွေးနွေးခြင်းအတွက် စကာႅပူအသင်းအဖွဲ့နှင့်အတူ တွဲဖက်အသင်းဝင်ဖြစ်ပါသည်။ သူသည် ဖြစ်ပျက်နေသော စိတ်ဖိစီးမှုများကို ဝေဖန်ပိုင်းခြားစီမံနိုင်ခြင်းနှင့် အမျိုးသားလူထုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်မှုအသင်းအဖွဲ့တွင် အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပြီးဖြစ်ပါသည်။ သူမသည် သဘာဝဘေးအန္တရာယ်များကျရောက်ချိန် နှင့် ငြိမ်းချမ်းချိန်အတွင်း ထိခိုက်မိသော လူသားများကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီနှင့် စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့များကို ပေးစွမ်းနိုင်ရန် စကာႅပူ ကြက်ခြေနီအသင်းအဖွဲ့နှင့်အတူ ပြည်ပတွင် လေ့ကျင့်တတ်မြောက်ဖြေဆိုထားသူလည်း ဖြစ်ပါသည်။
Hui Ping သည် ကင်ဆာလူနာများ ရင်ဆိုင်နေရသော စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်ဆိုင်ရာ စိန်ခေါ်မှုများကို သက်ဆိုင်သော အသိပညာတိုးမြှင့်နိုင်ရန် နိုင်ငံတွင်းနှင့် ပြည်ပ နှစ်မျိုးလုံးတွင် အသိပညာပေး ဟောပြောပွဲများကို လုပ်ဆောင်နေပါသည်။ သူမသည် ၎င်းတို့နှင့်အတူ ဖြတ်သန်းခဲ့သော အတွေ့အကြုံများနှင့် ဤမကျန်းမာမှုကို တိုက်ထုတ်နေစဥ်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၏ အရေးပါမှုကို အမျိုးမျိုးသော မီဒီယာ များမှတဆင့်လည်း မျှဝေပါသည်။ အဂႅလိပ်နှင့် တရုတ်ဘာသာစကား နှစ်မျိုးလုံးကို ကျွမ်းကျင်မှုဖြင့် Hui Ping သည် ကင်ဆာရောဂါခံစားနေရသူများ လိုအပ်ချက်များကို ရှာဖွေရန်နှင့် ဘဝနေထိုင်နည်း မြှင့်တင်နိုင်ရန် နည်းလမ်းများကို ကျန်းမာရေး မဂ္ဂဇင်းများနှင့် အခြားသော ဖြန့်ဝေမှုများအတွက် ရေးသားပါသည်။